၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၅ရက်
တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် ကျင်းပပြုလုပ်မည့် ဒသမအကြိမ် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲကို QR code မှ တဆင့် ဝင်ရောက် လေ့လာနိုင်ခြင်း
-----------------------------------------------------------------
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ဒသမအကြိမ် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ ကို တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)မြို့တွင် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ (၂၆) ရက်နေ့နှင့် (၂၇) ရက်နေ့တို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲတွင် စာတမ်းစုစုပေါင်း(၂၁)စောင်နှင့် ပိုစတာ(၅) စောင်တို့ကို တင်သွင်း ဖတ်ကြားမည်ဖြစ်ပါသည်။
အဆိုပါ စာတမ်းဖတ်ပွဲနှင့် ပတ်သက်သော အကြောင်းအရာများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ Paperless website Link ဖြစ်သော https://event-mohs.gov.mm/?p=2957တွင် ထည့်သွင်းဖော်ပြထားမည် ဖြစ်ပါသဖြင့် စာတမ်းဖတ်ပွဲသို့ မတက်ရောက်နိုင်သည့် ပုဂ္ဂိုလ်များအနေဖြင့် အောက်ပါ QR code မှ တဆင့် ဝင်ရောက် လေ့လာနိုင်ကြောင်း သတင်းပေးဖော်ပြအပ်ပါသည်။
MoHS Paperless Workshop System Link:
https://event-mohs.gov.mm/?p=2957