တိုင်းရင်းဆေးတက္ကသိုလ်၊မန္တလေး သို့ ညွန်ကြားရေးမှူးချုပ်လာရောက်ကြည့်ရှုစစ်ဆေးခြင်း
၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ၊ ၇ရက်နေ့။ မန္တလေးမြို့။
အဆိုပါ အစည်းအဝေးကို တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး ၊ ခန်းမ (၂၀၂) တွင် နံနက် (၁၀:၀၀)၌ ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းရင်းဆေးတက္ကသိုလ်မှ ခေတ္တပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ ဒုတိယညွန်ကြား ရေးမှူးချုပ်ဒေါက်တာတင်တင်မိုး၊ ဒုတိယပါမောက္ခချုပ်များ၊ Honorable Professors များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ၊ဆရာမများတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းဆေးတက္ကသိုလ်ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းများ၏ အခြေအနေများ ၊ ပုံမှန်သင်တန်းနှင့် ဘွဲ့လွန်သင်တန်းတို့၏ သင်ကြားရေးဆိုင်ရာ အစီအစဉ်များအား တာဝန်ရှိသူများမှ တင်ပြခဲ့ကြရာ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန ပူးတွဲညွန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်မှ လမ်းညွန်မူပြုခဲ့ပါသည်။အဆိုပါအစည်းအဝေးကို ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွန်ကြားရေးမှူး ဒေါက်တာချောစုမောင်၊ မန္တလေးတိုင်းရင်းဆေးပညာဦးစီးမှူးဦးစန်းလွင်တို့တတ်ရောက်ဆွေးနွေးခဲ့ကြပါသည်။


