''တိုင်းရင်းဆေးတက္ကသိုလ် မန္တလေး (၅/၂၀၂၂) ပညာသင်နှစ် မောင်/မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကျင်းပခြင်း''

Print

တိုင်းရင်းဆေးတက္ကသိုလ် မန္တလေး (၅/၂၀၂၂) ပညာသင်နှစ် မောင်/မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကျင်းပခြင်း

၂၀၂၂ခုနှစ်၊ မေလ (၃၀)ရက် နံနက် (၉း၀၀)နာရီအချိန်၌ အခန်း(၂၀၂)တွင်  မန္တလေးမြို့ တိုင်းရင်းဆေးတက္ကသိုလ် (၅/၂၀၂၂) ပညာသင်နှစ် မောင်/မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

          အခမ်းအနားတွင် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်း က ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့်အတူ ဘာသာရပ်ဆိုင်ရာ Dean များအား မိတ်ဆက် ပေးခြင်း၊ ကျောင်းသား/သူများ လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်ပြီး ဆေးပညာပါမောက္ခ ဌေးလွင် က တိုင်းရင်းဆေးပညာဘာသာရပ် ဆိုင်ရာ ပါမောက္ခဌာနမှူးများ၊ ဒုတိယပါမောက္ခများကို မိတ်ဆက်ပေးပြီး မောင်/မယ်များ ကို ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ အနောက်တိုင်းဆေးပညာဌာန များကိုယ်စား ဇီဝကမ္မ/ဇီဝဓါတုဗေဒဌာနမှ ကထိက/ဌာနမှူး၊ ဒေါက်တာမြသီတာဖြူက လည်းကောင်း၊ ဝိဇ္ဇာသိပ္ပံဌာနများကိုယ်စား သတ္တဗေဒဌာနမှ ကထိက/ဌာနမှူး၊ ဒေါက်တာသိင်္ဂီနိုင် ကလည်းကောင်း အသီးသီး ကြိုဆိုနှုတ်ခွန်းဆက် စကားများ ပြောကြားခဲ့ပါသည်။

          ဆက်လက်ပြီး ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်းက  ဂုဏ်ထူးဆောင်ပါမောက္ခ ဆရာကြီး/မများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့်အတူ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး နောက် (၅/၂၀၂၂) ပညာသင်နှစ် King & Queen ရွေးချယ်ပွဲ ဆက်လက် ကျင်းပခဲ့ပါသည်။

Freseher_Welcome_2022-05-30_17-40-30-832.jpg viber_image_2022-05-30_17-41-16-577.jpg