''(၄၂)ကြိမ်မြောက် တိုင်းရင်းဆေးမိသားစု ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပခြင်း''

Print

(၄၂)ကြိမ်မြောက် တိုင်းရင်း‌ဆေးမိသားစု ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ် ဩဂုတ်လ(၁၉)ရက်နေ့ နေ့လည်(၂)နာရီ အချိန်တွင် တိုင်းရင်းဆေးတက္ကသိုလ် အခန်း(၂၀၂) တွင် ကျင်းပခဲ့ပါသည်။ 

ယင်းအခမ်းအနားပူဇော်လှူဒါန်းပွဲတွင် တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ တိုင်းရင်းဆေးဝါးထုတ်လုပ်‌ရေးစက်ရုံ၊ စက်ရုံမှူး၊ ဦးသန်းထွန်းအောင်၊ခုတင်(၁၀၀)ဆံ့သင်ကြားရေးတိုင်းရင်းဆေးရုံ၊ ဆေးရုံအုပ်၊ ဒေါ်မိုးသီတာဝင်း၊ တိုင်းဒေသကြီးဒုတိယဦးစီးဌာနမှူး၊ ဒေါ်ချိုသဲလတ်၊ ပါမောက္ခ/ဌာနမှူးများ၊ ဒုတိယပါမောက္ခများ၊ ကထိက/ဌာနမှူးများ၊ ဆရာ/မများ ကျောင်းသား၊ ကျောင်းသူများ၊ တိုင်းရင်းဆေးမိသားစုဝန်ထမ်းများ တက်‌ရောက်ခဲ့ကြပါသည်။ 

သီတဂူဗုဒ္ဓတက္ကသိုလ်မှ ကျောင်းအုပ်ဆရာ‌တော်ကြီးထံမှ ငါးပါးသီလခံယူခဲ့ပြီး ဆရာတော်သံဃာတော်ရှင်သူမြတ်(၁၁)ပါးတို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုငွေအစုစုတို့ကို ရေစက်သွန်းချ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

#HMK

0_WarSo_2022.jpg 1_WarSo_2022_1.jpg 1_WarSo_2022_2.jpg

3_42_WarSo_.jpg