“မန္တလေး တိုင်းရင်းဆေးတက္ကသိုလ် တွင် မျောက်ကျောက် (Monkeypox) ရောဂါ အကြောင်းဆွေးနွေး”

Print

 ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက် နေ့လယ် ၂:၃၀ နာရီက တက္ကသိုလ် အခန်းအမှတ် ၂၀၂ တွင် ပါမောက္ခချုပ် နှင့်  professor emeritus များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ ဆရာမများ၊  မဟာတန်းတက်ရောက်လျက်ရှိသော သင်တန်းသား/သူများ၊ ပေါင်းကူး သင်တန်းသား/သူများ စုပေါင်းလျက် လက်ရှိ ကမ္ဘာတွင် ကူးစက်ပြန့်ပွါး လျက်ရှိသည့် မျောက်ကျောက်(Monkeypox) ရောဂါအကြောင်း ကို တိုင်းရင်းဆေးမဟာသင်တန်းသူတစ်ဦးက သိပ္ပံအမြင်၊ အနောက်တိုင်းဆေးအမြင်၊ တိုင်းရင်းဆေးအမြင်များ၊ ကုထုံးများ၊ ရှောင်ရန် ဆောင်ရန်အချက်များကို ဆွေးနွေးပြီး တက်ရောက်လာသော ဆရာ/မ များက ဝိုင်းဝန်းဆွေးနွေးကာ အခမ်းအနားကို ညနေ ၅:၀၀ တွင် ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ မျောက်ကျောက်ရောဂါကို တိုင်းရင်းဆေးပညာဖြင့် စနစ်တကျ ကုသပေးနိုင်ရေး တိုင်းရင်းဆေးပညာဦးစီးဌာနသို့ ဆက်လက် တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါသည်။

#HMK

0.jpg 1.jpg 2.jpg

3.jpg 4.jpg 5.jpg

6.jpg 7.jpg