“(၄၅)ကြိမ်မြောက်တိုင်းရင်းဆေးမိသားစု၏ မဟာဘုံကထိန်အလှူတော်”

Print

တိုင်းရင်းဆေးမိသားစု၏(၄၅)ကြိမ် မဟာဘုံကထိန်အလှူတော်မင်္ဂလာကို ယနေ့(၃-၁၁-၂၀၂၂)ရက်နေ့ နံက် (၉း၃၀)အချိန်တွင် မန္တလေးတော်ခြေ၊ ဥဿာပရိပတ္တိစာသင်တိုက်တွင် ခင်းကျင်းလှူဒါန်းခဲ့ရာ ဥူးသုန္ဒရဆရာတော်အမှူးရှိသော ရဟန်းသာမဏေ အပါး(၈၈)ပါးအား သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ စုစုပေါင်း တန်ဖိုးငွေကျပ် (၅,၃၉၅,၀၀၀) တိတိကို လှူဒါန်းပူဇော်ခဲ့ပါသည်။ 

ကထိန်သင်္ကန်းဆပ်ကပ်လှူဒါန်းမှုအစုစုကို မန္တလေးမြို့ ပေါင်းလဲတိုက် အနန္တာဂုဏ်ရည်ကျောင်းတိုက် တိုက်အုပ်ဆရာတော်ကြီး ဥူးဇဝနဘိဝံသ ဆရာတော်ကြီးမှ လှူဒါန်းမှုအစုစုအတွက် ရေစက်ချတရားတော်များ ဟောကြားချီးမြှင့်ခဲ့ရာ တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်းနှင့်ဇနီးဒေါ်မျိုးသီတာအေး၊ စက်ရုံမှူး ဦးသန်းထွန်းအောင်၊ ဒု-ဆေးရုံအုပ် ဒေါ်သိန်းထိုက် ၊ မန္တလေးတိုင်းဒေသကြီး ဦးစီးဌာနမှူး ဒေါ်ချိုသဲလတ် နှင့် တိုင်းရင်းဆေးဆရာအသင်းမှ ဆရာဦးသင်းနှင့် တိုင်းရင်းဆေးမိသားစု ဆရာ/မများ ဝန်ထမ်းများအားလုံးက တရားတော်ကို နာယူကာ ရေစက်သွန်းချ လှူဒါန်းခဲ့ပါသည်။

#HMK

1KT.jpg 3KT.jpg 4KT.jpg

5KT.jpg 6KT.jpg 7KT.jpg

8KT.jpg 9KT.jpg KT10TK.jpg

KT11.jpg