တိုင်းရင်းဆေးတက္ကသိုလ်တွင် Master Speciality and Ph.D သင်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

Print

တိုင်းရင်းဆေးတက္ကသိုလ်၊ ၂၀၂၃ ခုနှစ် မတ်လ (၉) ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန် အခန်းအမှတ်(၁၀၆) တွင် Master Speciality and Ph.D သင်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ပါသည်၊၊  ယင်းအစည်းအဝေးကို ပါမောက္ခချုပ်၊ ပါမောက္ခ‌ဒေါက်တာသိန်းဇော်လင်း၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့မှ အဖွဲ့ဝင် Professor Emeritus, ဆရာကြီးများ၊ တိုင်းရင်းဆေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးဝင်းဟန်နှင့် ပါမောက္ခ/ဌာနမှူးများ၊ မော်ကွန်းထိန်းနှင့် ဘွဲ့လွန်ဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။ အစီအစဉ်အရ တက်‌ရောက်လာကြသော ဆရာကြီး/မကြီးများက  Master Speciality and Ph.D သင်တန်းများဖွင့်လှစ်နိုင်ရေး ကိစ္စအရပ်ရပ်များကို ဆွေးနွေးခဲ့ကြပီး အစည်းအ‌‌ဝေးကို ညနေ(၃း၀၀)နာရီတွင် ပြီးစီးပါသည်။

IMG_7926.jpg IMG_7929.jpg IMG_7951.jpg

IMG_7960.jpg IMG_7967.jpg