“မောင်/မယ် သစ်လွင်ကြိုဆိုပွဲ နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပ’’

Print

၂၀၂၃-၂၄ ပညာသင်နှစ် ပထမနှစ် မောင်/မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို (၉-၁-၂၀၂၄)ရက်နေ့  နံနက် (၉း၃၀)အချိန်တွင် အခန်း အမှတ်(၂၀၂)တွင် ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ် ၊ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဦးဝင်းဟန်၊ မော်ကွန်းထိန်း ဦးမြင့်အေး၊  ပါမောက္ခ/ဌာနမှူးများ၊ ကထိက/ဌာနမှူးများ၊ တိုင်းရင်းဆေးကောင်စီဝင် ဆရာကြီး ဦးဝထွန်း ၊ စက်ရုံမှူး၊ တိုင်းဦးစီးဌာနမှူး နှင့်ဆရာ/မများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သစ်လွင်မောင်မယ်များ၊ အတန်းအသီးသီးမှကျောင်းသား/သူများ တက်ရောက်ခဲ့ပါသည်။ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်း က သစ်လွင်မောင်/မယ်များအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီးနောက် မော်ကွန်းထိန်း ဦးမြင့်အေး က ကျောင်းသား/သူများ လိုက်နာရမည့်စည်းကမ်းများအား ဖတ်ကြားပြီး ဌာနအသီးသီးမှ ဌာနမှူးများနှင့်မိတ်ဆက်ပေးခဲ့ပါသည်။  အစီအစဉ်အရ ဆက်လက်ပီး အတန်းအသီးသီးမှ ဆုရကျောင်းသား (၁၅)ဦးနှင့် ဂုဏ်ထူးဆုရှင်များ/ အထူးအောင် ဆုရှင်များနှင့်စာပေထူးချွန်ဆုရ ကျောင်းသား / သူ (၆၉)ဦးအား ဆုများချီးမြှင့်ပေးခဲ့ပါသည်။ 

01.jpg 02.jpg 03.jpg

04.jpg 05.jpg 06.jpg

07.jpg 08.jpg 090.jpg

091.jpg