၂၀၂၆ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် တိုင်းရင်းဆေးဝါးစက်ရုံ၊ ဧကရာဇ်ခန်းမ တွင် တိုင်းရင်းဆေးတက္ကသိုလ်၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှူးရုံး (မန္တလေးတိုင်းဒေသကြီး)၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း (မန္တလေးတိုင်းဒေသကြီး)၊ ခုတင်(၁၀၀)ဆံ့ သင်ကြားရေးတိုင်းရင်းဆေးရုံ၊ တိုင်းရင်းဆေးဝါးစက်ရုံ၊ ခရိုင်တိုင်းရင်းဆေးကုဌာန၊ မြို့နယ်ဆေးကုဌာနများနှင့် တိုင်းရင်းဆေးဝါးလုပ်ငန်းရှင်များစုပေါင်းပြီး “(၄၉)ကြိမ်မြောက် တိုင်းရင်းဆေးမိသားစုကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ” ကို ကျင်းပရာ ကထိန်သင်္ကန်းလျာနှင့်ဝတ္ထုငွေ၊ လှူဖွယ်ပစ္စည်းကျင်းခင်းခဲ့ကြပြီးနောက် မန်းရတနာကျောင်း၊ အဘယာရာမမိုးထိတိုက် ဆရာတော်သံဃာတော်များအား ကထိန်သင်္ကန်းလျာနှင့်အတူဝတ္ထုငွေ၊ လှူဖွယ်ပစ္စည်း သိန်း(၁၆၀)ကျော်တို့အား ဆက်ကပ်လှူဒါန်းပြီးနောက် အနုမောဒနာတရားနာကြားပြီးရေစက်သွန်းချလှူဒါန်းနိုင်ခဲ့ပါသည်။