Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

တိုင်းရင်းဆေးတက္ကသိုလ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

၂၀၁၉ ခုနှစ်၊ အောက်တိုဘာ (၃၁)ရက်၊ ကြာသပတေးနေ့။

တိုင်းရင်းဆေးတက္ကသိုလ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
=====================================

မန္တလေးမြို့၊ ​အောင်​မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်ရှိ
တိုင်းရင်းဆေးတက္ကသိုလ်တွင် ယနေ့ (၃၁-၁၀-၂၀၁၉)ရက်၊ ညနေ ၄:၃၀ နာရီတွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပါမောက္ခချုပ် ရုံးခန်း၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ် (စီမံ) ဦးထွန်းမြင့်နှင့် တိုင်းရင်းဆေးတက္ကသိုလ်၏ လုပ်ငန်းညှိနှိုင်း အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ဤအခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသိန်းဇော်လင်းက ဆောင်ရွက်ပြီး လုပ်ငန်းများ၊ နောက်ထပ်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ သက်ဆိုင်ရာ ဌာနများမှ တင်ပြ လျှောက်ထားသည့် ရုံးသုံး ပစ္စည်းများ၊ အဆောက်အဦးသစ် ဆောက်လုပ်မည့် မြေနေရာကိစ္စများ၊ ဒီဇိုင်း ကိစ္စ များ စသည်ဖြင့် တင်ပြပြီး တက်ရောက်လာကြသူများက ဆွေးနွေးမေးမြန်းကြကာ အခမ်းအနားကို ညနေ ၆:၃၇ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

 

Visitors

Today 37

Yesterday 61

Week 408

Month 1218

All 144702

Currently are 15 guests and no members online

2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.