Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

"(၄၇)ကြိမ်မြောက် တိုင်းရင်းဆေးမိသားစု ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ"

၂၀၂၆ခုနှစ်၊ ဇူလိုင် လ (၂၈)ရက်နေ့ မွန်းလွဲ (၂)နာရီ အချိန်တွင် ဧကရာဇ်ခန်းမတွင် “(၄၇)ကြိမ်မြောက် တိုင်းရင်းဆေးမိသားစု ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား” ကို ကျင်းပပြုလုပ်ခဲ့သည်။ 

ယင်းအခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ်၊ ပါမောက္ခချုပ်၊ ပါမောက္ခ ဒေါက်တာသိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ်(သင်ကြား) ပါမောက္ခဌေးလွင်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒေါက်တာမြင့်မြင့်သန်း၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း (မန္တလေးတိုင်း ဒေသကြီး) ဥက္ကဋ္ဌ ဦးတင်ဝင်းနိုင်၊ တိုင်းရင်းဆေးပညာဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ဦးစီးဌာနမှူး၊  ခုတင်(၁၀၀)ဆံ့ သင်ကြားရေးတိုင်းရင်းဆေးရုံ၊ ဆေးရုံအုပ် ဒေါ်မီမီ၊ တိုင်းရင်းဆေးဝါးစက်ရုံ၊ စက်ရုံမှူး ဦးသန်းထွန်းအောင် နှင့် တိုင်းရင်းဆေးမိသားစု ဝန်ထမ်းများ၊ ကျောင်းသား/သူ များ စုပေါင်းကာ  မန္တလေးတိုင်ဒေသကြီး အောင်မြေသာစံမြို့နယ်၊ မှန်ကင်းပဇ္ဇျာတာရုံကျောင်းတိုက် အရှင်သူမြတ် အမှူးပြုသော သံဿာတော်အရှင်သူမြတ် (၁၀)ပါးတို့အား  ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းကြပီး  ဆရာတော် အဂ္ဂမဟာပတ္တိတ ဘဒ္ဒန္တ ဣဒ္ဓိဏဘိဝံသ အရှင်သူမြတ်က ရေစက်သွန်းချအနုမောဒနာတရားချီးမြှင့်ခဲ့ပါသည်။

 

 

Visitors

Today 13

Yesterday 73

Week 86

Month 614

All 146079

Currently are 7 guests and no members online

2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.