Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

(၁၅) ကြိမ်မြောက် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ(ဒုတိယနေ့)ကို (၁၉-၈-၂၀၂၆) ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ခန်းမ၌ ဆက်လက်ကျင်းပရာ စာတမ်း (၈)စောင်အား စာတမ်းရှင်များက စာတမ်းများကို တင်သွင်းဖတ်ကြားကြပြီး တက်ရောက်လာသူများမှ ဝိုင်းဝန်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် စာတမ်းဖတ်ပွဲပိတ်ပွဲနှင့် ဆုချီးမြှင့်သည့် အခမ်းအနားကို ကျင်းပရာတိုင်းရင်းဆေး ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမင်း က အခုလို စာတမ်းနှင့် ပိုစတာများ တင်သွင်းဖတ်ကြားပေး ကြတဲ့ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်၊ ဝန်ကြီးဌာနများဖြစ်သော ကာကွယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီး ဌာနတို့မှ သုတေသီများကို အထူးပင် ကျေးဇူးတင်ရှိကြောင်းနှင့် နောက်နှစ်တွေမှာလည်း စာတမ်း များ၊ ပိုစတာများကို တင်သွင်းဖတ်ကြားပေးဖို့ အလေးထားဖိတ်ခေါ်ကြောင်း၊ စာတမ်းများ ဖတ်ကြားရာတွင် သဘာပတိအဖြစ် ဆောင်ရွက်ပေးကြသော ဆရာကြီး၊ ဆရာမကြီးများနှင့်  အားတက်သရော ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြသူများကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်း၊ တစ်နှစ်ထက်တစ်နှစ် အရည်အသွေးပြည့်ဝပြီး ပိုမိုကောင်းမွန်သည့် စာတမ်းများ၊ ပိုစတာများကို ဆောင်ရွက်နိုင်ကြလိမ့်မယ်လို့ ယုံကြည်ကြောင်း၊ စာတမ်းဖတ်ပွဲအောင်မြင်စွာကျင်းပနိုင်ရန်အတွက် အဖက်ဖက်မှ ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့ကြတဲ့ ကျေးဇူးတင်ထိုက်သူများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်းနှင့် နောင်နှစ်တွေမှာလည်း အခုလို စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ ဝိုင်းဝန်းကူညီဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အကောင်းဆုံး စာတမ်းဆု၊ ပိုစတာဆုများ စိစစ် ရွေးချယ်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌက  အခြေခံတိုင်းရင်းဆေးသုတေသနစာတမ်းအကောင်းဆုံးဆု (ပထမ၊ ဒုတိယ၊ တတိယ) ၊  အသုံးချတိုင်းရင်းဆေး သုတေသနစာတမ်း (ပထမဆု၊  နှစ်သိမ့်ဆု (၂)ဆု)၊ ကျန်းမာရေးစနစ်သုတေသနအကောင်းဆုံးဆု (ပထမ၊ ဒုတိယ၊ တတိယ)  နှင့် ပိုစတာ အကောင်းဆုံးဆု (ပထမ၊ ဒုတိယ) ဆုများကို  စိစစ် ဆုရွေးချယ်ခြင်းနှင့် ပတ်သက်၍  ရှင်းလင်းပြောကြားပါသည်။   ဆက်လက်ပီး အစီအစဉ်အားဆက်လက်ကျင်းပရာ ဆုရရှိသောစာတမ်းရှင်များအား  ဆုချီးမြှင့်ငွေနှင့်  ဂုဏ်ပြုမှတ်တမ်းလွှာများကို   ညွှန်ကြားရေးမှူးချုပ် နှင့် ဆုချီးမြှင့်ရေးဆပ်ကော်မတီမှ တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ပီး၊ ဆုရစာတမ်းရှင်/ပိုစတာရှင်များနှင့် မှတ်တမ်းတင်ဓာတ်ပုံ များရိုက်ကူးပြီး (၁၆:၃၀)နာရီအချိန်တွင် အခမ်းအနား အောင်မြင်စွာပြီးမြောက်ပါသည်။

(၁၅) ကြိမ်မြောက်တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို (၁၈-၈-၂၀၂၅) ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် မြို့တော်ခန်းမ၊ မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီ၌ ကျင်းပရာ  အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန််း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊   ဆေးနှင့် ဆေးနှီးနွယ်တက္ကသိုလ်များမှ  ပါမောက္ခချုပ်များ၊ ဂုဏ်ထူးဆောင်ပါမောက္ခများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့၊ မြန်မာနိုင်ငံတိုင်းရင်းဆေး ဆရာအသင်း၊ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေး တက္ကသိုလ်တို့မှတာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ကိုယ်စားလှယ်များ၊ စာတမ်းရှင်သုတေသီများ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။  

            အခမ်းအနားကို တိုင်းရင်းဆေးပညာရှင်များ၏ နဝရတ်ကတိသစ္စာကို သံပြိုင်ရွတ်ဆို၍ ဖွင့် လှစ်ပြီးနောက် သဘာပတိ၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအးထွန်းက အဖွင့်အမှာစကားပြောကြားပြီးနောက်  ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ညွှန်ကြားရေးမှုးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဧည့်သည်တော်များသည် စာတမ်းရှင်များ စာကိုယ်လှယ်ကြီးများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကာ   ပြသထားသော ပိုစတာများကို လှည့်လည်အားပေး ကြည့်ရှုခဲ့ကြပါသည်။   ဖွင့်ပွဲ အခမ်းအနား ပြီးနောက် အစီအစဉ်များ ဆက်လက်ကျင်းပခဲ့ရာ ပထမနေ့ တွင် စာတမ်း (၇)စောင် တို့ဖတ်ကြားခဲ့ပြီး ယင်းစာတမ်းဖတ်ပွဲကို (၁၉-၈-၂၀၂၅)ရက်နေ့ထိ (၂)ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ပီး စုစုပေါင်း စာတမ်း(၁၅)စောင်နှင့် ပိုစတာ (၄) ခုတို့ တင်သွင်းဖတ်ကြားသွားမည် ဖြစ်ကြောင်း သိရပါသည်။

#HMK

 

၂၀၂၆ခုနှစ်၊ ဇူလိုင် လ (၂၈)ရက်နေ့ နံနက် (၉)နာရီ အချိန်တွင် ၂၀၂၆ ပညာသင်နှစ် မိုးရာသီ ကျောင်းသားအားကစားပွဲတော် ဆုပေးပွဲနှင့် ကွင်းပိတ်ပွဲ အခမ်းအနား  ကို ကျင်းပပြုလုပ်ခဲ့သည်။ 

ယင်းအခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ်၊ ပါမောက္ခချုပ်၊ ပါမောက္ခ ဒေါက်တာသိန်းဇော်လင်း၊  ဒုတိယပါမောက္ခချုပ်(သင်ကြား) ပါမောက္ခ ဌေးလွင်၊ ဒုတိယ ပါမောက္ခချုပ်(စီမံ) ဒေါက်တာမြင့်မြင့်သန်း၊ မော်ကွန်းထိန်း၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ဆရာမများ အားကစားမောင်မယ် ကျောင်းသား/သူများ တက်ရောက်ကြပြီး ဆုရကျောင်းသား/သူများအား ဆုအသီးသီးချီးမြှင့်ပေးအပ်ခဲ့ပါသည်။

၂၀၂၆ခုနှစ်၊ ဇူလိုင် လ (၂၈)ရက်နေ့ မွန်းလွဲ (၂)နာရီ အချိန်တွင် ဧကရာဇ်ခန်းမတွင် “(၄၇)ကြိမ်မြောက် တိုင်းရင်းဆေးမိသားစု ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား” ကို ကျင်းပပြုလုပ်ခဲ့သည်။ 

ယင်းအခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ်၊ ပါမောက္ခချုပ်၊ ပါမောက္ခ ဒေါက်တာသိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ်(သင်ကြား) ပါမောက္ခဌေးလွင်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒေါက်တာမြင့်မြင့်သန်း၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း (မန္တလေးတိုင်း ဒေသကြီး) ဥက္ကဋ္ဌ ဦးတင်ဝင်းနိုင်၊ တိုင်းရင်းဆေးပညာဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ဦးစီးဌာနမှူး၊  ခုတင်(၁၀၀)ဆံ့ သင်ကြားရေးတိုင်းရင်းဆေးရုံ၊ ဆေးရုံအုပ် ဒေါ်မီမီ၊ တိုင်းရင်းဆေးဝါးစက်ရုံ၊ စက်ရုံမှူး ဦးသန်းထွန်းအောင် နှင့် တိုင်းရင်းဆေးမိသားစု ဝန်ထမ်းများ၊ ကျောင်းသား/သူ များ စုပေါင်းကာ  မန္တလေးတိုင်ဒေသကြီး အောင်မြေသာစံမြို့နယ်၊ မှန်ကင်းပဇ္ဇျာတာရုံကျောင်းတိုက် အရှင်သူမြတ် အမှူးပြုသော သံဿာတော်အရှင်သူမြတ် (၁၀)ပါးတို့အား  ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းကြပီး  ဆရာတော် အဂ္ဂမဟာပတ္တိတ ဘဒ္ဒန္တ ဣဒ္ဓိဏဘိဝံသ အရှင်သူမြတ်က ရေစက်သွန်းချအနုမောဒနာတရားချီးမြှင့်ခဲ့ပါသည်။

 

၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ ၊ နံနက် (၈:၃၀ ) အချိန်တွင် တိုင်းရင်းဆေးတက္ကသိုလ် မန္တလေး (ဧကရာဇ်ခန်းမ)၌ တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ ဒုတိယပါမောက္ခချုပ် (စီမံ)၊ ပါမောက္ခ/ဌာနမှူးများ၊ ခုတင် (၁၀၀)ဆံ့ သင်ကြားရေး တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ်ကြီးများ နှင့်  (၅/၂၀၂၂)ကျောင်းသားကျောင်းသူများ တက်ရောက်ကြပီး "ဘွဲ့ကြို စာတမ်းခေါင်းစဉ် ရွေးချယ်ခြင်း အခမ်းအနား" ကို  ကျင်းပပြုလုပ်ခဲ့ပါသည်..

 

  1. “Workshop on Biostatistics (2026) ကျင်းပခြင်း''
  2. "Basic Educational Science Workshop (2026) ကျင်းပခြင်း"
  3. “(၁၈) ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပခြင်း”
  4. “တိုင်းရင်းဆေးတက္ကသိုလ် မန္တလေး (၁၈)ကြိမ်မြောက်ဘွဲ့နှင်းသဘင် အစမ်းလေ့ကျင့်ခြင်း"
  5. "တိုင်းရင်းဆေးတက္ကသိုလ် ထမနဲထိုးပြိုင်ပွဲ အခမ်းအနား"ကျင်းပခြင်း
  6. "မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား"ကျင်းပခြင်း
  7. ''တရုတ်ဘာသာစကားသင်တန်းဆင်းပွဲ(အခြေခံ)"
  8. " (၄၈)ကြိမ်မြောက် တိုင်းရင်းဆေးမိသားစု မဟာဘုံကထိန် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား"
  9. "ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ) နှင့် FAME Organic Pharming Project သို့ ဆေးဖက်ဝင်ဆေးပင်များ သုတေသနပြုကွင်းဆင်း သွားရောက်လေ့လာခြင်း’’ လေ့လာရေးအစီအစဉ်
  10. "Powerpoint Presentation skill Competition"ကျင်းပြခြင်း
  11. “ကွင်းဆင်းဆေးကုသခြင်းနှင့် ပြည်သူ့ဘဝလေ့လာရေးခရီးစဉ်”
  12. “တရုတ်စကားပြော (အခြေခံ) သင်တန်းဖွင့်လှစ်ခြင်း”
  13. “တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး (၁၅) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကျင်းပခြင်း”
  14. “Interprofessional Education (IPE) Day Activities ကျင်းပခြင်း”
  15. "၂၀၂၅ခုနှစ် ပါမောက္ခချုပ်ဖလား ကျောင်းသားအားကစားပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပခြင်း"
  16. ''၂၀၂၅ခု ပါမောက္ခချုပ်ဖလား ကျောင်းသားအားကစားပြိုင်ပွဲ ကျင်းပခြင်း''
  17. ''တိုင်းရင်းဆေးမိသားစု၏ (၄၆)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား''
  18. Basic Educational Science Workshop (2025) ကျင်းပခြင်း
  19. "တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး၏ (၁၅)ကြိမ်၊ (၁၆)ကြိမ်နှင့် (၁၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ"
  20. "တိုင်းရင်းဆေးတက္ကသိုလ် မန္တလေး၏ (၁၅)ကြိမ်မြောက်၊ (၁၆) ကြိမ်မြောက်နှင့် (၁၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အစမ်းလေ့ကျင့်ခြင်းအခမ်းအနား"

Page 1 of 35

 

Visitors

Today 10

Yesterday 66

Week 301

Month 890

All 149501

Currently are 17 guests and no members online

2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.