Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

ဆိတ်ကွယ်နေသော အသံများ အစီရင်ခံစာနှင့် (၃၇)ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ မြန်မာနိုင်ငံ လူ့အခွင့်အရေးကာလဖြတ်အလိုက် ဆန်းစစ်သုံးသပ်ခြင်းအကြောင်း အွန်လိုင်းမှ တစ်ဆင့် ရှင်းလင်း

ဆိတ်ကွယ်နေသော အသံများ အစီရင်ခံစာနှင့် (၃၇)ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ မြန်မာနိုင်ငံ လူ့အခွင့်အရေးကာလဖြတ်အလိုက် ဆန်းစစ်သုံးသပ်ခြင်းအကြောင်း အွန်လိုင်းမှ တစ်ဆင့် ရှင်းလင်း
=====================================
၂၀၂၀ ခုနှစ် ဩဂုတ် ၂၇

ကံမြန်မာအဖွဲ့အစည်း Civil Authortue Negotiate Organization-Can-Myanmar မှ ဆိတ်ကွယ်နေသော အသံများ အစီရင်ခံစာနှင့် (၃၇)ကြိမ်မြောက်ကမ္ဘာ့ကုလသမဂ္ဂ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကာလဖြတ်အလိုက် ဆန်းစစ်သုံးသပ်ခြင်း (UPR) သို့ ကျား၊ မ၊ အခြား စသည့် ဂျန်ဒါနှင့် ချစ်စိတ်တိမ်းညွှတ်မှု ကွဲပြားသူများ၏ လူ့အခွင့်အရေး အခြေအနေများကို တင်ပြထားရှိမှုများအကြောင်း Online မှတစ်ဆင့် ရှင်းလင်းပွဲကို ဩဂုတ်လ (၂၇)ရက် မွန်းလွဲ ၁ နာရီက မန္တလေး အောင်မြေသာစံမြို့နယ် အိုးဘိုရွှေကျင်ရပ်ကွက်ရှိ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး) အခန်းအမှတ်(၂၀၂) တွင်ကျင်းပပြုလုပ်ရာ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)မှ ပါမောက္ခ/ဌာနမှူး၊ ကထိက/ လက်ထောက်ကထိက ဆရာ/ ဆရာမများ တက်ရောက်ကြသည်။

Online မှ တစ်ဆင့် ရှင်းလင်းပွဲတွင့် C.A.N Myanmar မှ စီမံကိန်းညွှန်ကြားရေးမှူး ဦးကောင်းဇော်ထက်က အရပ်ဘက် မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တက်ရောက်လာသူများအား မိတ်ဆက်ပေးခြင်း၊ VOICES UNHEARO အကြောင်း မိတ်ဆက်ရှင်းလင်းခြင်း၊ ကမ္ဘာ့ကုလသမဂ္ဂ UPR သို့ မြန်မာနိုင်ငံအတွင်းရှိ လိင်ဝိသေသ/လိင်စိတ်ခံယူဖော်ပြမှု လက္ခဏာ ကွဲပြားသူများ၏ လူ့အခွင့်အရေး အခြေအနေများအကြောင်း တင်သွင်းသည့် စင်ပြိုင်အစီရင်ခံစာအ‌ကြောင်း မိတ်ဆက်ရှင်းလင်း တင်ပြပြီး တက်ရောက်လာသူများနှင့် အပြန်အလှန်ဆွေးနွေးမှုများ ပြုကြကြောင်း သိရသည်။

 

Visitors

Today 49

Yesterday 77

Week 431

Month 1698

All 145182

Currently are one guest and no members online

2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.