Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

“Interprofessional Education (IPE) Day Activities ကျင်းပခြင်း”

၂၀၂၅ ခုနှစ် ဩဂုတ်လ၊ (၁)ရက်နေ့၊ နံနက် (၉း၀၀)နာရီတွင် ဧကရာဇ်ခန်းမ၊ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းစက်ရုံဝန်းအတွင်း၌ Interprofessional Education (IPE) Day Activities Collaboration with University of Nursing (Mandalay), University of Dental Medicine (Mandalay ) and University of Traditional Medicine ဖွင့်ပွဲ အခမ်းအနား ကို ကျင်းပပြုလုပ်ခဲ့ပါသည်။  ယင်းအခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာ သိန်းဇော်လင်း ၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒေါက်တာမြင့်မြင့်သန်း၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခဌေးလွင်၊ တိုင်းရင်းဆေး တက္ကသိုလ်မှ ပါမောက္ခ/ဌာနမှူးများ၊ ဆေးတက္ကသိုလ် မန္တလေးမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာလှမိုး၊ ပါမောက္ခ/ဌာနမှူး ဒေါက်တာကျော်မျိုး၊ သွားဆေး တက္ကသိုလ် မန္တလေးမှ ပါမောက္ခ/ဌာနမှူးနှင့် ကြီးကြပ် ဆရာများ၊ သူနာပြုတက္ကသိုလ် မန္တလေးမှ ကြီးကြပ်ဆရာ/မများ၊ တိုင်းရင်းဆေးတက္ကသိုလ် မော်ကွန်းထိန်း ဦးမြင့်အေး၊ နှင့် ကြီးကြပ် ဆရာ/မများ၊ တက္ကသိုလ်(၃)ခုမှကျောင်းသား/သူများ  တက်ရောက်ခဲ့ ကြပါ သည်။  အခမ်းအနားကို ဆက်လက်ကျင်းပရာ တက္ကသိုလ်(၃)ခုမှ ကျောင်းသား/သူများ က မိမိတို့အုပ်စုများ အလိုက် Group Work များ၊ Group Presentation များ အသီးသီးပြုလုပ်ခဲ့ကြပြီး ဆုရ Group များအား ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)နှင့် ဒုတိယပါမောက္ခချုပ် (သင်ကြား)တို့က Appreciation, Outstanding, Popular award, Certificate စသောဆုအသီးသီးများ ချီးမြှင့်ပေးအပ်ခဲ့ကြပါသည်။

#HMK

 

Visitors

Today 11

Yesterday 78

Week 161

Month 1428

All 144912

Currently are 4 guests and no members online

2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.