Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

"ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ) နှင့် FAME Organic Pharming Project သို့ ဆေးဖက်ဝင်ဆေးပင်များ သုတေသနပြုကွင်းဆင်း သွားရောက်လေ့လာခြင်း’’ လေ့လာရေးအစီအစဉ်

(၂၆-၉-၂၀၂၅)ရက်နေ့ နံနက် (၇း၀၀) နာရီ တွင် တိုင်းရင်းဆေးတက္ကသိုလ် မန္တလေး  ၂၀၂၅ ပညာသင်နှစ်  တတိယနှစ် ကျောင်းသား/သူများ၏ သင်ရိုးညွှန်းတမ်းပါ အရ ဆေးဖက်ဝင်ဆေးပင်များ သုတေသနပြုကွင်းဆင်း လေ့လာခြင်းခရီးစဉ်ကို FAME Organic Pharming project  သို့ ဦးစွာပထမ သွားရောက်လေ့လာခဲ့ရာ FAME  မှ တာဝန်ရှိ သူများ က Organic Farm ဆေးဖက်ဝင်အပင်များကို အော်ဂဲနစ် နည်းပညာဖြင့် စိုက်ပျိုးခြင်း နည်းပညာများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားရာ ကျောင်းသား/သူများက သိလိုသည့် မေးမြန်းချက်များ ဖြေကြားပြီး ကျောင်းသား (၁)ဦးက ကျေးဇူးတင်စကား ပြောကြားကာ အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်ခဲ့ပါသည်။ 

ဆက်လက်ပြီး နေ့လည်(၁၂း၀၀)နာရီအချိန်တွင် ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်) ရုံးခွဲသို့ လေ့လာရေး ခရီးစဥ် သွားရောက်လေ့လာရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝင်းပပနိုင် နှင့် ညွှန်ကြားရေးမှူး ဒေါက်တာမိုးကျော်မြင့်နှင့် ဌာနမှူးများနှင့် ဆရာ/မများကကြိုဆိုကြပီး ဦးစီးဌာန ၏ ဖွဲ့စည်းပုံ ၊ ဌာနအသီးသီးဆောင်ရွက်ချက်များ အသေးစိတ်အား ရှင်းလင်းတင်ပြပြီးနောက် ကျောင်းသူကျောင်းသားများကိုယ်စား ကျောင်းသား(၁)ဦးမှ ကျေးဇူးတင်စကားနှင့် အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ခဲ့ကြပါသည်။

အစီအစဉ်အရ ကျောင်းသား/သူများအား အုပ်စု(၄)စုခွဲကာ ဆေးဖက်ဝင်ဆေးပင်များ သုတေသနပြုလုပ်ခြင်းများအတွက် သုတေသန ဓာတ်ခွဲခန်းများ၊ စာကြည့်တိုက်၊ ပရဆေးဥယျာဉ် တို့ အား အသေးစိတ် လိုက်လံရှင်းပြခဲ့ကြပြီး လေ့လာကျောင်းသားကျောင်းသူများမှ သိရှိလိုသည်များ မေးမြန်းလေ့လာခဲ့ကြပါသည်။

 ယင်းလေ့လာရေးခရီးစဉ်တွင် တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ်(သင်ကြား) ပါမောက္ခဌေးလွင်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒေါက်တာမြင့်မြင့်သန်း၊ ဆေးဝါးဗေဒဌာန၊ ပါမောက္ခ/ဌာနမှူး၊ ပါမောက္ခသန္တာခိုင်၊ ဒုတိယညွှန်ကြားရေးမှူး၊ ‌ဒေါက်တာခင်တာရာမြင့်၊ သုတေသနမှူး ‌ဒေါ်မျိုးသီတာအေးနှင့် ကြီးကြပ်ဆရာ/မများ၊ ကျောင်းသား/သူများ (၁၁၀)ဦးတို့ သွားရောက် လေ့လာခဲ့ကြပါသည်။

 

 

Visitors

Today 11

Yesterday 78

Week 161

Month 1428

All 144912

Currently are 10 guests and no members online

2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.