Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

"Basic Educational Science Workshop (2026) ကျင်းပခြင်း"

၂၀၂၆ခုနှစ်၊ မေ ၂၁ ရက်နေ့တွင်  မန္တလေးမြို့ တိုင်းရင်းဆေးတက္ကသိုလ်၌ ရက်(၁၀၀) စီမံချက်ပါ ပထမဦးဆုံးအကြိမ် အကောင်အထည်ဖော်ဆောင်ရွက်သည့် အစီအစဉ်များထဲမှ အခြေခံ ဆေးပညာသင်ကြားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (၂၀၂၆) ကို နံနက် (၈း၃၀) နာရီအချိန်၊ တိုင်းရင်းဆေးတက္ကသိုလ် ဧကရာဇ်ခန်းမ၌ ကျင်းပ ခဲ့ပါသည်။  
အဆိုပါ Basic Educational Science Workshop (2026) အခြေခံ ဆေးပညာသင်ကြားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (၂၀၂၆) ဖွင့်ပွဲအခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ ဆေးနှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ တိုင်းရင်းဆေးတက္ကသိုလ်၊ ပါမောက္ခ/ဌာနမှူးများ၊ ဂုဏ်ထူးဆောင် ပါမောက္ခများ၊ ကထိက/ ဌာနမှူးများ နှင့် ဆရာ/မများတက်ရောက်ခဲ့ကြပါသည်။  
၎င်းအလုပ်ရုံဆွေးနွေးပွဲတွင် သင်တန်းသား/သူများအဖြစ် တိုင်းရင်းဆေး တက္ကသိုလ်၊ ခုတင် (၁၀၀) ဆံ့ သင်ကြားရေးတိုင်းရင်းဆေးရုံကြီး (မန္တလေး၊ နေပြည်တော်၊ ရန်ကုန်) မှ ဆရာ/မများ (၃၀) ဦး တက်ရောက်ပြီး သင်တန်းကို (၂၁-၅-၂၀၂၆ရက်မှ၂၂-၅-၂၀၂၆ရက် နေ့) ထိ ကျင်းပပါသည်။

 

 

Visitors

Today 14

Yesterday 66

Week 305

Month 894

All 149505

Currently are 40 guests and no members online

2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.