Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

မောရိယ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းမှ ဆေးဝါးစက်ရုံအတွင်း လေ့လာရင်း ဝတ်ဆင်နိုင်ရန်အတွက် ဝတ်စုံများ လှူဒါန်း

၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၈)ရက်၊ ဗုဒ္ဓဟူးနေ့။

မောရိယ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းမှ ဆေးဝါးစက်ရုံအတွင်း လေ့လာရင်း ဝတ်ဆင်နိုင်ရန်အတွက် ဝတ်စုံများ လှူဒါန်း
======================================
မန္တလေးမြို့ မောရိယ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းမှ တိုင်းရင်းဆေးတက္ကသိုလ်ရှိ ကျောင်းသူ ကျောင်းသားများအတွက် ဆေးဝါးစက်ရုံအတွင်း လေ့လာရင်း ဝတ်ဆင်နိုင်ရန် အင်္ကျီ၊ ခေါင်းစွပ်၊ နှာခေါင်းစီးနှင့် ဖိနပ်စွပ် ဝတ်စုံများ လှူဒါန်းပွဲကို သြဂုတ်လ (၂၈)ရက်၊ နေ့လည် (၁း၃၀)နာရီတွင် မန္တလေးမြို့ တိုင်းရင်းဆေးတက္ကသိုလ် အခန်းအမှတ်(၁၀၆) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသိန်းဇော်လင်း၊ တိုင်းရင်းဆေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်(စီမံ) ဦးထွန်းမြင့်၊ မောရိယတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းမှ တာဝန်ရှိသူများ၊ တိုင်းရင်းဆေးတက္ကသိုလ် သင်ကြားရေးဌာနများမှ ပါမောက္ခ ဌာနမှူးများ၊ ကထိက ဌာနမှူးများနှင့် ဌာနတာဝန်ခံများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့သည်။

ထို့နောက် လှူဒါန်းရခြင်း အကြောင်းနှင့် ဝတ်စုံအကြောင်းကို မောရိယ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ ဦးမင်းခန့်က ရှင်လင်းခဲ့ကာ တိုင်းရင်းဆေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ်က ဂုဏ်ပြုလက်မှတ် ပြန်လည် ချီးမြှင့်ခဲ့သည်။ ဝတ်စုံ တစ်စုံ၏ တန်ဘိုးမှာ (၁၁၀၀)ကျပ်ရှိပြီး ဝတ်စုံ (၁၅၀) အတွက် စုစုပေါင်း (၁၆၅၀၀၀)ကျပ်ရှိကြောင်း သိရသည်။

 

 

Visitors

Today 16

Yesterday 66

Week 307

Month 896

All 149507

Currently are 29 guests and no members online

2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.