Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

တိုင်းရင်းဆေးတက္ကသိုလ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ဆေးနှင့် ဆေးနှီးနွယ် တက္ကသိုလ်များမှ တာဝန်ရှိသူများ လာရောက်လေ့လာ တွေ့ဆုံပွဲ ကျင်းပ

၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၃၁)ရက်၊ စနေနေ့။

တိုင်းရင်းဆေးတက္ကသိုလ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ဆေးနှင့် ဆေးနှီးနွယ် တက္ကသိုလ်များမှ တာဝန်ရှိသူများ လာရောက်လေ့လာ တွေ့ဆုံပွဲ ကျင်းပ
======================================
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၏ တိုင်းရင်းဆေးတက္ကသိုလ် ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ကူညီပံ့ပိုးပေးနိုင်ပါရန် လမ်းညွှန်မှာကြားချက်အရ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ရှိ ဆေးနှင့် ဆေးနှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တိုင်းရင်းဆေးတက္ကသိုလ်မှ တာဝန်ရှိပုဂ္ဂိုလ်များ တွေ့ဆုံညှိနှိုင်းပွဲ အခမ်းအနားကို သြဂုတ်လ (၃၁)ရက်၊ စနေနေ့ နံနက် (၉း၃၀)နာရီတွင် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် တိုင်းရင်းဆေးတက္ကသိုလ်ရှိ အခန်း(၁၀၆)၌ ကျင်းပခဲ့သည်။

ယင်းအခမ်းအနားသို့ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးဆွေ၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေး၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့၊ တိုင်းရင်းဆေးကောင်စီဝင်များ၊ ရန်ကုန်နှင့် မန္တလေးမြို့များရှိ ဆေးနှင့် ဆေးဘက်နှီးနွယ် ပါမောက္ခချုပ်မျာနှှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းရင်းဆေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ်များ၊ Professor Emeritus များ၊ တိုင်းရင်းဆေးတက္ကသိုလ် သင်ကြားရေးဌာနများမှ ပါမောက္ခ ဌာနမှူးများ၊ ကထိက ဌာနမှူးများနှင့် ဌာနတာဝန်ခံများ တက်ရောက်ခဲ့သည်။

အဆိုပါအခန်းအနားတွင် ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာမိုးဆွေက အဖွင့်အမှာစကားပြောကြားကာ၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေးက ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်များကိုပြောကြား၍ စတင်ဆွေးနွေးခဲ့သည်။၊ တိုင်းရင်းဆေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ်က တိုင်းရင်းဆေးတက္ကသိုလ် အကြောင်း အကျဉ်းချုပ်ကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တိုင်းရင်းဆေးတက္ကသိုလ် အင်္ဂလိပ်စာဌာနမှူး ဦးသန်းဦးက Medical Education Unit အကြောင်း၊ ဆောင်ရွက်ခဲ့သော လုပ်ငန်များနှင့် ဆောင်ရွက်မည့် လုပ်ငန်းများ၊ တိုင်းရင်းဆေးတက္ကသိုလ် စာကြည့်တိုက်မှူး ဒေါ်ခင်နွယ်ဦးက စာကြည့်တိုက်အကြောင်း၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်မည့် လုပ်ငန်းများအကြောင်း ရှင်းလင်းတင်ပြခဲ့ကြသည်။
တက်ရောက်လာကြသည့် ပါမောက္ခချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များက ဆွေးနွေးအကြံပြု တင်ပြခဲ့ကြသည်။

ဆက်လက်၍ တက်ရောက်လာကြသူများက တိုင်းရင်းဆေးတက္ကသိုလ်အတွင်း ကဏ္ဍအလိုက် လှည့်လည်ကြည့်ရှု စစ်ဆေးကြကာ လိုအပ်သည်များအား အကြံပြုတင်ပြဆွေးနွေးခဲ့ကြသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေးက နိဂုံးချုပ်စကား ပြောကြားကာ ညနေ ၅ နာရီခွဲတွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

 

 

 

Visitors

Today 38

Yesterday 61

Week 409

Month 1219

All 144703

Currently are 22 guests and no members online

2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.