Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၈)ရက်၊ ဗုဒ္ဓဟူးနေ့။

မောရိယ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းမှ ဆေးဝါးစက်ရုံအတွင်း လေ့လာရင်း ဝတ်ဆင်နိုင်ရန်အတွက် ဝတ်စုံများ လှူဒါန်း
======================================
မန္တလေးမြို့ မောရိယ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းမှ တိုင်းရင်းဆေးတက္ကသိုလ်ရှိ ကျောင်းသူ ကျောင်းသားများအတွက် ဆေးဝါးစက်ရုံအတွင်း လေ့လာရင်း ဝတ်ဆင်နိုင်ရန် အင်္ကျီ၊ ခေါင်းစွပ်၊ နှာခေါင်းစီးနှင့် ဖိနပ်စွပ် ဝတ်စုံများ လှူဒါန်းပွဲကို သြဂုတ်လ (၂၈)ရက်၊ နေ့လည် (၁း၃၀)နာရီတွင် မန္တလေးမြို့ တိုင်းရင်းဆေးတက္ကသိုလ် အခန်းအမှတ်(၁၀၆) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသိန်းဇော်လင်း၊ တိုင်းရင်းဆေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်(စီမံ) ဦးထွန်းမြင့်၊ မောရိယတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းမှ တာဝန်ရှိသူများ၊ တိုင်းရင်းဆေးတက္ကသိုလ် သင်ကြားရေးဌာနများမှ ပါမောက္ခ ဌာနမှူးများ၊ ကထိက ဌာနမှူးများနှင့် ဌာနတာဝန်ခံများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့သည်။

ထို့နောက် လှူဒါန်းရခြင်း အကြောင်းနှင့် ဝတ်စုံအကြောင်းကို မောရိယ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ ဦးမင်းခန့်က ရှင်လင်းခဲ့ကာ တိုင်းရင်းဆေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ်က ဂုဏ်ပြုလက်မှတ် ပြန်လည် ချီးမြှင့်ခဲ့သည်။ ဝတ်စုံ တစ်စုံ၏ တန်ဘိုးမှာ (၁၁၀၀)ကျပ်ရှိပြီး ဝတ်စုံ (၁၅၀) အတွက် စုစုပေါင်း (၁၆၅၀၀၀)ကျပ်ရှိကြောင်း သိရသည်။

 

၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၈)ရက်၊ ဗုဒ္ဓဟူးနေ့။

တိုင်းရင်းဆေးတက္ကသိုလ်တွင် (၃/၂၀၁၉)ပညာရေးအစည်းအဝေး ကျင်းပ
======================================
တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)၏ (၃/၂၀၁၉)ပညာရေးအဖွဲ့ အစည်းအဝေးကို သြဂုတ်လ (၂၈)ရက်၊ နေ့လည် (၁း၃၀)နာရီတွင် မန္တလေးမြို့ တိုင်းရင်းဆေးတက္ကသိုလ် အခန်းအမှတ်(၁၀၆) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးတွင် တိုင်းရင်းဆေးတက္ကသိုလ်၏ ပညာရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်သော ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသိန်းဇော်လင်း၊ အဖွဲ့ဝင်များဖြစ်ကြသော တိုင်းရင်းဆေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်(စီမံ) ဦးထွန်းမြင့်နှင့် တိုင်းရင်းဆေးတက္ကသိုလ် သင်ကြားရေးဌာနများမှ ပါမောက္ခ ဌာနမှူးများ၊ ကထိက ဌာနမှူးများနှင့် ဌာနတာဝန်ခံများ တက်ရောက်ခဲ့သည်။

ထို့နောက် ပညာရေးအဖွဲ့ ဥက္ကဋ္ဌ ခေတ္တပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသိန်းဇော်လင်းကအဖွင့်အမှာစကား ပြောကြားပြီး ယခုအစည်းအဝေးတွင် ဆုံးဖြတ်ရမည့် အကြောင်းအရာ အကျဉ်းချုပ်ကို တင်ပြကာ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးထွန်းမြင့်က စတင်ဆွေးနွေးခဲ့သည်။ ထို့နောက် ပညာရေးအဖွဲ့ အတွင်းရေးမှူး မော်ကွန်းထိန်းက ယခင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့တွင် ကျင်းပခဲ့သော (၂/၂၀၁၉) ပညာရေးအဖွဲ့ အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ကြသော အစည်းအဝေးမှတ်တမ်းကို အတည်ပြုချက်ရယူကာ ယခုကျင်းပသည့် အစည်းအဝေးအတွက် ဆွေးနွေးရမည့် အကြောင်းအရာများအား တင်ပြခဲ့သည်။

ဆက်လက်ပြီး တက်ရောက်လာကြသည့် ဌာနမှူး၊ ဌာနတာဝန်ခံများမှ ပါမောက္ခချုပ်အဆိုပြုထားသည်များကို ပြန်လည်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် အစည်းအဝေးကို ညနေ (၄း၄၅)နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

 

 

Visitors

Today 14

Yesterday 66

Week 305

Month 894

All 149505

Currently are 28 guests and no members online

2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.