Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

(၁၅-၂-၂၀၂၅) ရက်နေ့ နံနက် (၉:၀၀)နာရီ အခန်းအမှတ်(၂၀၂) တိုင်းရင်းဆေးတက္ကသိုလ် တွင် CTME Programme ကျင်းပပြုလုပ်ခဲ့ပါသည်။  ယင်းအစီအစဉ်တွင် သဘာပတိများအဖြစ် တိုင်းရင်းဆေးတက္ကသိုလ် ဂုဏ်ထူးဆောင်ပါမောက္ခ၊ ပါမောက္ခဝင်းနိုင်၊  ခုတင်(၁၀၀)ဆံ့ သင်ကြားရေးတိုင်းရင်းဆေးရုံ မန္တလေး၊ ဆေးရုံအုပ်ကြီး၊ ဒေါ်မိုးသီတာဝင်း တို့က  ဆောင်ရွက်ပြီး  တိုင်းရင်းဆေးတက္ကသိုလ်၊ ဆေးပညာဌာန၊ ကထိက၊ ဒေါ်သီတာဦး  "နက္ခတ် (၂၇)လုံးနှင့် လူသားတို့၏ ကျန်းမာရေးအခန်းကဏ္ဍ“ ခေါင်းစဉ်ဖြင့်လည်းကောင်း၊  နည်းပြ၊ ဒေါ်မြသီတာစိုး က  “ဂေါက် အဆစ်ရောင်ရောဂါ (Vatarakta) အကြောင်းသိကောင်းစရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့ဆွေးနွေးခဲ့ပါသည်။ 

အခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ်၊ ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဦးတင့်လွင်၊  ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခဌေးလွင်၊ တိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီး ဒုတိယတိုင်းဦးစီးဌာနမှူး၊ ဒေါ်ချိုသဲလတ် (တိုင်းဦးစီးမှူးတာဝန်)၊ ပါမောက္ခ/ဌာနမှူးများ ၊  မြန်မာနိုင်ငံ တိုင်းရင်းဆေး ဆရာအသင်းမန္တလေး ဒုတိယဥက္ကဋ္ဌ ဦးသင်း၊ နှင့် ကထိက/ဌာနမှူးများ၊ တိုင်းရင်းဆေးနှီးနွယ်ဌာနများမှ ဆရာ/မများ၊ ပြင်ပမှ တိုင်းရင်းဆေးပညာစိတ်ပါဝင်စားသူများ ကျောင်းသား/သူများ တက်ရောက်ခဲ့ရာ တက်ရောက်လာသူများမှ သိလိုသည်များကို မေးမြန်းဆွေးနွေးပီး အစီအစဉ်ကို (၁၂)နာရီ တွင် ပြီးမြောက်ပါသည်။  ၎င်းအခမ်းအနားအစီအစဉ်တွင် ဦးသန့်စင်ထွန်း+ဒေါ်ခိုင်စံပယ်၊ မင်းမြန်မာ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမိသားစု  ဖြူးမြို့  က ကူညီပံ့ပိုးထားပါသည်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁၁)ရက်နေ့၊ နေ့လယ် (၂:၀၀)နာရီ တွင် တိုင်းရင်းဆေးတက္ကသိုလ် မန္တလေး ၌ ကျောင်းသား/သူများ ထမနဲထိုးပြိုင်ပွဲ ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ 

၎င်းအခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာသိန်းဇော်လင်း ၊ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးတင့်လွင်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား) ပါမောက္ခဌေးလွင်၊  မော်ကွန်းထိန်း၊ ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ/မများ၊ ကျောင်းသား/သူများ၊ တက်ရောက်ကြခဲ့ပီး အဖွဲ့အလိုက် ပြိုင်ပွဲဝင်အတန်းအသီးသီးက စည်းမျဉ်းစည်းကမ်းများအရ ထမနဲထိုးပြိုင် ခဲ့ကြပါသည်။ ထို့နောက်  ဆုရအဖွဲ့များအား ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ပါသည်။  

 ၁၁/၂၀၂၄ Traditional Medicine, Medical Year I မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးအပ်ပွဲ အခမ်းအနားကို တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေးတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် ဝန်ကြီးများ၊ တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ တိုင်းရင်းဆေးတက္ကသိုလ်၏ ဂုဏ်ထူးဆောင်ပါမောက္ခကြီးများ၊ ဆေးနှင့် ဆေးနှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်ကြီးများ၊ တိုင်းရင်းဆေးပညာ ရပ်ဆိုင်ရာ အကြံပေးအဖွဲ့ (အဖွဲ့ဝင်ဆရာကြီးများ)၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ ဌာနမှူး ဆရာမကြီးများ၊ တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၊ ခုတင် (၁၀၀) ဆံ့ သင်ကြားရေးတိုင်းရင်းဆေးရုံ (ဆေးရုံအုပ်ကြီး)၊ တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး (စက်ရုံမှူး)၊  ဖိတ်ကြားထားသော ဧည့်သည်တော်ကြီးများ၊ ဆရာ/ဆရာမ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ သစ်လွင်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်မိန့်ခွန်းနှင့် ကြိုဆိုနှုတ်ခွန်းစကားပြောကြားပါသည်။ ထိုနောက် စတုတ္ထနှစ် ကျောင်းသူတစ်ဦးက ကြိုဆိုနှုတ်ခွန်းဆက်စကား၊ Traditional Medicine, Medical Year I ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားခြင်း၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်က ကျောင်းသား/သူများအား ဂုဏ်ပြုဆုငွေပေးအပ်ခြင်း၊ ဆုရကျောင်းသား၊ ကျောင်းသူများကို ဆုချီးမြှင့်ကြကာ ကျောင်းသား၊ ကျောင်းသူများက အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြကြောင်း သတင်းရရှိပါသည်။

(၁၁-၉-၂၀၂၄) ရက်နေ့ နံနက် (၉:၀၀)နာရီ အခန်းအမှတ်(၂၀၂) တိုင်းရင်းဆေးတက္ကသိုလ် တွင် CTME Programme ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းအစီအစဉ်တွင် သဘာပတိများအဖြစ် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့၊ အဖွဲ့ဝင်၊ ဦးမြင့်လွင်၊ ဂုဏ်ထူးဆောင်ပါမောက္ခ ပါမောက္ခမောင်မောင်သက်တို့က ဆောင်ရွက်ပြီး  တိုင်းရင်းဆေးတက္ကသိုလ်၊ အကြောအရိုးအဆစ်ပညာဌာန၊ ကထိက၊ ဒေါ်နိုင်းကီးမြူးမံ က “ Parkinson’s Diseases and Traditional Medicine Treatments in Ayurvedic Medicine ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊  နည်းပြ၊ ဒေါ်တိုးတိုးနွယ်က  “လက်ကပ်ဝေဒနာနှင့် အပ်စိုက်ကုထုံး၏ အကျိုးအာနိသင်” ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့ဆွေးနွေးခဲ့ပါသည်။ 

အခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ်၊ ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဦးတင့်လွင်၊  ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခဌေးလွင်၊ မော်ကွန်းထိန်း၊ ဦးမြင့်အေး၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှူး၊ ဒေါ်ခင်ဖြူသက်၊ တိုင်းရင်းဆေးရုံအုပ်ကြီး ဒေါ်မိုးသီတာဝင်း၊ ပါမောက္ခ/ဌာနမှူးများ ၊  မြန်မာနိုင်ငံ တိုင်းရင်းဆေး ဆရာအသင်းမန္တလေး ဒုတိယဥက္ကဋ္ဌ ဦးသင်း၊ နှင့် ကထိက/ဌာနမှူးများ၊ တိုင်းရင်းဆေးနှီးနွယ်ဌာနများမှ ဆရာ/မများ၊ ပြင်ပမှ တိုင်းရင်းဆေးပညာစိတ်ပါဝင်စားသူများ ကျောင်းသား/သူများ တက်ရောက်ခဲ့ရာ တက်ရောက်လာသူများမှ သိလိုသည်များကို မေးမြန်းဆွေးနွေးပီး အစီအစဉ်ကို (၁၂)နာရီ တွင် ပြီးမြောက်ပါသည်။  ၎င်းအခမ်းအနားအစီအစဉ်တွင် ဦးသန့်စင်ထွန်း+ဒေါ်ခိုင်စံပယ်၊ မင်းမြန်မာ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမိသားစု  ဖြူးမြို့  က ကူညီပံ့ပိုးထားပါသည်။

(၁၀-၁-၂၀၂၅) ရက်နေ့ နံနက် (၉း၀၀) နာရီ တွင် တိုင်းရင်းဆေးတက္ကသိုလ် မန္တလေး တတိယနှစ် (၅/၂၀၂၄) ကျောင်းသား/သူများ ၏ ဆေးဖက်ဝင်ဆေးပင်များ လေ့လာရှာဖွေရေး ခရီးစဉ်ကို တိုင်းရင်းဆေးတက္ကသိုလ်၊ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ် (စီမံ) ဦးတင့်လွင်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား) ပါမောက္ခဌေးလွင်၊ ဒုတိယညွှန်ကြားရေးမှူး ‌ဒေါက်တာခင်တာရာမြင့်၊ သုတေသနမှူး ‌ဒေါ်မျိုးသီတာအေးနှင့် ကြီးကြပ် ဆရာ/မများ၊ ကျောင်းသား/သူများ (၆၅)ဦးတို့  တိုင်းရင်းဆေးတက္ကသိုလ် ပရဆေးဥယျာဉ်  သို့ သွားရောက်လေ့လာခဲ့ကြပါသည်။

  1. "ပါရဂူဘွဲ့သင်တန်းအပတ်စဉ် (၁) ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း”
  2. ''အလုပ်သင်ဆရာ၊ဆရာမများ ဘွဲ့ကြိုသုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားကျင်းပခြင်း"
  3. “တိုင်းရင်းဆေးပညာ လေ့ကျင့်သင်ကြားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲ အခမ်အနားကျင်းပ”
  4. “9th Ayurveda Day အခမ်းအနားကျင်းပခြင်း”
  5. ''Accreditation and Certification ကဏ္ဍ၏ အကြိုညှိနှိုင်းအစည်းအဝေးကျင်းပခြင်း''
  6. ''CTME Progrmmme အခမ်းအနားကျင်းပခြင်း''
  7. “မောင်/မယ် သစ်လွင်ကြိုဆိုပွဲ နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပ’’
  8. ''တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေးတွင် အလုပ်သင်တာဝန်ပေးအပ်ပွဲကျင်းပခြင်း''
  9. "တိုင်းရင်းဆေးပညာရပ်ဆိုင်ရာစာအုပ်များ လွှဲပြောင်းလက်ခံခြင်း အခမ်းအနား"
  10. တိုင်းရင်းဆေးတက္ကသိုလ်ကွင်းဆင်းဆေးကုခြင်းနှင့် သုတေသနစစ်တမ်းကောက်ခြင်း
  11. ''မောရိယတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း စက်ရုံ(GMP)သို့ သွား‌ရောက်လေ့လာခြင်း''
  12. ‘’ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)သို့ ဆေးဖက်ဝင်ဆေးပင်များ သွားရောက်လေ့လာခြင်း’’
  13. တိုင်းရင်းဆေးပညာရှင်များ မွေးထုတ်ပေးရာ တိုင်းရင်းဆေးတက္ကသီလာ
  14. ''ပညာသင်ထောက်ပံ့အလှူငွေပေးအပ်ပွဲ အခမ်းအနား''
  15. (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးအခမ်းအနား
  16. ‌မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲအခမ်းအနား
  17. Workshop on Research Methodology (2023) ကျင်းပခြင်း
  18. ၁၃၈၅ခုနှစ်မြန်မာနှစ်သစ်ကူး အန္တရာယ်ကင်းပရိတ်တရားနာယူခြင်း
  19. ''ပညာသင်ထောက်ပံ့ကြေး အလှူငွေ ပေးအပ်လှူဒါန်းပွဲအခမ်းအနား''
  20. မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ သို့တက်‌ရောက်ခြင်း

 

Visitors

Today 33

Yesterday 61

Week 404

Month 1214

All 144698

Currently are 9 guests and no members online

2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.