Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

တိုင်းရင်းဆေးတက္ကသိုလ်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ဦးဆောင်ကျင်းပသော Zoom Meeting အခမ်းအနား တက်ရောက်
====================================

၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၃)ရက်၊ ကြာသပ​တေးနေ့။
---------------------------------------------------------

မန္တလေးမြို့၊ ​အောင်​မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်ရှိ
တိုင်းရင်းဆေးတက္ကသိုလ်၌ ယနေ့ (၂၃-၇-၂၀၂၀)ရက်၊ ကြာသပတေးနေ့ နံနက်လည် ၉:၀၀ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဦးဆောင်ကျင်းပသော တိုင်းရင်းဆေးလောက ဖွံဖြိုး တိုးတက်စေရန်နှင့် တိုင်းရင်းဆေး တက္ကသိုလ် ဖွဲ့ဖြိုးတိုးတက်စေရန် Zoom Meeting အခမ်းအနားကို အခန်းအမှတ် (၂၀၂)၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဒေါက်တာမြ​လေးစိန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးဘက်နှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွန်ကြားရေးမှူးများ၊ တိုင်းရင်းဆေးပညာ အထူးအကြံပေးအဖွဲ့များနှင့် တိုင်းရင်းဆေးတက္ကသိုလ်မှ ခေတ္တပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ ဒုတိယ ပါမောက္ခချုပ်(စီမံ)၊ Professors Emeritus များ၊ မန္တလေးတိုင်း တိုင်းရင်းဆေးပညာဦးစီးဌာနမှူး၊ မန္တလေး သင်ကြားရေး တိုင်းရင်းဆေးရုံအုပ်၊ တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး စက်ရုံမှူး၊ တိုင်းရင်းဆေးတက္ကသိုလ်မှ ပါမောက္ခဌာနမှူးများ၊ တာဝန်ခံဌာနမှူးများ၊ ဆရာဆရာမများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အစည်းအဝေးနှင့်ပတ်သက်သော ဆွေးနွေးရမည့် တိုင်းရင်းဆေးလောက ဖွံဖြိုးတိုးတက်ရေးနင့် တိုင်းရင်းဆေးတက္ကသိုလ် ဖွံဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးရမည့် ခေါင်းစဥ်များဖြင့် အမှာစကားပြောကြားပြီး၊ ပြည်ထောင်စု ဒုဝန်ကြီး ဒေါက်တာ မြလေးစိန်က တိုင်းရင်းဆေးပညာသည် ပြည်သူလူထု၏ အခြေခံကျန်းမာရေး စောင့်ရှောက်ရေးတွင် အရေးပါသည့် နေရာတွင်ပါရှိကြောင်း အစပြု၍ အမှာစကား ပြောကြားသည်။ ထို့နောက် ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ဆွေးနွေးတင်ပြပြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ်က တိုင်းရင်းဆေးနှင့်ပတ်သက်သော လုပ်ငန်းများ၊ တိုင်းရင်းဆေးရုံများနှင့် တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးလုပ်များအကြောင်း တင်ပြဆွေးနွေးကြသည်။ ဆက်လက်၍ တိုင်းရင်းဆေး အထူးအကြံပေးအဖွဲ့ ဥက္ကဌက ဆွေးနွေးပြီး Professors Emeritus မှ ဆရာကြီးများကတင်ပြဆွေးနွေးကြသည်။ ထို်နောက် တိုင်းရင်းဆေးတက္ကသိုလ် ခေတ္တ ပါမောက္ခချုပ်က ဆွေးနွေးတင်ပြကာ တိုင်းရင်းဆေးအထူးအကြံပေးအဖွဲ့ အတွင်းရေးမှူးက ပိတ်ပင်လိုက်သည့် ဆေးပစ္စည်းအကြောင်း တင်ပြကြသည်။

တင်ပြမှုများ အပြီးတွင် တက်ရောက်လာကြသူများက ဆွေးနွေးမေးမြန်းကြပြီး ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းပေးကာ အခမ်းအနားကို မွန်းလွဲ ၁၂:၁၅ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

တိုင်းရင်းဆေးတက်ကသိုလ်မှ ပါမောက္ခချုပ် ဦးဆောင်၍ (၇၃)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတက်ရောက်
=================================

၁၉-၇-၂၀၂၀၊ တနင်္ဂနွေနေ့
----------------------------------------

၁၉-၇-၂၀၂၀၊ တနင်္ဂနွေနေ့ နံနက်တွင် တိုင်းရင်းဆေးတက်ကသိုလ်မှ ခတ္တပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ဌာနမှူးနှင့် မော်ကွန်းထိန်း ဆရာများသည် (၇၃)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရာ မန္တလာသီရိအားကစားကွင်းသို့ လွမ်းသူ့ပန်းခွေချ ဦးညွှတ်အလေးပြုအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် တိုင်းရင်းဆေးတက်ကသိုလ် ခေတ္တပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသိန်းဇော်လင်းနှင့် တကျရောကျဆရာများက ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား လွမ်းဆွတ် တသ အောက်မေ့ခြင်းအားဖြင့် (၇၃)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား၌ လွမ်းသူ့ပန်းခွေဖြင့် ဦးညွှတ်အလေးပြုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

 

တိုင်းရင်းဆေးတက္ကသိုလ်တွင် မြန်မာနိုင်ငံ တက္ကသိုလ်များ၏ ပါမောက္ခချုပ်များ ကော်မတီက ဦးဆောင်ကျင်းပသော Zoom Meeting အခမ်းအနား တက်ရောက်
======================================

၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၅)ရက်၊ ဗုဒ္ဓဟူးနေ့
---------------------------------------------------------------

မန္တလေးမြို့၊ ​အောင်​မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်ရှိ
တိုင်းရင်းဆေးတက္ကသိုလ်၌ ယနေ့ (၁၅-၇-၂၀၂၀)ရက်၊ ဗုဒ္ဓဟူးနေ့၊ နေ့လည် ၂:၀၀ နာရီတွင် ပါမောက္ခချုပ်များ ကော်မတီက အပတ်စဥ် ဦးဆောင်ကျင်းပသော ပါမောက္ခ ‌ဒေါက်တာ အောင်ထွန်းသက်၏ "Professional Ethic for Online Education" ခေါင်းစဥ်ဖြင့် Zoom Meeting အခမ်းအနားကို အခန်းအမှတ် (၁၀၆)၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ်များအသီးသီးမှ ပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ဆရာ ဆရာမများနှင့် တိုင်းရင်းဆေးတက္ကသိုလ်မှ ခေတ္တပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)ဦးဝင်းစိုး၊ ပါမောက္ခဌာနမှူးများ၊ ဆရာ၊ဆရာမများ တက်ရောက်ခဲ့ကြသည်။

ဟောပြောပွဲအပြီးတွင် တက်ရောက်လာကြသော တက္ကသိုလ်များမှ ဆရာဆရာမများက ဆွေးနွေးမေးမြန်းကြကာ အခမ်းအနားကို မွန်းလွဲ ၃:၄၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

  1. တိုင်းရင်းဆေးတက္ကသိုလ်၊မန္တလေး သို့ ညွန်ကြားရေးမှူးချုပ် လာရောက်ကြည့်ရှုစစ်ဆေးခြင်း
  2. တိုင်းရင်းဆေးပညာရှင်များအဖွဲ့ TAG နှင့် ညွန်ကြားရေးမှူးချုပ်တွေ့ဆုံခြင်း
  3. ဆေးဖက်ဝင်အပင်များ ကို ပရဆေးဥယျာဉ် ဌာနမှ ကွင်းဆင်းရှာဖွေစုဆောင်းခြင်း
  4. တိုင်းရင်းဆေးတက္ကသိုလ်၊မန္တလေး သို့ ညွန်ကြားရေးမှူးချုပ် လာရောက်ကြည့်ရှုစစ်ဆေးခြင်း
  5. တိုင်းရင်းဆေးတက္ကသိုလ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေနှစ် တည်ဆောက်ရေးလုပ်ငန်းများအချိန်မီပြီးစီးရေး အတွက် ကြည့်ရှုစစ်ဆေးခြင်း
  6. 2nd Institutional Review Board Meeting
  7. Online Teaching for Master Class First Year and Second Year
  8. တိုင်းရင်းဆေးတက္ကသိုလ် ၉၆ ပေ x ၅၀ ပေ RC ၆ ခန်းတွဲ ၂ ထပ် အမှုထမ်း ဝန်ထမ်းအိမ်ရာ အဆောက်အဦးတည်ဆောက်ရန် အတွက် ပန္နက်တင်မင်္ဂလာ အခမ်းအနား
  9. တိုင်းရင်းဆေးတက္ကသိုလ် စာကြည့်တိုက်၊ ပြတိုက်နှင့် သုတေသနလုပ်ငန်းများ အဆင့်မြင့်တင်ရန် အတွက် RC၄ထပ် အဆောက်အဦး ဆောက်လုပ်ရန် အတွက် ပန္နက်တင်မင်္ဂလာ အခမ်းအနား
  10. တိုင်းရင်းဆေးတက္ကသိုလ် House physicians များ ၏ ဘွဲ့ယူစာတမ်း ခေါင်းစဉ်ဆွေးနွေးပွဲ
  11. ကျောင်းသား/သူများအား ကိုဗစ်(၁၉)အကြောင်းပညာပေးဟောပြောခြင်း
  12. Day-2 of Protocol title selection board for MMTM First year students
  13. Day-1 of Protocol title selection board for MMTM First year student
  14. ၂၀၁၉-၂၀၂၀ပညာသင်နှစ် တိုင်းရင်းဆေးတက္ကသိုလ် ကျောင်းသားအားကစားပွဲတော် ပိတ်ပွဲ နှင့် ဆုချီးမြှင့်ပွဲအခမ်းအနား
  15. မြန်မာ့တိုင်းရင်းဆေးသမားတော်များနေ့ (တပေါင်းလပြည့်နေ့) အခမ်းအနား
  16. (၁၀)ကြိမ်မြောက်တိုင်းရင်းဆေးသုတေသန စာတမ်းဖတ်ပွဲ ပိတ်ပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနား
  17. သုတေသနစာတမ်းများကို MHRR Research registry ပြုလုပ်ကြဖို့ ညွှန်ကြားရေးမှုး Dr. မိုးကျော်မြင့်က ရှင်းလင်းတင်ပြ
  18. အရည်အသွေးမြှင့်ဖို့အတွက် ဒီလိုသုတေသနစာတမ်းဖတ်ပွဲတွေ လုပ်ရတာဖြစ်ပါတယ်
  19. (၁၀)ကြိမ်မြောက်တိုင်းရင်းဆေးသုတေသန စာတမ်းဖတ်ပွဲ ဒုတိယနေ့ ဒုတိယပိုင်း
  20. (၁၀)ကြိမ်မြောက်တိုင်းရင်းဆေးသုတေသန စာတမ်းဖတ်ပွဲ ဒုတိယနေ့ ပထမပိုင်း

 

Visitors

Today 25

Yesterday 66

Week 316

Month 905

All 149516

Currently are 14 guests and no members online

2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.