Participating in IPE program in Medical and allied universities in Mandalay as a UTM participant
@Room 202, UTM
@8:00 Am
- Hits: 1545
Participating in IPE program in Medical and allied universities in Mandalay as a UTM participant
@Room 202, UTM
@8:00 Am
တိုင်းရင်းဆေးတက္ကသိုလ် ဆေးပညာဌာနမှ ဌာနတွင်း Journal Reading ပြုလုပ်။
---------------------၀------------------------၀------
Wednesday, 2 September, 2020
----------------------၀-----------------------၀-------
တိုင်းရင်ဆေးတက္ကသိုလ် ဆေးပညာဌာနမှ နည်းပြ
ဦးလှမျိုး၀င်းမှ
"Regenerative Effect of Vanga Bhasma in Cadmium Chloride Induced Testicular Damage -AN Experimental Study" အား ဖတ်ကြားဆွေးနွေး။ ။ -စာတမ်းတွင်-
ကြွက်ဖြူကြီးအထီးများအား Testicular Toxicity ဖြစ်စေရန် Cadmium Chloride (0.9% in normal saline) ထိုးသွင်းပြီးနောက် ဘင်ပြာကို တစ်လကြာတိုက်ကျွေးခြင်းဖြင့်ပြုလုပ်လျှက် တစ်လပြည့်သောအခါ ကြွက်ဖြူကြီးများအား Blood sample,Tissue sample,Spermatozoans were collected and analyzed for various biochemical and histopathological များအား တိုင်းတာစစ်ဆေးခဲ့ပါသည်။
Cadmium Chloride ကြောင့် ကြွက်ဖြူကြီးများတွင် Testicular ပျက်ဆီးခြင်း၊
Testis ကျုံခြင်းများအား
ဘင်ပြာတိုက်ကျွေးထားသောကြွက်အုပ်စုများတွင်
Oxidative stress ကိုတားဆီးပေးခြင်း။
Testicular cells များသေဆုံးမှုကိုတားဆီးပေးခြင်း။
Serum Testosterone ပုံမှန်ရောက်အောင်ပြုပြင်ပေးခြင်း။
Morphology of sperms သည် ပုံမှန်ဖြစ်နေခြင်းတို့သည် ဒဟဿဂိုလ်အမြစ်ဖြင့်ဖော်စပ်ထားသော Ashwagandha Churna ( Standard Drug )ဆေးအုပ်စုတိုက်ကျွေးသော ကြွက်ဖြူကြီးအုပ်စုထက်
ဘင်ပြာတိုက်ကျွေးသောကြွက်ဖြူကြီးအုပ်မှာ ပို၍ကောင်းမွန်ကြောင်းတွေ့ရှိရပါသည်။
တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး) အင်္ဂလိပ်စာဌာနတွင် သုတေသန စာတန်းဖတ်ပွဲနှင့် ဆွေးနွေးပွဲ ကျင်းပ
=================================
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်အရ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး) အင်္ဂလိပ်စာဌာနတွင်
ဌာနတွင်း အပတ်စဥ် ပြုလုပ်လျက်ရှိသော Journal Reading ကို ယနေ့ (၂-၉-၂၀၂၀)ရက်၊ ဗုဒ္ဓဟူးနေ့၌ တိုင်းရင်းဆေးတက္ကသိုလ်၊ အင်္ဂလိပ်စာဌာနတွင် ပြုလုပ်ခဲ့သည်။ အဆိုပါ Journal Reading ကို Mohammad Reza Ahmadi ရေးသားသော ''The Impact of Motivation on Reading Comprehension'' ခေါင်းစဥ်ဖြင့် အင်္ဂလိပ်စာဌာနမှ ဒေါ်တင်ပပဝင်း လက်ထောက်ကထိက speaker အဖြစ်ဖတ်ကြားပြီး ဌာနမှူး ဦးသန်းဦးက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ လက်ထောက်ကထိက ဆရာ ဆရာမများ တက်ရောက်ကာ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
Weekly internal(departmental) international journal reading
@LaboratoryOne, Western departments, UTM
@02-09-2020 Wednesday 10:00 AM
• Title = The role of Surfactant in lung disease and Host Defense against Pulmonary Infections
• Read by Dr. Thwe Thwe Khaing, Dept. of Physiology/Biochemistry
တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် “Professional Development for Educators” ခေါင်းစဥ်အား Zoom Application ဖြင့် သင်တန်းပို့ချ
=============================
၂၀၂၀-ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်၊ သောကြာနေ့
အမျိုးသား မူဝါဒ ကော်မရှင် ပါမောက္ခချုပ်များကော်မတီ၏ ပညာရေး ဘာသာရပ်အဖွဲ့ခေါင်းဆောင် ဒေါက်တာ စောပြုံးနိုင်၊ ပါမောက္ခချုပ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်က ဦးစီး၍ “Professional Development for Educators” ခေါင်းစဥ်ဖြင့် Zoom Application ဖြင့် သင်တန်းပို့ချခြင်းကို ဩဂုတ်လ(၂၆)ရက်၊ ဒုတိယနေ့အဖြစ် မွန်းလွဲ ၁ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်ရှိ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)၊ အခန်းအမှတ်(၂၀၂)တွင် ဆက်လက်၍ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ တဝန်းလုံးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်(၁၆၆)ခုမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ပါမောက္ခများ၊ တွဲဘက်ပါမောက္ခများ၊ ကထိကများ၊ နည်းပြများ၊ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူး၊ ကထိက၊ နည်းပြ ဆရာ၊ ဆရာမများအားလုံး တက်ရောက်ကြသည်။
အဆိုပါသင်တန်းတွင် သဘာပတိအဖြစ် ဒေါက်တာစောပြုံးနိုင်က ဆောင်ရွက်ပြီး အဖွင့်အမှာစကာအား ပါမောက္ခချုပ်များ ကော်မတီဥက္ကဌ ရန်ကုန်ဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက ပြောကြားသည်။ ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ Covid19 အတွက် သတ်မှတ်ချက်နှင့်အညီ Zoom Application ဖြင့် သင်တန်းအား ပို့ချပြီး တက်ရောက်လာကြသော ဆရာ၊ ဆရာမများနှင့် အပြန်အလှန် မေးမြန်းဆွေးနွေးကြမည်ဖြစ်သည်။
Zoom Application ဖြင့် သင်တန်းပို့ချခြင်းအား ၂၅-၈-၂၀၂၀ ရက်နေ့မှ ၁၁-၉-၂၀၂၀ ရက်နေ့အထိ အပတ်စဥ် အင်္ဂါနေ့နှင့် သောကြာနေ့များတွင် နေ့လည် ၁ နာရီမှ ၃ နာရီအထိ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
| Recents & Upcomings |
| Visitors |
Today 21
Yesterday 66
Week 312
Month 901
All 149512
Currently are 3 guests and no members online
2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.