Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

တိုင်းရင်းဆေးတက္ကသိုလ်၊ ၂၀၂၃ ခုနှစ် မတ်လ (၉) ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန် အခန်းအမှတ်(၁၀၆) တွင် Master Speciality and Ph.D သင်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ပါသည်၊၊  ယင်းအစည်းအဝေးကို ပါမောက္ခချုပ်၊ ပါမောက္ခ‌ဒေါက်တာသိန်းဇော်လင်း၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့မှ အဖွဲ့ဝင် Professor Emeritus, ဆရာကြီးများ၊ တိုင်းရင်းဆေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးဝင်းဟန်နှင့် ပါမောက္ခ/ဌာနမှူးများ၊ မော်ကွန်းထိန်းနှင့် ဘွဲ့လွန်ဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။ အစီအစဉ်အရ တက်‌ရောက်လာကြသော ဆရာကြီး/မကြီးများက  Master Speciality and Ph.D သင်တန်းများဖွင့်လှစ်နိုင်ရေး ကိစ္စအရပ်ရပ်များကို ဆွေးနွေးခဲ့ကြပီး အစည်းအ‌‌ဝေးကို ညနေ(၃း၀၀)နာရီတွင် ပြီးစီးပါသည်။

2023ခုနှစ် ဖေ‌ဖော်ဝါရီလ (3)ရက်နေ့ နေ့လည် ၂း၀၀ နာရီအချိန်တွင် တိုင်းရင်းဆေးတက္ကသိုလ် ကျောင်းသား/သူများ၏ ထမနဲထိုးပြိုင်ပွဲကို ကျင်းပခဲ့ကြပါသည်။ ယင်းပြိုင်ပွဲတွင် ပထမနှစ် (11/2022)၊ ပထမနှစ် (5/2022)၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ပေါင်းကူး(ပနှစ်+ဒုနှစ်) သင်တန်းမှ ကျောင်းသား/သူများက ယှဉ်ပြိုင်ထိုးကြပါသည်။ ဆက်လက်၍ ဆုပေးပွဲကို ဆက်လက်ကျင်းပခဲ့ကြပါသည်။

တိုင်းရင်းဆေးတက္ကသိုလ် နံရံကပ်စာစောင်ဖွင့်ပွဲ နှင့် စကားရည်လုပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့ နေ့လည် (၁၂:၀၀) နာရီအချိန်တွင် မန္တလေး တိုင်းရင်းဆေးတက္ကသိုလ် အခန်းအမှတ်(၂၀၂)တွင် ကျင်းပခဲ့ပါသည်။  ၎င်းအခမ်းအနားတွင်  ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာသိန်းဇော်လင်း နှင့် စာပေအနုပညာအသင်းမှ ဥက္ကဋ္ဌ ဒေါ်ထိပ်တင်မြတ် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပီး နံရံကပ်စာစောင်များ လိုက်လံကြည့်ရှုပြီးနောက် စကားရည်လုပွဲကို ဆက်လက်ကျင်းပခဲ့ရာ ဆရာ/မများ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။  ဆက်လက်၍ အစီအစဉ်အတိုင်း နံရံကပ်စာစောင်ဆုရများ စကားရည်လုပွဲတွင် ဆုရသူများအား အသီးသီးဆုချီးမြှင့်ခဲ့ပြီး အခမ်းအနား(2:30)အချိန်တွင် ပြီးစီးပါသည်။

#HMK

 

 

 

မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီစုံညီပွဲတော်ကျင်းပပွဲ ကို ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၂၈)ရက်နေ့တွင် မန္တလာသီရိအားကစားကွင်းအတွင်း၌ ကျင်းပရာတွင် ဆေးနှင့်ဆေးနှီးနွယ် တက္ကသိုလ်များမှ ပြခန်းများ နှင့် လူငယ်ပ‌ဒေသာပြပွဲအစီအစဉ်များဖြင့် ပူးပေါင်းပါဝင်ဆင်နွဲပြသခဲ့ကြပါသည်။  ယင်းပြပွဲအခမ်းအနားတွင် ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာသိန်းဇော်လင်း ဦးဆောင်၍ တိုင်းရင်းဆေးတက္ကသိုလ်မှ တက္ကသိုလ်ပြခန်းနှင့်အတူ တိုင်းရင်းပရဆေးများ လူထုကို အကျိုးပြုပုံများ မီးဖိုချောင်သုံးဆေးနည်းပြကွက်များ၊ တိရိစ္ဆာန်ထွက်ဆေးပစ္စည်းပြကွက်များ၊ ပရဆေးပင်များ အသုံးပြုပုံများ အား လက်တွေ့ကိုင်တိုင်ကြည့်ရှုနိုင်ရန်ပြခန်းပြကွက်များဖြင့် ပါဝင်ဆင်နွဲပြသခဲ့ကြပါသည်။ #HMK

 

၂၀၂၃ ခုနစ် ဇန်နဝါရီလ (၁၃) ရက်နေ့၊ နံနက် (၉:၃၀)အချိန် တိုင်းရင်းဆေးတတက္ကသိုလ် အခန်းအမှတ်(၂၀၂)တွင်  ၂၀၂၂-၂၀၂၃ခု ပညာသင်နှစ် (၁၁/၂၀၂၂) မောင်/မယ် သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပါသည်။  ယင်းအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် သီရိပျံချီ မောင်ကို  နှင့် ဝန်ကြီးများ၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး၊ တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ ဂုဏ်ထူးဆောင်ပါမောက္ခများ၊ တိုင်းရင်းဆေးကောင်စီဥက္ကဋ္ဌ၊ တိုင်းရင်းဆေးနှင့် ဆေးပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းရှင်များ ဥက္ကဋ္ဌ၊  ပါမောက္ခ/ဌာနမှူးများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆရာ/မများ ၊ သစ်လွင်မောင်/မယ်များ၊ အတန်းအသီးသီးမှ ကျောင်းသား/သူများ၊ အလုပ်သင်ဆရာ/မများ၊ ဆုရကျောင်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။  ဆက်လက်၍ ဆုချီးမြှင့်ပွဲတွင် ပထမဆု(၄)ခု၊ ဒုတိယဆု(၄)၊ တတိယဆု(၄)၊ စတုတ္ထဆု(၄)၊ နှင့် ဂုဏ်ထူးဆုရ ကျောင်းသား/သူ(၄၂)ဦး၊ ဆုများအသီးသီးချီးမြှင့်ပြီးနောက်၊ အစီအစဉ်များအတိုင်း  King & Queen များ ရွေးချယ်ခဲ့ပြီး အခမ်းအနားကို (၄း၃၀)နာရီတွင် ပြီးစီးပါသည်။

  1. “လူငယ်စကားဝိုင်း” အခမ်းအနားကျင်းပခြင်း
  2. ''(၁၁/၂၀၂၂)မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကျင်းပြခြင်း''
  3. “(၄၅)ကြိမ်မြောက်တိုင်းရင်းဆေးမိသားစု၏ မဟာဘုံကထိန်အလှူတော်”
  4. “မန္တလေး တိုင်းရင်းဆေးတက္ကသိုလ် တွင် မျောက်ကျောက် (Monkeypox) ရောဂါ အကြောင်းဆွေးနွေး”
  5. ''(၄၂)ကြိမ်မြောက် တိုင်းရင်းဆေးမိသားစု ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပခြင်း''
  6. (၁၁)ကြိမ်မြောက်တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ ကျင်းပခြင်း
  7. "ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံသို့ သွားရောက်လေ့လာခြင်း''
  8. ''တိုင်းရင်းဆေးတက္ကသိုလ် မန္တလေး (၅/၂၀၂၂) ပညာသင်နှစ် မောင်/မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကျင်းပခြင်း''
  9. Fresher Welcome (5/2022) ကျင်းပခြင်း
  10. ၁၃၈၄ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့အန္တရာယ်ကင်းရွတ်ဖတ်ပူဇော်ပွဲ
  11. အ​အေးမိ၊ တုပ်​ကွေး၊ ဖျားနာ ကာကွယ်ဆေးလက်ဖက် ခြောက်ထုပ် များ ပေးဝေငှခြင်း
  12. Covid လူနာများ ​သောက်ရန် တိုင်းရင်း​ဆေးတက္ကသိုလ် ​ဆေးဝါး​ဗေဒ ဌာနက ​ဖော်စပ်ထုတ်လုပ်ထား​သော ဆေးလဘက်​ခြောက်
  13. Weekly internal(departmental) international journal reading
  14. တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး) အင်္ဂလိပ်စာဌာနတွင် သုတေသန စာတန်းဖတ်ပွဲနှင့် ဆွေးနွေးပွဲ ကျင်းပ
  15. Participating in IPE program in Medical and allied universities in Mandalay as a UTM participant
  16. တိုင်းရင်းဆေးတက္ကသိုလ် ဆေးပညာဌာနမှ ဌာနတွင်း Journal Reading ပြုလုပ်။
  17. တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး) အင်္ဂလိပ်စာဌာနတွင် သုတေသန စာတန်းဖတ်ပွဲနှင့် ဆွေးနွေးပွဲ ကျင်းပ
  18. Weekly internal(departmental) international journal reading
  19. တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် “Professional Development for Educators” ခေါင်းစဥ်အား Zoom Application ဖြင့် သင်တန်းပို့ချ
  20. ဆိတ်ကွယ်နေသော အသံများ အစီရင်ခံစာနှင့် (၃၇)ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ မြန်မာနိုင်ငံ လူ့အခွင့်အရေးကာလဖြတ်အလိုက် ဆန်းစစ်သုံးသပ်ခြင်းအကြောင်း အွန်လိုင်းမှ တစ်ဆင့် ရှင်းလင်း

 

Visitors

Today 35

Yesterday 61

Week 406

Month 1216

All 144700

Currently are 7 guests and no members online

2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.