တိုင်းရင်းဆေးတက္ကသိုလ် မန္တလေး (၂၀၂၃ ခုနှစ် အောင်) ဝင်ခွင့်ရရှိသူစာရင်းကို ပူးတွဲပါအတိုင်း ကြေညာအပ်ပါသည်။
ပထမနှစ်သင်တန်းကို (၁၆-၁၁-၂၀၂၃) ရက်နေ့မှစ၍ ကျောင်းအပ်လက်ခံမည်ဖြစ်ပြီး -
အောက်ဖော်ပြပါ အထောက်အထားများနှင့်အတူ ကျောင်းသားရေးရာဌာနသို့ သတင်းပို့ဆက်သွယ်ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
(၁) တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်(မူရင်းနှင့် မိတ္တူ)
(၂) ကျောင်းသား/ကျောင်းသူနှင့် မိဘနှစ်ပါး၏ နိုင်ငံသားစိစစ်ရေးကတ် (မူရင်းနှင့် မိတ္တူ)
(၃) တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအမှတ်စာရင်း (မူရင်းနှင့် မိတ္တူ)
(၄) လိုင်စင်ဓာတ်ပုံ (1.1”x1.3”)အရွယ်၊ နောက်ခံအပြာရောင် ( ၅ ) ပုံ
ကျောင်းသား - စတစ်ကော်လံ(သို့) ကော်လံပါရှပ်အင်္ကျီ (ပြောင်)
ကျောင်းသူ - ရင်ဖုံး (သို့) ရင်စေ့အင်္ကျီ (ပြောင်)
(၅) ကတိခံဝန်ချုပ်(၃)စောင်ကို သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ချုပ်ဆိုပြီး ယူဆောင်လာရန်
မှတ်ချက်။ (၂၃-၁၁-၂၀၂၃) ရက်နေ့မှ စတင်၍ သင်ခန်းစာများ သင်ကြားခြင်းနှင့် ကျောင်းခေါ်ချိန်စာရင်းကောက်ယူခြင်းများကိုတစ်ပါတည်း စတင်ပြုလုပ်မည်ဖြစ်ပါသည်
>> Lists Of UTM Admitted Candidates 2023