Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးတက္ကသိုလ် မန္တလေး၏ (၁၈) ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့ (၇-၃-၂၀၂၆)ရက်နေံ နံနက် (၉:၀၀) နာရီတွင် မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။ ဦးစွာ တိုင်းရင်းဆေးတတက္ကသိုလ်၊ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ ပညာရေးအဖွဲ့ဝင်များနှင့် စီမံခန့်ခွဲရေး အဖွဲ့ဝင်များက ဘွဲ့နှင်းသဘင်စင်မြင့်တွင် နေရာယူကြသည်။

ထို့နောက် ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင်ကို ကျင်းပကြောင်း ကြေညာပြီး ဘွဲ့ရမောင်/မယ်များက နဝရတ်ကတိသစ္စာရွတ်ဆိုကြပီးနောက် မြန်မာ့တိုင်းရင်းဆေးပညာ မဟာဘွဲ့၊ မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့များအတွက် ကောင်းစွာအောင်မြင် ပေါက်မြောက် ခဲ့ပြီဟု ပညာရေးအဖွဲ့က ကြေညာခြင်းခံရသူ  မြန်မာ့တိုင်းရင်းဆေး ပညာမဟာဘွဲ့ M.M.T.M (Master of Myanmar Traditional Medicine) ဘွဲ့ရရှိသူ (၆)ဦး, မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့(ပုံမှန်) B.M.T.M (Bachelor of Myanmar Traditional Medicine) ဘွဲ့ရရှိသူ (၅၂)ဦး နှင့် မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့(ပေါင်းကူး) B.M.T.M (Bachelor of Myanmar Traditional Medicine) ဘွဲ့ရရှိသူ (၁၂) ဦး တို့အား တိုင်းရင်းဆေးတက္ကသိုလ်၊ ပါမောက္ခချုပ်၊ ပါမောက္ခ ဒေါက်တာသိန်းဇော်လင်း က ဘွဲ့များ ချီးမြှင့်အပ်နှင်းကာ ဘွဲ့ရရှိသူ စာရင်းကို အတည်ပြုလက်မှတ် ရေးထိုးပေးသည်။

          ထို့နောက် ပါမောက္ခဒေါက်တာသိန်းဇော်လင်းက ဘွဲ့နှင်းသဘင်မိန့်ခွန်းကို ပြောကြားကာ  ဘွဲ့နှင်းသဘင်အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေးအနေဖြင့် ယခုဘွဲ့နှင်းသဘင်အပါအဝင် ယနေ့ အထိ မွေးထုတ်ပေးလိုက်‌သည့် မြန်မာ့တိုင်းရင်းဆေးပညာမဟာဘွဲ့ (၁၃၃)ဦး၊ မြန်မာ့ တိုင်းရင်းဆေးပညာဘွဲ့ (၁၈၇၅) ဦးတို့ရရှိခဲ့ပြီး အရည်အချင်းပြည့်စုံသည့် မြန်မာ့တိုင်းရင်း ဆေးပညာရှင်ပေါင်း(၂၀၀၈)ဦးတို့ကို မွေးထုတ်ပေးနိုင်ခဲ့ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးတက္ကသိုလ် မန္တလေး၏ (၁၈) ကြိမ်မြောက်ဘွဲ့နှင်းသဘင် (အစမ်းနေ့) အခမ်းအနားကို (၆-၃-၂၀၂၆) ရက်နေ့ နံနက် (၉:၀၀) နာရီတွင် မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပါသည်။ 

၂၀၂၆ခုနှစ် ဇန်နဝါရီလ (၃၀) ရက်နေ့တွင် “တိုင်းရင်းဆေးတက္ကသိုလ် (၂၀၂၅-၂၀၂၆) ပညာသင်နှစ် အတန်းအသီးသီး၏ ထမနဲထိုးပြိုင်ပွဲ အခမ်းအနား”ကို  နေ့လယ် (၁း၀၀)နာရီ အချိန်တွင် ကျင်းပသည်။ 

ယင်းပြိုင်ပွဲတွင် ဒုတိယပါမောက္ခချုပ်(စီမံ) ဒေါက်တာမြင့်မြင့်သန်း၊ မော်ကွန်းထိန်း ဦးမြင့်အေး၊ ပါမောက္ခ/ဌာနမှူးများ၊ ကထိက/ဌာနမှူးများ၊ ဆရာ/မများ၊ Medical Year 1, Medical Year 2, တတိယနှစ်၊ စတုတ္ထနှစ်၊ အလုပ်သင်ဆရာ/မများ ကျောင်းသား/သူများ အဖွဲ့ (၆)ဖွဲ့ပါဝင်ယှဉ်ပြိုင်ကြရာ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။    

၂၀၂၆ခုနှစ် ဇန်နဝါရီလ (၂၀) ရက်နေ့ တွင် တိုင်းရင်းဆေးတက္ကသိုလ် (၂၀၂၅-၂၀၂၆)ပညာသင်နှစ် Medical Year 1 ပထမနှစ် သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ကျင်းပသည်။ 

အခမ်းအနားသို့ တက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ် (သင်ကြား) ပါမောက္ခဌေးလွင် ၊ ဒုတိယပါမောက္ခချုပ် (စီမံ) ဒေါက်တာမြင့်မြင့်သန်း၊ မော်ကွန်းထိန်း ဦးမြင့်အေး၊ ပါမောက္ခ/ဌာနမှူးများ၊ ကထိက/ဌာနမှူးများ၊ ဆရာ/မများ၊  Medical Year 2, တတိယနှစ်၊ စတုတ္ထနှစ်၊ အလုပ်သင်ဆရာ/မများ ဆုရမောင်မယ်များနှင့်ကျောင်းသား/သူများ တက်ရောက်ကြပြီး ဆုပေးပွဲကျင်းပသည်။   

ဆက်လက်ပြီး နေ့လယ်ပိုင်းတွင် ကျောင်းသား/သူများ King &Queen, People Choice Awards ဆုများ ရွေးချယ်ပွဲ ဆက်လက်ကျင်းပကြပါသည်။

၂၀၂၅ခုနှစ် နိုဝင်ဘာလ (၂) ရက်နေ့ တွင် တိုင်းရင်းဆေးဝါးလုပ်ငန်းစက်ရုံ ဝန်းအတွင်း ဧကရာဇ်ခန်းမတွင် တိုင်းရင်းဆေးတက္ကသိုလ် မန္တလေး နှင့် ဖူးကျင့် နိုင်ငံတကာ ဘာသာစကားစင်တာတို့ ပူးပေါင်းဖွင့်လှစ်သော "တရုတ်ဘာသာစကား (အခြေခံ) သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

  1. " (၄၈)ကြိမ်မြောက် တိုင်းရင်းဆေးမိသားစု မဟာဘုံကထိန် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား"
  2. "ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ) နှင့် FAME Organic Pharming Project သို့ ဆေးဖက်ဝင်ဆေးပင်များ သုတေသနပြုကွင်းဆင်း သွားရောက်လေ့လာခြင်း’’ လေ့လာရေးအစီအစဉ်
  3. "Powerpoint Presentation skill Competition"ကျင်းပြခြင်း
  4. “ကွင်းဆင်းဆေးကုသခြင်းနှင့် ပြည်သူ့ဘဝလေ့လာရေးခရီးစဉ်”
  5. “တရုတ်စကားပြော (အခြေခံ) သင်တန်းဖွင့်လှစ်ခြင်း”
  6. “တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး (၁၅) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကျင်းပခြင်း”
  7. “Interprofessional Education (IPE) Day Activities ကျင်းပခြင်း”
  8. "၂၀၂၅ခုနှစ် ပါမောက္ခချုပ်ဖလား ကျောင်းသားအားကစားပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပခြင်း"
  9. ''၂၀၂၅ခု ပါမောက္ခချုပ်ဖလား ကျောင်းသားအားကစားပြိုင်ပွဲ ကျင်းပခြင်း''
  10. ''တိုင်းရင်းဆေးမိသားစု၏ (၄၆)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား''
  11. Basic Educational Science Workshop (2025) ကျင်းပခြင်း
  12. "တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး၏ (၁၅)ကြိမ်၊ (၁၆)ကြိမ်နှင့် (၁၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ"
  13. "တိုင်းရင်းဆေးတက္ကသိုလ် မန္တလေး၏ (၁၅)ကြိမ်မြောက်၊ (၁၆) ကြိမ်မြောက်နှင့် (၁၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အစမ်းလေ့ကျင့်ခြင်းအခမ်းအနား"
  14. "ရုံးလုပ်ငန်း အသုံးချကွန်ပျူတာသင်တန်းဆင်းပွဲ အခမ်းအနား"
  15. 'CTME Progrmmme အခမ်းအနားကျင်းပခြင်း''
  16. “ထမနဲထိုးပြိုင်ပွဲ ကျင်းပခြင်း”
  17. "11/2024 Traditional Medicine, Medical Year I မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးအပ်ပွဲ အခမ်းအနားကျင်းပ"
  18. "CTME Progrmmme အခမ်းအနားကျင်းပခြင်း''
  19. " တတိယနှစ် ကျောင်းသား/သူများ ဆေးဖက်ဝင်ဆေးပင်များ လေ့လာရှာဖွေခြင်း"
  20. "ပါရဂူဘွဲ့သင်တန်းအပတ်စဉ် (၁) ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း”

Page 1 of 33

 

Visitors

Today 70

Yesterday 227

Week 297

Month 3829

All 117916

Currently are 28 guests and no members online

2025-2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.