သက်ပြည့်ပင်စင် အငြိမ်းစား ယူမည့် ဆရာကြီး ဆရာမကြီး(၂)ဦးကို နှုတ်ဆက်ပွဲကျင်းပ
၆၊ နိုဝင်ဘာ၊ ၂၀၁၉
=============
တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး) တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး သက်ပြည့်ပင်စင် အငြိမ်းစား ယူမည့် ဆရာကြီး ဆရာမကြီး(၂)ဦးအား နှုတ်ဆက်ပွဲကို ၂၀၁၉ နိုဝင်ဘာလ(၆)ရက် ယနေ့နံနက် ၁၁:၂၀ နာရီတွင် အခန်းအမှတ် (၁၀၇)၌ ကျင်းပပါသည်။
ရှေးဦးစွာ ခေတ္တပါမောက္ခချုပ် ပါမောက္ခ Dr. သိန်းဇော်လင်း က နှုတ်ဆက်အမှာစကား ပြောကြားခဲ့ပြီး
ဒုညွှန်ချုပ်အငြိမ်းစား ဦးမြင့်ဦး၊ တိုင်းဒေသကြီး ဦးစီးမှူး ဒေါ်ကြူကြူ၊ ဆေးရုံအုပ်ကြီး ဦးစန်းလွင်၊ တက္ကသိုလ်တာဝန်ရှိသူများကိုယ်စား ဆရာ ဦးဝင်းစိုး၊ ဆရာဦးသန်းဦး၊ Dr. မြသီတာဖြူတို့က နှုတ်ဆက်ဂါရဝပြုစကား ပြောကြားပြီး တိုင်းရင်းဆေး မိသားစုဝင် ဌာနတာဝန်ခံအသီးသီးက ဂါရဝပြု လက်ဆောင်ပစ္စည်းများ ပေးအပ်ကြပြီး အခန်းအနားကို ရုပ်သိမ်းခဲ့ပါသည်။