Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

တရုတ် တိုင်းရင်းဆေးပညာနှင့် အပ်စိုက်ကုပညာ ဆရာဖြစ် မွမ်းမံသင်တန်း အမှတ်စဉ်(၃) ဖွင့်လှစ်

တရုတ် တိုင်းရင်းဆေးပညာနှင့် အပ်စိုက်ကုပညာ ဆရာဖြစ် မွမ်းမံသင်တန်း အမှတ်စဉ်(၃) ဖွင့်လှစ်
=====================================

တရုတ်တိုင်းရင်းဆေးပညာနှင့် အပ်စိုက်ကုပညာ ဆရာဖြစ် မွမ်းမံသင်တန်း အမှတ်စဉ်(၃) 3rd T.O.T, TRAINING OF TRAINESS ON TRADITIONAL MEDICINE AND ACUPUNCTURE THERAPY ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၅ ရက်၊ နံနက် ၉ နာရီက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး)၊ အခန်းအမှတ် (၁၀၇) CALL ROOM တွင် ကျင်းပပြုလုပ်သည်။

ရှေးဉီးစွာ တိုင်းရင်းဆေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ သိန်းဇော်လင်းက အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်တက္ကသိုလ်မှ ကထိက DR WAI HNIN YI က T.O.T သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး YLICM မှ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)သို့ လှူဒါန်းသော ပစ္စည်းများအတွက် တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ်မှလည်းကောင်း၊ ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီးသို့ လှူဒါန်းသော ပစ္စည်းများအတွက် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံအုပ်ကြီး ဦးဆန်းလွင်က လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းများကို ပြန်လည်ပေးအပ်ကြသည်။

အဆိုပါသင်တန်းသို့ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ သင်တန်းသူ ၂၅ ဉီး တက်ရောက်ကြပြီး သင်တန်းဖွင့်ပွဲသို့ မြန်မာနိုင်ငံ တိုင်းရင်းဆေးပညာ အကြံပေးဥက္ကဌ ဒေါက်တာမိတ်၊ တိုင်းရင်းဆေးပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ငြိမ်း ဦးကျော်သိမ်းဌေး၊ တိုင်းရင်းဆေးတက္ကသိုလ် Professor Emeritus များ၊ တိုင်းရင်းဆေးပညာဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး၊ တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခ ဌာနမှူးများနှင့် ကထိက ဌာနမှူးများ၊ မော်ကွန်းထိန်း၊ FITCG ကူမင်းမှ တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း အတွင်းရေးမှူး ဒေါ်ခင်စောဉီးနှင့် တာဝန်ရှိသူများ၊ ဖတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။

 

Visitors

Today 120

Yesterday 213

Week 120

Month 1936

All 134594

Currently are 16 guests and no members online

2025-2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.