Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

တိုင်းရင်းဆေးတက္ကသိုလ် တွင် Outcome-based Curriculum Development Workshop ကျင်းပ

တိုင်းရင်းဆေးတက္ကသိုလ် တွင် Outcome-based Curriculum Development Workshop ကျင်းပ
====================
Outcomes Based Curriculum Development Workshop ကို ၁၈-၁၂-၂၀၁၉ ယနေ့နံနက် (၉:၀၀)နာရီ၌ တိုင်းရင်းဆေးတက္ကသိုလ် မန္တလေး ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားကို နံနက် ၉နာရီတွင် ကျင်းပရာ ခေတ္တပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်းက အဖွင့်အမှာစကားပြောကြားပြီး အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက် ကျင်းပပါသည်။

အဆိုပါ ဆွေးနွေးပွဲသို့ မန္တလေးမြို့ပေါ်ရှိ ဆေးဘက်နှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ အငြိမ်းစား ပါမောက္ခချုပ်များ၊ တိုင်းရင်း​ဆေးပညာဉီးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်အငြိမ်းစား၊ Professors Emeritus များ၊ အငြိမ်းစား ပါမောက္ခ ဌာနမှူးများ၊ မန္တလေးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန ဉီးစီးမှူး၊ မန္တလေးတိုင်းဒေသကြီး တိုင်းရင်းဆေးကောင်စီဝင်များ၊ မန္တလေးသင်ကြားရေး တိုင်းရင်းဆေးရုံအုပ်၊ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး စက်ရုံမှူး၊ တိုင်းရင်းဆေးတက္ကသိုလ်မှ ပါမောက္ခ ဌာနမှူးများနှင့် ဆရာ ဆရာမများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲကို ၂၀-၁၂-၂၀၁၉ အထိ (၃)ရက် တိုင်တိုင်ကျင်းပမည် ဖြစ်ရာ မန္တလေးမြို့ပေါ်ရှိ ဆေးဘက်နှီးနွယ် တက္ကသိုလ်များမှ ပါမောက္ခချုပ်များက သဘာပတိများအဖြစ် ဆောင်ရွက်ပြီး speaker များအဖြစ် ဆေးတက္ကသိုလ် မန္တလေးနှင့် တိုင်းရင်းဆေးတက္ကသိုလ် မန္တလေး မှ Medical Education ဘွဲ့ရ ဆရာ၊ ဆရာမများက ဆောင်ရွက်ကြမည်ဖြစ်သည်ဟု သတင်းရရှိသည်။

 

Visitors

Today 94

Yesterday 213

Week 94

Month 1910

All 134568

Currently are 11 guests and no members online

2025-2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.