ဆေးအလှူ လက်ခံပေးပါသော UMM မှ ဆရာကြီးပါချုပ် Dr Khinn Mg Lwin အား ကျေးဇူးတင်ပါတယ်။
အအေးမိ တုပ်ကွေးဖျားနာ ကာကွယ် ဆေးလဘက်ခြောက်
Covid လူနာများ သောက်ရန် တိုင်းရင်းဆေးတက္ကသိုလ်
ဆေးဝါးဗေဒ ဌာနက ဖော်စပ်ထုတ်လုပ်ထားသော
လဘက်ခြောက်ကဲ့သို ရေနွေးပူပူလေးနှင့်စိမ်ပြီးသောက်လို့ရတဲ့ ဆေးလဘက်ခြောက်လေးပါ
တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ်
ပါမောက္ခဒေါက်တာသိန်းဇော်လင်းကိုယ်တိုင်
မနေ့ကလာရောက်လှူဒါန်းသွားတာပါ
ကျွန်တော်သောက်ကြည့်တာတော့တော်တော်လေးကောင်းပါတယ်
ဒီနေ့တော့ ဆေးဝန်ထမ်းတွေရောလူနာတွေရောအတွက်
ကန်တော်နဒီဆေးရုံကို အထုပ်သေး ၁၀ထုပ်ပါ အထုပ် ၁၀၀
ကုတင် ၃၀၀ ဆေးရုံကိုအထုပ်သေး ၁၀ထုပ်ပါ အထုပ် ၁၀၀
ဇီပင်ကြီးကို အထုပ်သေး၁၀ ထုပ်ပါ အထုပ် ၂၀၀
ပေးပို့လှူဒါန်းပြီးသွားပါပြီ
ကျန်နေသေးတဲ့ အထုပ်သေး ၁၀ ထုပ်ပါ အထုပ် ၁၀၀ ကိုလဲ
ဆက်လက်လှူဒါန်းပေးသွားမှာပါ
MGH Isolation နဲ့ EM ကိုလည်းပို့ပေးမှာပါ
လေးညှင်း, ကွမ်း, သံပုရာ, နာနတ်ပွင့် ချင်း, နွယ်ချို ,လဘက်
စတဲ့ပစ္စည်း လေးတွေနဲ့ပါဝင်ဖော်စပ်ထားတာပါ
မွှေမွှေးလေး မြန်မာဆေး အနံ့လေးနဲ့မို့ သံပုရာသီးလေးတစိတ်လောက်ညှစ်သောက်လိုက်ရင် Covid ကိုလည်းကာကွယ်ပြီးသားဖြစ်လို့ Covid လူနာတွေနဲ့ ထိတွေ့ကုသပေးနေရတဲ့
ကျန်းမာရေးဝန်ထမ်းတွေနဲ့ တကယ်သင့်တော်ပါတယ်လို့ညွှန်းလိုက်ပါရစေ
စိးပွားဖြစ်ရောင်းမှာ မဟုတ်ပဲ လိုအပ်ရင်ထပ်မံဖော်စပ်ပြီးလှူဒါန်းပေးဦးမှာပါလို့ တိုင်းရင်းဆေးတက္ကသိုလ် ပါချုပ်ကြီးက ကတိပေးသွားပါတယ်
သောက်ကြည့်ကြနော်
ကြိုက်လို့ သောက်လို့ကုန်သွားရင်
ကျွန်တော့်ဆီဖုံးဆက်ပေးပါ ၀၉ ၂၀၀၂၁၆၃
တိုင်းရင်းဆေးတက္ကသိုလ်ကို ထပ်မှာပေးပါ့မယ်