Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

''(၄၂)ကြိမ်မြောက် တိုင်းရင်းဆေးမိသားစု ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပခြင်း''

(၄၂)ကြိမ်မြောက် တိုင်းရင်း‌ဆေးမိသားစု ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ် ဩဂုတ်လ(၁၉)ရက်နေ့ နေ့လည်(၂)နာရီ အချိန်တွင် တိုင်းရင်းဆေးတက္ကသိုလ် အခန်း(၂၀၂) တွင် ကျင်းပခဲ့ပါသည်။ 

ယင်းအခမ်းအနားပူဇော်လှူဒါန်းပွဲတွင် တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ တိုင်းရင်းဆေးဝါးထုတ်လုပ်‌ရေးစက်ရုံ၊ စက်ရုံမှူး၊ ဦးသန်းထွန်းအောင်၊ခုတင်(၁၀၀)ဆံ့သင်ကြားရေးတိုင်းရင်းဆေးရုံ၊ ဆေးရုံအုပ်၊ ဒေါ်မိုးသီတာဝင်း၊ တိုင်းဒေသကြီးဒုတိယဦးစီးဌာနမှူး၊ ဒေါ်ချိုသဲလတ်၊ ပါမောက္ခ/ဌာနမှူးများ၊ ဒုတိယပါမောက္ခများ၊ ကထိက/ဌာနမှူးများ၊ ဆရာ/မများ ကျောင်းသား၊ ကျောင်းသူများ၊ တိုင်းရင်းဆေးမိသားစုဝန်ထမ်းများ တက်‌ရောက်ခဲ့ကြပါသည်။ 

သီတဂူဗုဒ္ဓတက္ကသိုလ်မှ ကျောင်းအုပ်ဆရာ‌တော်ကြီးထံမှ ငါးပါးသီလခံယူခဲ့ပြီး ဆရာတော်သံဃာတော်ရှင်သူမြတ်(၁၁)ပါးတို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုငွေအစုစုတို့ကို ရေစက်သွန်းချ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

#HMK

 

Visitors

Today 67

Yesterday 165

Week 412

Month 4545

All 137203

Currently are 8 guests and no members online

2025-2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.