ယနေ့(၂၆-၁၂-၂၀၂၂)ရက်နေ့ နံနက်(၉း၃၀)အချိန်တွင် တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် “လူငယ်စကားဝိုင်း” အခမ်းအနားကျင်းပခြင်း အစီအစဉ်ကို မန္တလေး တိုင်းရင်းဆေးတက္ကသိုလ်၊ အခန်းအမှတ်(၂၀၂) တွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာသိန်းဇော်လင်း ၊ ပါမောက္ခ/ဌာနမှူးများ ၊ တိုင်းရင်းဆေးဝါးစက်ရုံ စက်ရုံမှူး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးနှင့် နှင့် ဆရာ/မများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားကို အစီအစဉ် ၅ ရပ်ဖြင့် ကျင်းပခဲ့ရာ စကားဝိုင်းတွင် ကျောင်းသား/သူ(၅)ဦးက “လူငယ်နှင့် ပညာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ “လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ “လူငယ်နှင့် အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ “လူငယ်နှင့်မူးယစ်ဆေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ “လူငယ်နှင့်လူကုန်ကူးမှု” ခေါင်းစဉ်ဖြင့် လည်းကောင်း ပါဝင်ဆွေးနွေးခဲ့ကြပါသည်။ အခမ်းအနားအပြီးတွင် ကျောင်းသား/သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ပြီး၊ မှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးပြီး အခမ်းအနားကို နံနက်(၁၁း၃၀)တွင် အောင်မြင်စွာပြီးစီးကျင်းပခဲ့ပါသည်။
#Hmk
၎
င
၎
၎