မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီစုံညီပွဲတော်ကျင်းပပွဲ ကို ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၂၈)ရက်နေ့တွင် မန္တလာသီရိအားကစားကွင်းအတွင်း၌ ကျင်းပရာတွင် ဆေးနှင့်ဆေးနှီးနွယ် တက္ကသိုလ်များမှ ပြခန်းများ နှင့် လူငယ်ပဒေသာပြပွဲအစီအစဉ်များဖြင့် ပူးပေါင်းပါဝင်ဆင်နွဲပြသခဲ့ကြပါသည်။ ယင်းပြပွဲအခမ်းအနားတွင် ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာသိန်းဇော်လင်း ဦးဆောင်၍ တိုင်းရင်းဆေးတက္ကသိုလ်မှ တက္ကသိုလ်ပြခန်းနှင့်အတူ တိုင်းရင်းပရဆေးများ လူထုကို အကျိုးပြုပုံများ မီးဖိုချောင်သုံးဆေးနည်းပြကွက်များ၊ တိရိစ္ဆာန်ထွက်ဆေးပစ္စည်းပြကွက်များ၊ ပရဆေးပင်များ အသုံးပြုပုံများ အား လက်တွေ့ကိုင်တိုင်ကြည့်ရှုနိုင်ရန်ပြခန်းပြကွက်များဖြင့် ပါဝင်ဆင်နွဲပြသခဲ့ကြပါသည်။ #HMK