Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

"တိုင်းရင်းဆေးပညာရပ်ဆိုင်ရာစာအုပ်များ လွှဲပြောင်းလက်ခံခြင်း အခမ်းအနား"

၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၂)ရက်နေ့ နံနက် (၁၀:၀၀)နာရီ တွင် အခန်းအမှတ်(၂၀၂) တွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး မှ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)သို့ တိုင်းရင်းဆေးပညာရပ်တိုင်ရာ စာအုပ်ပေါင်း (၁၅၀) အား လှူဒါန်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ     ယင်းအခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစုစုဒွေး၊ တိုင်းရင်းဆေးတက္ကသိုလ်၊ ပါမောက္ခချုပ် ၊ ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊  အိန္ဒိယနိုင်ငံ Mr. Vinay Kumar, Ambassador, Embassy of India, Yangon, Mr. Kyljit Singh, Consul, Consulate General of India, Mandalay, Mr. Lalit Kumar, Second Ambassador, Embassy of India, Yangon, Mr. T. Binod, A S O, Consulate General of India, Mandalay, Mr. D. Bhoi, A S O, Consulate General of India, Mandalay, Mr. Rohit, Consulate General of India, Mandalay နှင့် မန္တလေးတိုင်းဒေသကြီးမှ အကြီးအကဲများ၊ တက္ကသိုလ်မှ ဆရာ/မများ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။  ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် သံအမတ်ကြီးနှင့် အဖွဲ့တို့သည် တက္ကသိုလ် စာကြည့်တိုက်နှင့် တိုင်းရင်းဆေး ပြတိုက်များသို့ လှည့်လည်ကြည့်ရှုခဲ့ပါသည်။ #HMK

 

Visitors

Today 13

Yesterday 20

Week 13

Month 529

All 38099

Currently are 132 guests and no members online

2023 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.