(၁၅-၂-၂၀၂၅) ရက်နေ့ နံနက် (၉:၀၀)နာရီ အခန်းအမှတ်(၂၀၂) တိုင်းရင်းဆေးတက္ကသိုလ် တွင် CTME Programme ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းအစီအစဉ်တွင် သဘာပတိများအဖြစ် တိုင်းရင်းဆေးတက္ကသိုလ် ဂုဏ်ထူးဆောင်ပါမောက္ခ၊ ပါမောက္ခဝင်းနိုင်၊ ခုတင်(၁၀၀)ဆံ့ သင်ကြားရေးတိုင်းရင်းဆေးရုံ မန္တလေး၊ ဆေးရုံအုပ်ကြီး၊ ဒေါ်မိုးသီတာဝင်း တို့က ဆောင်ရွက်ပြီး တိုင်းရင်းဆေးတက္ကသိုလ်၊ ဆေးပညာဌာန၊ ကထိက၊ ဒေါ်သီတာဦး "နက္ခတ် (၂၇)လုံးနှင့် လူသားတို့၏ ကျန်းမာရေးအခန်းကဏ္ဍ“ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နည်းပြ၊ ဒေါ်မြသီတာစိုး က “ဂေါက် အဆစ်ရောင်ရောဂါ (Vatarakta) အကြောင်းသိကောင်းစရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့ဆွေးနွေးခဲ့ပါသည်။
အခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ်၊ ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဦးတင့်လွင်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခဌေးလွင်၊ တိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီး ဒုတိယတိုင်းဦးစီးဌာနမှူး၊ ဒေါ်ချိုသဲလတ် (တိုင်းဦးစီးမှူးတာဝန်)၊ ပါမောက္ခ/ဌာနမှူးများ ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေး ဆရာအသင်းမန္တလေး ဒုတိယဥက္ကဋ္ဌ ဦးသင်း၊ နှင့် ကထိက/ဌာနမှူးများ၊ တိုင်းရင်းဆေးနှီးနွယ်ဌာနများမှ ဆရာ/မများ၊ ပြင်ပမှ တိုင်းရင်းဆေးပညာစိတ်ပါဝင်စားသူများ ကျောင်းသား/သူများ တက်ရောက်ခဲ့ရာ တက်ရောက်လာသူများမှ သိလိုသည်များကို မေးမြန်းဆွေးနွေးပီး အစီအစဉ်ကို (၁၂)နာရီ တွင် ပြီးမြောက်ပါသည်။ ၎င်းအခမ်းအနားအစီအစဉ်တွင် ဦးသန့်စင်ထွန်း+ဒေါ်ခိုင်စံပယ်၊ မင်းမြန်မာ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမိသားစု ဖြူးမြို့ က ကူညီပံ့ပိုးထားပါသည်။