Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

''၂၀၂၅ခု ပါမောက္ခချုပ်ဖလား ကျောင်းသားအားကစားပြိုင်ပွဲ ကျင်းပခြင်း''

၂၀၂၅ ခုနှစ် ဇူလိုင်လ (၂၄)ရက်နေ့၊ နေ့လယ် (၃း၃၀)နာရီ တွင် တိုင်းရင်းဆေးတက္ကသိုလ် ဘောလုံးအားကစားကွင်း၌ ပါမောက္ခချုပ်ဖလား ကျောင်းသားအားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကို ကျင်းပပြုလုပ်ခဲ့ပါသည်။  ဖွင့်ပွဲအခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာသိန်းဇော်လင်း က အားကစားပြိုင်ပွဲ အဖွင့်အမှာစကား ပြောကြားပြီး နောက် ပြိုင်ပွဲဝင် အားကစားကျောင်းသား/သူများက အားကစားအဓိဋ္ဌာန် ရွတ်ဆိုကြပါသည်။ ယင်းအခမ်းအနားတွင် ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခဌေးလွင်၊  ပါမောက္ခ/ဌာနမှူးများ၊ တိုင်းဒေသကြီး ဦးစီးဌာနမှူး၊ ဦးသာဝင်း၊ ခုတင်(၁၀၀)ဆံ့ သင်ကြားရေး တိုင်းရင်းဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး၊ ဒေါ်မိုးသီတာဝင်း၊ တိုင်းရင်းဆေးဝါးလုပ်ငန်းစက်ရုံ၊ စက်ရုံမှူး ဦးသန်းထွန်းအောင်၊ တိုင်းရင်းဆေးတက္ကသိုလ်၊ မော်ကွန်းထိန်း ဦးမြင့်အေး၊ ဆရာ/မများ၊ ဝန်ထမ်းများ၊ ကျောင်းသား/သူများတက်ရောက်ခဲ့ကြပါသည်။ ကျောင်းသားအားကစားပြိုင်ပွဲတွင် ဘောလုံး(ကျား/မ)၊ ပြေးခုန်ပစ်(သံလုံး/သံပြား)၊ လွန်ဆွဲပွဲ နှင့် မုန့်စား၊ ခြေထောက်ကြိုးချည်အားကစား ‌စသော ကစားနည်း(၅)မျိုးဖြင့် (၂၃-၇-၂၀၂၅) ရက်နေ့မှ (၃၀-၇-၂၀၂၅) ရက်နေ့ထိ ပြိုင်ပွဲကျင်းပသွားမည်ဖြစ်ပါသည်။ 

#HMK

 

 

Visitors

Today 81

Yesterday 116

Week 197

Month 2317

All 122724

Currently are 20 guests and no members online

2025-2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.