Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

“တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး (၁၅) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကျင်းပခြင်း”

 (၁၄) ကြိမ်မြောက် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် တိုင်းရင်းတက္ကသိုလ်၊ မန္တလေး၏ (၁၅) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံက် (၉) နာရီတွင် တိုင်းရင်းဆေးတက္ကသိုလ်နယ်မြေ၊ ဧကရာဇ်ခန်းမ၌ ကျင်းပရာ တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ ပါမောက္ခ/ဌာနမှူးများ၊ ဒုတိယပါမောက္ခနှင့် ကထိက/ဌာနမှူးများ၊ မော်ကွန်းထိန်း ဦးမြင့်အေး၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ သွေးလှူဘဏ်မှ တာဝန်ရှိသူ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ သွေးအလှူရှင်များ တက်ရောက်ကြပါသည်။ အဆိုပါသွေးလှူဒါန်းပွဲတွင် ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ စုပေါင်း သွေးလှူဒါန်းကြရာ သွေးအိတ်ပေါင်း (၇၅) အိတ်လှူဒါန်းနိုင်ပြီး သွေးလှူဘဏ်မှ ဂုဏ်ပြုလက်မှတ် ပြန်လည်ပေးအပ်ခဲ့ပါသည်။

 

Visitors

Today 85

Yesterday 172

Week 257

Month 3253

All 135911

Currently are 6 guests and no members online

2025-2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.