Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

(၁၁၂)ကြိမ်မြောက် CTME စာတမ်းဖတ်ပွဲ ကျင်းပခြင်း

 တိုင်းရင်းဆေးတက္ကသိုလ် နှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း (မန္တလေးတိုင်းဒေသကြီး)တို့ ပူးပေါင်းကျင်းပသော တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ်(၁၁၂)ကြိမ်မြောက် CTME စာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့(၁၃-၈-၂၀၂၂)ရက် တိုင်းရင်းဆေးတက္ကသိုလ်တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာသိန်းဇော်လင်း နှင့် တိုင်းရင်းဆေးဆရာအသင်းမှ ဒုတိယဥက္ကဋ္ဌ ၊ နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ ဆရာ/မများ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပီး စာတမ်းဟောပြော သူ များ အဖြစ်…
ဒေါ်ဖြိုးသဉ္ဇာ၊ နည်းပြ၊ အကြောအရိုးအဆစ်ပညာဌာနက '' သိန္ဓိဂတ ဝါတကြောင့်ဖြစ်သော ဂရိဝသူလ (ဇက်နာကျင်ကိုက်ခဲခြင်း)တွင် ဂရိဝ ဝတ္တိကုထုံး၏ အာနိသင်ထက်မြက်မှုကို လေ့လာသုံးသပ်တင်ပြခြင်း’'  ခေါင်းစဉ်ဖြင့် လည်းကောင်း…..
ဒေါ်ခင်ငြိမ်းချမ်းစု၊ နည်းပြ၊ အကြောအရိုးအဆစ်ပညာဌာနက ''ခါးရိုးဆစ် ကျီးပေါင်းကြောင့်ဖြစ်သော ခါးနာရောဂါတွင် အပ်စိုက်ကုထုံး၏ အာနိသင်ကို လေ့လာခြင်း '' ခေါင်းစဉ်ဖြင့်လည်းကောင်း ‌စာတမ်းဖတ်ကြားဟောပြောပြီး
သဘာပတိများအဖြစ် ...
(၁) ဦးမြင့်လွင်၊ နာယက၊ တိုင်းရင်းဆေးကောင်စီ၊

(၂) ဦးစန်းလွင်၊ တိုင်းဒေသကြီးဦးစီးဌာနမှူး(ငြိမ်း)၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး တို့က ဆောင်ရွက်ခဲ့ပြီး စာတမ်းများဖတ်ကြားမှုအပြီးတွင် မေးမြန်းဆွေးနွေးခြင်း နှင့် ပဟေဠိအစီအစဉ် များ ဆက်လက်ကျင်းပပြီး

အစီအစဉ်ကို နံနက်(၉)နာရီမှ ၁၂ နာရီထိကျင်းပခဲ့ပါသည်။

ဤအစီအစဉ်ဖြစ်မြောက်ရေးအတွက် ဒေါ်ထူးထူး (ထူး- တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး မတ္တရာမြို့ )  မိသားစုတို့က  ကူညီပံ့ပိုးထားပါသည်။

 

Visitors

Today 21

Yesterday 172

Week 193

Month 3189

All 135847

Currently are 22 guests and no members online

2025-2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.