Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

"CTME Progrmmme အခမ်းအနားကျင်းပခြင်း''

(၁၁-၉-၂၀၂၄) ရက်နေ့ နံနက် (၉:၀၀)နာရီ အခန်းအမှတ်(၂၀၂) တိုင်းရင်းဆေးတက္ကသိုလ် တွင် CTME Programme ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းအစီအစဉ်တွင် သဘာပတိများအဖြစ် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့၊ အဖွဲ့ဝင်၊ ဦးမြင့်လွင်၊ ဂုဏ်ထူးဆောင်ပါမောက္ခ ပါမောက္ခမောင်မောင်သက်တို့က ဆောင်ရွက်ပြီး  တိုင်းရင်းဆေးတက္ကသိုလ်၊ အကြောအရိုးအဆစ်ပညာဌာန၊ ကထိက၊ ဒေါ်နိုင်းကီးမြူးမံ က “ Parkinson’s Diseases and Traditional Medicine Treatments in Ayurvedic Medicine ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊  နည်းပြ၊ ဒေါ်တိုးတိုးနွယ်က  “လက်ကပ်ဝေဒနာနှင့် အပ်စိုက်ကုထုံး၏ အကျိုးအာနိသင်” ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့ဆွေးနွေးခဲ့ပါသည်။ 

အခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ်၊ ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဦးတင့်လွင်၊  ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခဌေးလွင်၊ မော်ကွန်းထိန်း၊ ဦးမြင့်အေး၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှူး၊ ဒေါ်ခင်ဖြူသက်၊ တိုင်းရင်းဆေးရုံအုပ်ကြီး ဒေါ်မိုးသီတာဝင်း၊ ပါမောက္ခ/ဌာနမှူးများ ၊  မြန်မာနိုင်ငံ တိုင်းရင်းဆေး ဆရာအသင်းမန္တလေး ဒုတိယဥက္ကဋ္ဌ ဦးသင်း၊ နှင့် ကထိက/ဌာနမှူးများ၊ တိုင်းရင်းဆေးနှီးနွယ်ဌာနများမှ ဆရာ/မများ၊ ပြင်ပမှ တိုင်းရင်းဆေးပညာစိတ်ပါဝင်စားသူများ ကျောင်းသား/သူများ တက်ရောက်ခဲ့ရာ တက်ရောက်လာသူများမှ သိလိုသည်များကို မေးမြန်းဆွေးနွေးပီး အစီအစဉ်ကို (၁၂)နာရီ တွင် ပြီးမြောက်ပါသည်။  ၎င်းအခမ်းအနားအစီအစဉ်တွင် ဦးသန့်စင်ထွန်း+ဒေါ်ခိုင်စံပယ်၊ မင်းမြန်မာ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမိသားစု  ဖြူးမြို့  က ကူညီပံ့ပိုးထားပါသည်။

 

Visitors

Today 6

Yesterday 44

Week 251

Month 318

All 57441

Currently are 6 guests and no members online

2025 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.