၁၁/၂၀၂၄ Traditional Medicine, Medical Year I မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးအပ်ပွဲ အခမ်းအနားကို တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေးတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် ဝန်ကြီးများ၊ တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ တိုင်းရင်းဆေးတက္ကသိုလ်၏ ဂုဏ်ထူးဆောင်ပါမောက္ခကြီးများ၊ ဆေးနှင့် ဆေးနှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်ကြီးများ၊ တိုင်းရင်းဆေးပညာ ရပ်ဆိုင်ရာ အကြံပေးအဖွဲ့ (အဖွဲ့ဝင်ဆရာကြီးများ)၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ ဌာနမှူး ဆရာမကြီးများ၊ တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၊ ခုတင် (၁၀၀) ဆံ့ သင်ကြားရေးတိုင်းရင်းဆေးရုံ (ဆေးရုံအုပ်ကြီး)၊ တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး (စက်ရုံမှူး)၊ ဖိတ်ကြားထားသော ဧည့်သည်တော်ကြီးများ၊ ဆရာ/ဆရာမ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ သစ်လွင်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်မိန့်ခွန်းနှင့် ကြိုဆိုနှုတ်ခွန်းစကားပြောကြားပါသည်။ ထိုနောက် စတုတ္ထနှစ် ကျောင်းသူတစ်ဦးက ကြိုဆိုနှုတ်ခွန်းဆက်စကား၊ Traditional Medicine, Medical Year I ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားခြင်း၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်က ကျောင်းသား/သူများအား ဂုဏ်ပြုဆုငွေပေးအပ်ခြင်း၊ ဆုရကျောင်းသား၊ ကျောင်းသူများကို ဆုချီးမြှင့်ကြကာ ကျောင်းသား၊ ကျောင်းသူများက အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြကြောင်း သတင်းရရှိပါသည်။