Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

တိုင်းရင်းဆေးတက္ကသိုလ် Lunch Time Talk အခမ်းအနား ကျင်းပ

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၉)ရက်၊ ဗုဒ္ဓဟူးနေ့

တိုင်းရင်းဆေးတက္ကသိုလ် Lunch Time Talk အခမ်းအနား ကျင်းပ
=====================================

မန္တလေးမြို့၊ ​အောင်​မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်ရှိ
တိုင်းရင်းဆေးတက္ကသိုလ်၌ ယနေ့ (၂၉-၁-၂၀၂၀)ရက်၊ နံနက် ၁၁:၃၀ နာရီတွင် Medical Education Unit မှ ဦးဆောင်ကျင်းပသော Lunch Time Talk အခမ်းအနားကို အခန်းအမှတ် (၁၀၇)၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ် (စီမံ) ဦးဝင်းဟန်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)ဦးဝင်းစိုး၊ Emeritus Professors များ၊ ပါမောက္ခဌာနမှူးများ၊ ဆရာ၊ဆရာမများ၊ မန္တလေး သင်ကြားရေး ဆေးရုံမှ စိတ် ဝင်စားသော ဆရာ ဆရာမများ၊ ဆေးဝါးစက်ရုံမှ စိတ်ဝင်စားသူများ၊ စိတ်ဝင်စားကြသော ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဤအခမ်းအနားတွင် သဘာပတိအဖြစ် တိုင်းရင်းဆေးတက္ကသိုလ်၊ အင်္ဂလိပ်စာ ဌာနမှူး ဦးသန်းဉီးက ဆောင်ရွက်ပြီး၊ Speaker အဖြစ် ဒေါ်စောစန္ဒီဆွေ (လက်​ထောက် ကထိက၊ အင်္ဂလိပ်စာဌာန)က ''How to Self-study English'' ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာကြသူများက ဆွေးနွေးမေးမြန်းကြကာ အခမ်းအနားကို မွန်းလွဲ ၁၂:၄၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

Visitors

Today 110

Yesterday 182

Week 885

Month 110

All 125921

Currently are 5 guests and no members online

2025-2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.