Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၅)ရက်၊ ဗုဒ္ဓဟူးနေ့ တိုင်းရင်းဆေးတက္ကသိုလ် Lunch Time Talk အခမ်းအနား ကျင်းပ

၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၅)ရက်၊ ဗုဒ္ဓဟူးနေ့

တိုင်းရင်းဆေးတက္ကသိုလ် Lunch Time Talk အခမ်းအနား ကျင်းပ
=====================================

မန္တလေးမြို့၊ ​အောင်​မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်ရှိ
တိုင်းရင်းဆေးတက္ကသိုလ်၌ ယနေ့ (၅-၂-၂၀၂၀)ရက်၊ နံနက် ၁၀:၃၀ နာရီတွင် Medical Education Unit မှ ဦးဆောင်ကျင်းပသော Lunch Time Talk အခမ်းအနားကို အခန်းအမှတ် (၂၀၂)၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ် (စီမံ) ဦးဝင်းဟန်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)ဦးဝင်းစိုး၊ Emeritus Professors များ၊ ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများအားလုံး၊ မန္တလေး သင်ကြားရေး ဆေးရုံမှ စိတ်ဝင်စားသော ဆရာ၊ ဆရာမများ၊ ဆေးဝါးစက်ရုံမှ စိတ်ဝင်စားသူများ၊ တိုင်းရင်းဆေးတက္ကသိုလ် တွင်တက်ရောက်ပညာသင်ကြားနေသော အတန်းစုံမှ ကျောင်းသား ကျောင်းသူများအားလုံး တက်ရောက်ခဲ့ကြသည်။

ဤအခမ်းအနားတွင် သဘာပတိအဖြစ် တိုင်းရင်းဆေးတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ သိန်းဇော်လင်းက ဆောင်ရွက်ပြီး၊ Speaker အဖြစ် ဒေါက်တာရတနာ (လက်​ထောက် ကထိက၊ တိုင်းရင်းဆေးတက္ကသိုလ်)က ''Prevention of Novel Coronavirus 2019 (2019-nCoV) infection'' ခေါင်းစဉ်ဖြင့် ရောဂါပိုး၏ အမည်ပေါ်ပေါက်လာပုံ၊ ဆက်စပ်ပိုးများ၊ ယခု လက်ရှိ သေဆုံးမှုနှင့် ကူးစက်မှု ကိန်းဂဏန်းများ၊ ကူးစက်မှု အဆင့်ဆင့်၊ WHO က ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လက်ရှိလုပ်နေသည့် အကြောင်းအရာများ၊ ကျန်းမာရေးဝန်ထမ်းများ လိုက်နာရမည့် ကျင့်ဝတ်များ၊ Social Media အချို့မှ မှားယွင်း​​သောသတင်းများ၊ ရောဂါ ကူးစက်နိုင်သည့် နည်းလမ်းများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အသေးစိတ်ထုတ်ပြန်ထားသည့် ကာကွယ်ရမည့် နည်းလမ်းများ၊ ရောဂါပိုး၏ တကယ်ယုံကြည်ရမည့် သတင်းများ၊ မယုံကြည်ရမည့် သတင်းများ၊ Facebook မှ ဇာတ်လမ်းဆန်ဆန် မဟုတ်သတင်းများ၊ မသေချာသေးသည့် အချက်အလက်များ၊ အပြောထက် အလုပ်ဦးစားပေးလုပ်ရမည့် အရာများစသည် ထောင့်စုံမှ ဆွေးနွေးတင်ပြခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများက ဆွေးနွေးမေးမြန်းကြကာ အခမ်းအနားကို မွန်းလွဲ ၁၁:၄၅ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

Visitors

Today 81

Yesterday 190

Week 955

Month 81

All 108672

Currently are 26 guests and no members online

2025-2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.