(၈-၅-၂၀၂၄) ရက်နေ့ နံနက် (၁၀:၀၀)နာရီ အခန်း(၁၀၇)တွင် တိုင်းရင်းဆေးတက္ကသိုလ် တွင် Lunch Time Programme ကျင်းပပြုလုပ်ခဲ့ပါသည်။
ယင်းအစီအစဉ် တွင် သဘာပတိအဖြစ် ဆေးပညာဌာနမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခဌေးလွင်က ဆောင်ရွက်ပြီး ဆေးပညာဌာန နည်းပြ ဒေါ်လှိုင်လှိုင်မြင့် “Lithotherapy” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲတွင် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာ သိန်းဇော်လင်း၊ ပါမောက္ခ/ဌာနမှူးများ၊ ကထိက/ဌာနမှူးများ၊ တိုင်းရင်းဆေးနှီးနွယ် ဌာနများမှ ဆရာ/မများ၊ ကျောင်းသား/သူများတက်ရောက်ခဲ့ရာ တက်ရောက်လာသူများမှ သိလိုသည်များကို မေးမြန်းဆွေးနွေးပီး အစီအစဉ်ကို (၁၂)နာရီ တွင် ပြီးမြောက်ပါသည်။