Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၆)ရက်၊ ကြာသပတေးနေ့

တိုင်းရင်းဆေး မိသားစု ၏ ၄၂ကြိမ်မြောက် ဘုံမဟာကထိန်ပွဲ ကျင်းပရေး အတွက် ဒုတိယအကြိမ်
ညှိနှိုင်း အစည်းအဝေး ကို
တိုင်းရင်းဆေးတက္ကသိုလ် အခန်း (၁၀၇)တွင်ယနေ့ မွန်းလွဲ ၂နာရီ တွင် ကျင်းပပါသည်။

အစည်းအဝေး သို့ တိုင်းရင်းဆေး တက္ကသိုလ် ၊ ခုတင်၁၀၀ မန္တလေး တိုင်းရင်းဆေးရုံကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ မန္တလေး တိုင်းရင်းဆေးဆရာအသင်း တို့မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ကျင်းပရေး ကော်မတီ (၁၁)ခု မှ ဥက္ကဌ အတွင်းရေးမှူးများက ကော်မီတီ အလိုက် တင်ပြကြကြောင်း သတင်းရရှိပါသည်။

 

 

 

 ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၆)ရက်၊ ကြာသပတေးနေ့။

တိုင်းရင်းဆေးတက္ကသိုလ် ၂၀၁၉ ပညာသင်နှစ် နောက်ဆုံးနှစ် ကျောင်းသား များအား နှုတ်ဆက်ပွဲ ကို၁၅ကြိမ်မြောက် အောင်မြင်စွာ ကျင်းပနိုင်ရန် တွေ့ဆုံမှာကြား
===================
တိုင်းရင်းဆေးတက္ကသိုလ် ၂၀၁၉ ပညာသင်နှစ် နောက်ဆုံးနှစ် ကျောင်းသား များအား နှုတ်ဆက်ပွဲ ကို အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက်
ကျောင်းသားခေါင်းဆောင်(EC) များ နှင့်
ဆရာ၊ဆရာမများအား တိုင်းရင်းဆေးတက္ကသိုလ် အခန်း (၁၀၇) ၌ တိုင်းရင်းဆေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ်က သြဝါဒစကားနှင့် အမှာစကား တွေ့ဆုံမှာကြားခဲ့သည်။

အဆိုပါ အခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသိန်းဇော်လင်း၊ မော်ကွန်းထိန်း၊ ဌာနမှူးများနှင့် တာဝန်ရှိသော ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ပြီး ပွဲကျင်းပရေး ကော်မတီဖွဲ့စည်းခြင်း၊ စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ခြင်း၊ လိုအပ်သော ကိစ္စများ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

၂၀၁၉ ခုနှစ်၊ စက်တင်ဘာ​​လ (၂၃)ရက်၊ တနင်္လာနေ့။
===========
တိုင်းရင်းဆေးတက္ကသိုလ်၊ ဌာနမှူး / ဌာနတာဝန်​ခံ များ အစည်းအ​ဝေး ကို ပါ​မောက္ခချုပ်​ရုံးခန်း တွင်ယ​နေ့ ည​နေ ၂:၅၀ တွင်​ ကျင်းပပါသည်။

အစည်းအ​ဝေး ​သို့ တိုင်းရင်း​ဆေး တက္ကသိုလ်​ ၊ ပါ​မောက္ခချုပ်​ ပါ​မောက္ခ Dr. သိန်း​ဇော်​လင်း ၊ ​မော်​ကွန်းထိန်း ဦးထွန်း​မောင်​၊ဌာနအသီးသီး တို့မှ တာဝန်​ရှိသူ​များ တက်​​ရောက်​ကြပြီး သင်​ကြားစီမံကိစ္စများ၊ စာ​မေးပွဲကိစ္စများ၊ ဘက်​စုံဖွံ့ဖြိုး​ရေး ကိစ္စများ ​ဆွေ​နွေးကြ​ကြောင်း သတင်းရရှိပါသည်​။
=========

 

 

၂၀၁၉ ခုနှစ်၊ စက်တင်ဘာ​​လ (၂၃)ရက်၊ တနင်္လာနေ့။

တိုင်းရင်း​ဆေး မိသားစု ၏ ၄၂ကြိမ်​​မြောက်​ ဘုံမဟာကထိန်​ပွဲ ကျင်းပ​ရေး ပထမညှိနှိုင်း အစည်းအ​ဝေး ကို
တိုင်းရင်းဆေးတက္ကသိုလ် အခန်​း (၁၀၇)တွင်ယ​နေ့ မွန်းလွဲ ၁နာရီ တွင် ​​ကျင်းပပါသည်။

အစည်းအ​ဝေး ​သို့ တိုင်းရင်း​ဆေး တက္ကသိုလ်​ ၊ ခုတင်၁၀၀ မန္တ​လေး ​တိုင်းရင်း​ဆေးရုံကြီး၊ တိုင်း​ဒေသကြီးဦးစီးမှူးရုံး၊ မန္တ​လေး တိုင်းရင်း​ဆေးဆရာအသင်း တို့မှ တာဝန်​ရှိသူ​များ တက်​​ရောက်​ကြ​ကြောင်း သတင်းရရှိပါသည်​။
=========

 

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၀)ရက်၊ သောကြာနေ့။

တိုင်းရင်းဆေးတက္ကသိုလ်တွင် နံရံကပ်စာစောင်ဖွင့်လှစ်ပွဲ၊ စာပေဟောပြောပွဲနှင့် စကားရည်လုပွဲများ ကျင်းပ
======================================

တိုင်းရင်းဆေးတက္ကသိုလ်၊ စာပေနှင့်အနုပညာအသင်းက ဦးဆောင်၍ သင်းပျံ့မွှေးကြည် စာနုပန်းချီ အမည်ဖြင့် နံရံကပ်စာဆောင်ဖွင့်လှစ်ပွဲ၊ စာပေဟောပြောပွဲနှင့် စကားရည်လုပွဲများကို စက်တင်ဘာလ (၂၀)ရက်၊ မွန်းတည့် (၁၂းဝ၀)နာရီတွင် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)ရှိ အခန်း(၂၁၅)နှင့် ဘွဲ့နှင်းသဘင်ခန်းမတို့၌ ကျင်းပရာ တိုင်းရင်းဆေးတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသိန်းဇော်လင်းနှင့် ဒုတိယပါမောက္ခချုပ်(စီမံ) ဦးထွန်းမြင့်၊ စာပေနှင့်အနုပညာအသင်း ဥက္ကဋ္ဌ ဒေါ်ထိပ်တင်မြတ် (မြန်မာစာဌာနမှူး) တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါအခမ်းအနားတွင် စာရေးဆရာဂျိုဇော် (ဒေါက်တာစိုးဝင်း)၊ စာရေးဆရာ ဒေါက်တာမောင်မောင်လေး(မန္တလေးတက္ကသိုလ်)၊ တိုင်းရင်းဆေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒုတိယပါမောက္ခချုပ်(စီမံ)၊ တိုင်းရင်းဆေးတက္ကသိုလ် သင်ကြားရေးဌာနများမှ ပါမောက္ခ ဌာနမှူးများ၊ ကထိက ဌာနမှူးများနှင့် ဌာနတာဝန်ခံများ၊ မော်ကွန်းထိန်း၊ ကျောင်းသား သမ္မဂ္ဂနှင့် အတန်းအသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ၊ တက်ရောက်ခဲ့သည်။

ထို့နောက် တိုင်းရင်းဆေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ်က အမှာစကား ပြောကြားခဲ့ကာ စာရေးဆရာ (၂)ဦးမှ စာပေအကြောင်းများ ဟောပြောခဲ့ကြသည်။ စာပေဟောပြောပွဲအပြီးတွင် စကားရည်လုပွဲကို ဆက်လက် ကျင်းပခဲ့သည်။

ဆက်လက်ပြီး ဆုပေးပွဲ အခမ်းအနားကို ကျင်းပခဲ့ကာ ခေတ္တပါမောက္ခချုပ်က အမှာစကားပြောကြားပြီး ဆုပေးပွဲတွင် အကောင်းဆုံးဝတ္ထုရှည် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရှင်များ၊ အကောင်းဆုံးဝတ္ထုတို ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရှင်များ၊ အကောင်းဆုံး ဆောင်းပါး ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရှင်များ၊ အကောင်းဆုံး ကဗျာ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရှင်များ၊ အကောင်းဆုံး ကာတွန်းဆုရှင်များ၊ ဓာတ်ပုံပြိုင်ပွဲ ဆုရရှိသူများနှင့် စကားရည်လုပွဲတွင် ပထမ၊ ဒုတိယဆု ရရှိကြသူများအား ဆုများအသီးသီး ပေးအပ်ခဲ့ကြသည်။ ထို့နောက် အခမ်းအနားကို ညနေ (၅း၁၅)နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

 

Visitors

Today 24

Yesterday 95

Week 119

Month 1071

All 72221

Currently are 16 guests and no members online

2025-2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.