Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

2019 ပညာသင်နှစ် UTM ဘွဲ့ကြိုကျောင်းသားကျောင်းသူများ၏ အာစရိယပူဇော်ပွဲ။
=======
၄-၁၀-၂၀၁၉ သောကြာနေ့ မွန်းလွဲ ၂:၀၀နာရီ

 

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၆)ရက်၊ ကြာသပတေးနေ့

တိုင်းရင်းဆေး မိသားစု ၏ ၄၂ကြိမ်မြောက် ဘုံမဟာကထိန်ပွဲ ကျင်းပရေး အတွက် ဒုတိယအကြိမ်
ညှိနှိုင်း အစည်းအဝေး ကို
တိုင်းရင်းဆေးတက္ကသိုလ် အခန်း (၁၀၇)တွင်ယနေ့ မွန်းလွဲ ၂နာရီ တွင် ကျင်းပပါသည်။

အစည်းအဝေး သို့ တိုင်းရင်းဆေး တက္ကသိုလ် ၊ ခုတင်၁၀၀ မန္တလေး တိုင်းရင်းဆေးရုံကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ မန္တလေး တိုင်းရင်းဆေးဆရာအသင်း တို့မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ကျင်းပရေး ကော်မတီ (၁၁)ခု မှ ဥက္ကဌ အတွင်းရေးမှူးများက ကော်မီတီ အလိုက် တင်ပြကြကြောင်း သတင်းရရှိပါသည်။

 

 

 

 ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၆)ရက်၊ ကြာသပတေးနေ့။

တိုင်းရင်းဆေးတက္ကသိုလ် ၂၀၁၉ ပညာသင်နှစ် နောက်ဆုံးနှစ် ကျောင်းသား များအား နှုတ်ဆက်ပွဲ ကို၁၅ကြိမ်မြောက် အောင်မြင်စွာ ကျင်းပနိုင်ရန် တွေ့ဆုံမှာကြား
===================
တိုင်းရင်းဆေးတက္ကသိုလ် ၂၀၁၉ ပညာသင်နှစ် နောက်ဆုံးနှစ် ကျောင်းသား များအား နှုတ်ဆက်ပွဲ ကို အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက်
ကျောင်းသားခေါင်းဆောင်(EC) များ နှင့်
ဆရာ၊ဆရာမများအား တိုင်းရင်းဆေးတက္ကသိုလ် အခန်း (၁၀၇) ၌ တိုင်းရင်းဆေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ်က သြဝါဒစကားနှင့် အမှာစကား တွေ့ဆုံမှာကြားခဲ့သည်။

အဆိုပါ အခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသိန်းဇော်လင်း၊ မော်ကွန်းထိန်း၊ ဌာနမှူးများနှင့် တာဝန်ရှိသော ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ပြီး ပွဲကျင်းပရေး ကော်မတီဖွဲ့စည်းခြင်း၊ စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ခြင်း၊ လိုအပ်သော ကိစ္စများ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

၂၀၁၉ ခုနှစ်၊ စက်တင်ဘာ​​လ (၂၃)ရက်၊ တနင်္လာနေ့။
===========
တိုင်းရင်းဆေးတက္ကသိုလ်၊ ဌာနမှူး / ဌာနတာဝန်​ခံ များ အစည်းအ​ဝေး ကို ပါ​မောက္ခချုပ်​ရုံးခန်း တွင်ယ​နေ့ ည​နေ ၂:၅၀ တွင်​ ကျင်းပပါသည်။

အစည်းအ​ဝေး ​သို့ တိုင်းရင်း​ဆေး တက္ကသိုလ်​ ၊ ပါ​မောက္ခချုပ်​ ပါ​မောက္ခ Dr. သိန်း​ဇော်​လင်း ၊ ​မော်​ကွန်းထိန်း ဦးထွန်း​မောင်​၊ဌာနအသီးသီး တို့မှ တာဝန်​ရှိသူ​များ တက်​​ရောက်​ကြပြီး သင်​ကြားစီမံကိစ္စများ၊ စာ​မေးပွဲကိစ္စများ၊ ဘက်​စုံဖွံ့ဖြိုး​ရေး ကိစ္စများ ​ဆွေ​နွေးကြ​ကြောင်း သတင်းရရှိပါသည်​။
=========

 

 

၂၀၁၉ ခုနှစ်၊ စက်တင်ဘာ​​လ (၂၃)ရက်၊ တနင်္လာနေ့။

တိုင်းရင်း​ဆေး မိသားစု ၏ ၄၂ကြိမ်​​မြောက်​ ဘုံမဟာကထိန်​ပွဲ ကျင်းပ​ရေး ပထမညှိနှိုင်း အစည်းအ​ဝေး ကို
တိုင်းရင်းဆေးတက္ကသိုလ် အခန်​း (၁၀၇)တွင်ယ​နေ့ မွန်းလွဲ ၁နာရီ တွင် ​​ကျင်းပပါသည်။

အစည်းအ​ဝေး ​သို့ တိုင်းရင်း​ဆေး တက္ကသိုလ်​ ၊ ခုတင်၁၀၀ မန္တ​လေး ​တိုင်းရင်း​ဆေးရုံကြီး၊ တိုင်း​ဒေသကြီးဦးစီးမှူးရုံး၊ မန္တ​လေး တိုင်းရင်း​ဆေးဆရာအသင်း တို့မှ တာဝန်​ရှိသူ​များ တက်​​ရောက်​ကြ​ကြောင်း သတင်းရရှိပါသည်​။
=========

 
  1. တိုင်းရင်းဆေးတက္ကသိုလ်တွင် နံရံကပ်စာစောင်ဖွင့်လှစ်ပွဲ၊ စာပေဟောပြောပွဲနှင့် စကားရည်လုပွဲများ ကျင်းပ
  2. ဂျပန်နိုင်ငံမှ Professor Konno နှင့် အဖွဲ့ တိုင်းရင်းဆေးတက္ကသိုလ်သို့ လာရောက်လေ့လာ
  3. တိုင်းရင်းဆေးတက္ကသိုလ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ဆေးနှင့် ဆေးနှီးနွယ် တက္ကသိုလ်များမှ တာဝန်ရှိသူများ လာရောက်လေ့လာ တွေ့ဆုံပွဲ ကျင်းပ
  4. မောရိယ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းမှ ဆေးဝါးစက်ရုံအတွင်း လေ့လာရင်း ဝတ်ဆင်နိုင်ရန်အတွက် ဝတ်စုံများ လှူဒါန်း
  5. တိုင်းရင်းဆေးတက္ကသိုလ်တွင် (၃/၂၀၁၉)ပညာရေးအစည်းအဝေး ကျင်းပ

 

Visitors

Today 119

Yesterday 213

Week 119

Month 1935

All 134593

Currently are 3 guests and no members online

2025-2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.