Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၈ရက်၊ ဗုဒ္ဓဟူးနေ့။

ဂျပန်နိုင်ငံမှ Professor Konno နှင့် အဖွဲ့
တိုင်းရင်းဆေးတက္ကသိုလ်သို့ လာရောက်လေ့လာ
===============
ဂျပန်နိုင်ငံမှ professor Konno နှင့် အဖွဲ့
တိုင်းရင်းဆေးတက္ကသိုလ်သို့ ယနေ့ လာရောက်လေ့လာ ကြရာ
တိုင်းရင်းဆေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ သိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးထွန်းမြင့်၊ မော်ကွန်းထိန်း ဦးထွန်းမောင်နှင့် ပါမောက္ခ ဌာနမှူးများ၊ ဖိတ်ကြားထားသူများနှင့် အခန်း ၁၀၆တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး JICA နှင့် ပူးပေါင်းဆောင်ရွက်ထားရှိ မှု များ၊ ဆက်လက်ဆောင်ရွက်ရန်များ ကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

 

၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၃၁)ရက်၊ စနေနေ့။

တိုင်းရင်းဆေးတက္ကသိုလ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ဆေးနှင့် ဆေးနှီးနွယ် တက္ကသိုလ်များမှ တာဝန်ရှိသူများ လာရောက်လေ့လာ တွေ့ဆုံပွဲ ကျင်းပ
======================================
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၏ တိုင်းရင်းဆေးတက္ကသိုလ် ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ကူညီပံ့ပိုးပေးနိုင်ပါရန် လမ်းညွှန်မှာကြားချက်အရ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ရှိ ဆေးနှင့် ဆေးနှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တိုင်းရင်းဆေးတက္ကသိုလ်မှ တာဝန်ရှိပုဂ္ဂိုလ်များ တွေ့ဆုံညှိနှိုင်းပွဲ အခမ်းအနားကို သြဂုတ်လ (၃၁)ရက်၊ စနေနေ့ နံနက် (၉း၃၀)နာရီတွင် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် တိုင်းရင်းဆေးတက္ကသိုလ်ရှိ အခန်း(၁၀၆)၌ ကျင်းပခဲ့သည်။

ယင်းအခမ်းအနားသို့ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးဆွေ၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေး၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့၊ တိုင်းရင်းဆေးကောင်စီဝင်များ၊ ရန်ကုန်နှင့် မန္တလေးမြို့များရှိ ဆေးနှင့် ဆေးဘက်နှီးနွယ် ပါမောက္ခချုပ်မျာနှှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းရင်းဆေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ်များ၊ Professor Emeritus များ၊ တိုင်းရင်းဆေးတက္ကသိုလ် သင်ကြားရေးဌာနများမှ ပါမောက္ခ ဌာနမှူးများ၊ ကထိက ဌာနမှူးများနှင့် ဌာနတာဝန်ခံများ တက်ရောက်ခဲ့သည်။

အဆိုပါအခန်းအနားတွင် ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာမိုးဆွေက အဖွင့်အမှာစကားပြောကြားကာ၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေးက ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်များကိုပြောကြား၍ စတင်ဆွေးနွေးခဲ့သည်။၊ တိုင်းရင်းဆေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ်က တိုင်းရင်းဆေးတက္ကသိုလ် အကြောင်း အကျဉ်းချုပ်ကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တိုင်းရင်းဆေးတက္ကသိုလ် အင်္ဂလိပ်စာဌာနမှူး ဦးသန်းဦးက Medical Education Unit အကြောင်း၊ ဆောင်ရွက်ခဲ့သော လုပ်ငန်များနှင့် ဆောင်ရွက်မည့် လုပ်ငန်းများ၊ တိုင်းရင်းဆေးတက္ကသိုလ် စာကြည့်တိုက်မှူး ဒေါ်ခင်နွယ်ဦးက စာကြည့်တိုက်အကြောင်း၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်မည့် လုပ်ငန်းများအကြောင်း ရှင်းလင်းတင်ပြခဲ့ကြသည်။
တက်ရောက်လာကြသည့် ပါမောက္ခချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များက ဆွေးနွေးအကြံပြု တင်ပြခဲ့ကြသည်။

ဆက်လက်၍ တက်ရောက်လာကြသူများက တိုင်းရင်းဆေးတက္ကသိုလ်အတွင်း ကဏ္ဍအလိုက် လှည့်လည်ကြည့်ရှု စစ်ဆေးကြကာ လိုအပ်သည်များအား အကြံပြုတင်ပြဆွေးနွေးခဲ့ကြသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေးက နိဂုံးချုပ်စကား ပြောကြားကာ ညနေ ၅ နာရီခွဲတွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

 

 

၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၈)ရက်၊ ဗုဒ္ဓဟူးနေ့။

မောရိယ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းမှ ဆေးဝါးစက်ရုံအတွင်း လေ့လာရင်း ဝတ်ဆင်နိုင်ရန်အတွက် ဝတ်စုံများ လှူဒါန်း
======================================
မန္တလေးမြို့ မောရိယ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းမှ တိုင်းရင်းဆေးတက္ကသိုလ်ရှိ ကျောင်းသူ ကျောင်းသားများအတွက် ဆေးဝါးစက်ရုံအတွင်း လေ့လာရင်း ဝတ်ဆင်နိုင်ရန် အင်္ကျီ၊ ခေါင်းစွပ်၊ နှာခေါင်းစီးနှင့် ဖိနပ်စွပ် ဝတ်စုံများ လှူဒါန်းပွဲကို သြဂုတ်လ (၂၈)ရက်၊ နေ့လည် (၁း၃၀)နာရီတွင် မန္တလေးမြို့ တိုင်းရင်းဆေးတက္ကသိုလ် အခန်းအမှတ်(၁၀၆) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသိန်းဇော်လင်း၊ တိုင်းရင်းဆေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်(စီမံ) ဦးထွန်းမြင့်၊ မောရိယတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းမှ တာဝန်ရှိသူများ၊ တိုင်းရင်းဆေးတက္ကသိုလ် သင်ကြားရေးဌာနများမှ ပါမောက္ခ ဌာနမှူးများ၊ ကထိက ဌာနမှူးများနှင့် ဌာနတာဝန်ခံများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့သည်။

ထို့နောက် လှူဒါန်းရခြင်း အကြောင်းနှင့် ဝတ်စုံအကြောင်းကို မောရိယ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ ဦးမင်းခန့်က ရှင်လင်းခဲ့ကာ တိုင်းရင်းဆေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ်က ဂုဏ်ပြုလက်မှတ် ပြန်လည် ချီးမြှင့်ခဲ့သည်။ ဝတ်စုံ တစ်စုံ၏ တန်ဘိုးမှာ (၁၁၀၀)ကျပ်ရှိပြီး ဝတ်စုံ (၁၅၀) အတွက် စုစုပေါင်း (၁၆၅၀၀၀)ကျပ်ရှိကြောင်း သိရသည်။

 

၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၈)ရက်၊ ဗုဒ္ဓဟူးနေ့။

တိုင်းရင်းဆေးတက္ကသိုလ်တွင် (၃/၂၀၁၉)ပညာရေးအစည်းအဝေး ကျင်းပ
======================================
တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)၏ (၃/၂၀၁၉)ပညာရေးအဖွဲ့ အစည်းအဝေးကို သြဂုတ်လ (၂၈)ရက်၊ နေ့လည် (၁း၃၀)နာရီတွင် မန္တလေးမြို့ တိုင်းရင်းဆေးတက္ကသိုလ် အခန်းအမှတ်(၁၀၆) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးတွင် တိုင်းရင်းဆေးတက္ကသိုလ်၏ ပညာရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်သော ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသိန်းဇော်လင်း၊ အဖွဲ့ဝင်များဖြစ်ကြသော တိုင်းရင်းဆေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်(စီမံ) ဦးထွန်းမြင့်နှင့် တိုင်းရင်းဆေးတက္ကသိုလ် သင်ကြားရေးဌာနများမှ ပါမောက္ခ ဌာနမှူးများ၊ ကထိက ဌာနမှူးများနှင့် ဌာနတာဝန်ခံများ တက်ရောက်ခဲ့သည်။

ထို့နောက် ပညာရေးအဖွဲ့ ဥက္ကဋ္ဌ ခေတ္တပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသိန်းဇော်လင်းကအဖွင့်အမှာစကား ပြောကြားပြီး ယခုအစည်းအဝေးတွင် ဆုံးဖြတ်ရမည့် အကြောင်းအရာ အကျဉ်းချုပ်ကို တင်ပြကာ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးထွန်းမြင့်က စတင်ဆွေးနွေးခဲ့သည်။ ထို့နောက် ပညာရေးအဖွဲ့ အတွင်းရေးမှူး မော်ကွန်းထိန်းက ယခင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့တွင် ကျင်းပခဲ့သော (၂/၂၀၁၉) ပညာရေးအဖွဲ့ အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ကြသော အစည်းအဝေးမှတ်တမ်းကို အတည်ပြုချက်ရယူကာ ယခုကျင်းပသည့် အစည်းအဝေးအတွက် ဆွေးနွေးရမည့် အကြောင်းအရာများအား တင်ပြခဲ့သည်။

ဆက်လက်ပြီး တက်ရောက်လာကြသည့် ဌာနမှူး၊ ဌာနတာဝန်ခံများမှ ပါမောက္ခချုပ်အဆိုပြုထားသည်များကို ပြန်လည်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် အစည်းအဝေးကို ညနေ (၄း၄၅)နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

 

 

Visitors

Today 11

Yesterday 95

Week 106

Month 1058

All 72208

Currently are 14 guests and no members online

2025-2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.