Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂)ရက်၊ စနေနေ့

မန္တလေးမြို့၊ တိုင်းရင်းဆေးတက္ကသိုလ် (၁၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပပြုလုပ်
=====================================

မန္တလေးမြို့၊ ​အောင်​မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်ရှိ
တိုင်းရင်းဆေးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ဖေဖော်ဝါရီလ (၂၂)ရက် နံနက် ၉ နာရီအချိန်က တိုင်းရင်းဆေးတက္ကသိုလ် (၁၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသိန်းဇော်လင်းက ဘွဲ့နှင်းသဘင်မိန့်ခွန်းကို မြွက်ကြားပြီး တိုင်းရင်းဆေးတက္ကသိုလ်၏ ပညာရေးအဖွဲ့ဝင်များက ဆုံးဖြတ်ထားသော မြန်မာ့တိုင်းရင်းဆေးပညာ မဟာဘွဲ့ (MMTM) ရရှိသူ (၁၈)ဦး၊ မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ (BMTM) ပုံမှန်သင်တန်း ရရှိသူ (၅၀)ဦး၊မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ (BMTM) ပေါင်းကူးသင်တန်း ရရှိသူ (၁၅)ဦးတို့အား တိုင်းရင်းဆေးတက္ကသိုလ် ပညာရေးအဖွဲ့ဝင်များ၊ စီမံခန့်ခွဲရေး အဖွဲ့ဝင်များနှင့်အတူ ခေတ္တ ပါမောက္ခချုပ်က ယင်းဘွဲ့အသီးသီးတို့ကို ပေးအပ်နှင်းခဲ့သည်။

ဤအခမ်းအနားသို့ တိုင်းရင်းဆေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များ၊ တိုင်းရင်းဆေးတက္ကသိုလ်၏ စီမံခန့်ခွဲရေးအဖွဲ့ဝင်များနှင့် ပညာရေးအဖွဲ့ဝင်များ၊ တိုင်းရင်းဆေးတက္ကသိုလ်မှ အငြိမ်းစား ပါမောက္ခချုပ်များ၊ ဆေးဘက်နှီးနွယ် တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် မော်ကွန်းထိန်းများ၊ Professor Emeritus များ၊ ဘွဲ့ရမောင်မယ်များနှင့် ၎င်းတို့၏ မိဘဆွေမျိုးများ၊ အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ဆက်လက်ပြီး မွန်းလွဲ (၁)နာရီတွင် တိုင်းရင်းဆေးကောင်စီ ဥက္ကဋ္ဌ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးဆွေနှင့် တိုင်းရင်းဆေးကောင်စီဝင်များက မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ (ပုံမှန်သင်တန်း) (BMTM) ရရှိသူ (၅၀)ဦးအား တိုင်းရင်းဆေးဆရာ မှတ်ပုံတင်လက်မှတ် (တဆ)များအား ပေးအပ် ချီးမြှင့်ခဲ့ကြသည်။

ဤအခမ်းအနားသို့ တိုင်းရင်းဆေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များ၊ တိုင်းရင်းဆေးတက္ကသိုလ်၏ စီမံခန့်ခွဲရေးအဖွဲ့ဝင်များနှင့် ပညာရေးအဖွဲ့ဝင်များ၊ ပုံမှန်သင်တန်း ဘွဲ့ရမောင်မယ်များနှင့် ၎င်းတို့၏ မိဘဆွေမျိုးများ၊ အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)မှ (၁၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ကာလအထိ မြန်မာ့တိုင်းရင်းဆေးပညာ မဟာဘွဲ့ ရရှိသူ (၇၇)ဦး၊ မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ ရရှိသူ (၁၆၄၈)ဦးတို့ကို မွေးထုတ် ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

တိုင်းရင်းဆေး​တက္ကသိုလ် ၏ (၁၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခန်းအနား အစမ်းလေ့ကျင့်ခြင်းကို ယနေ့ (21/2/2020)သောကြာနေ့ နံနက် (၉)နာရီတွင် တိုင်းရင်းဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပါသည်။

 

ဌာနမှူး/ဌာနတာဝန်ခံ အစည်းအဝေး နှင့် (၁၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကျင်းပရေး အစည်းအဝေး

@အခန်း-၁၀၆, UTM

၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၇)ရက်၊ သောကြာနေ့

တိုင်းရင်းဆေးတက္ကသိုလ်တွင် တိုင်းရင်းဆေးမိသားစု၏ ထမနဲထိုးပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနား ကျင်းပ
=====================================

မန္တလေးမြို့၊ ​အောင်​မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်ရှိ
တိုင်းရင်းဆေးတက္ကသိုလ်၊ ရှစ်မျက်နှာဘုရား ပရဝဏ်၌ ယနေ့ (၇-၂-၂၀၂၀)ရက်၊ မွန်းလွဲ ၁:၀၀ နာရီမှ စတင်ကာ Medical Education Unit မှ ဦးဆောင်ကျင်းပသော Personal and Professional Development Progamme (PPDP)၏ အစီအစဉ်ဖြင့် နှစ်စဉ် ကျင်းပမြဲဖြစ်သော တိုင်းရင်းဆေး မိသားစု ထမနဲထိုးပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ် (စီမံ) ဦးဝင်းဟန်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား) ဦးဝင်းစိုး၊ ပါမောက္ခ ဌာနမှူး၊ ဌာနတာဝန်ခံများနှင့် ဆရာ ဆရာမများအားလုံး၊ မန္တလေး သင်ကြားရေး တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ်ကြီး ဉီးစန်းလွင်နှင့် ဆရာ၊ ဆရာမများ၊ မန္တလေး တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး စက်ရုံမှ ဝန်ထမ်းများ၊ တိုင်းရင်းဆေးတက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားနေသော အလုပ်သင်ဆရာ၊ ဆရာမများနှင့် အတန်းစုံမှ ကျောင်းသား ကျောင်းသူများအားလုံး တက်ရောက်ခဲ့ကြသည်။

ဤအခမ်းအနားတွင် သဘာပတိအဖြစ် တိုင်းရင်းဆေးတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ သိန်းဇော်လင်းက ဆောင်ရွက်ပြီး၊ Presenter အဖြစ် ဦးမြင့်အေး (လက်​ထောက် ကထိက၊ ဓာတုဗေဒဌာန)က ဆောင်ရွက်ခဲ့သည်။ အမှတ်ပေးဒိုင်များအဖြစ် ဒုတိယပါမောက္ခချုပ်များ၊ ဆေးရုံအုပ်ကြီးနှင့် ဌာနမှူးများက ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် ပြိုင်ပွဲဝင် ဆရာ၊ ဆရာမများ၊ အတန်းအသီးသီးမှ ကျောင်းသားကျောင်းသူများ၊ ဆေးရုံမှ ဆရာ၊ ဆရာမများ၊ ဆေးဝါးစက်ရုံမှ ဝန်ထမ်းများ တပြိုင်နက် တပျော်တပါး ယှဥ်ပြိုင်ကြသည်။

ဆုပေးပွဲတွင် အမှတ်အများဆုံး အစဥ်လိုက်ရရှိသည့် အသင်းများကို ကြေငြာကာ ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ စတုတ္ထဆု၊ ပဉ္စမဆု၊ ဆဌမဆု၊ သတ္တမဆုနှင့် အဋ္ဌမဆုများအထိ သတ်မှတ်၍ ချီးမြှင့်ခဲ့ကြပြီး တပျော်တပါး ထမနဲ စားကြရင်း အခမ်းအနားကို မွန်းလွဲ ၃:၄၅ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

  1. မောင်မယ်သစ်လွင် ကြိုဆိုပွဲ နှင့် ကျောင်းသားပွဲတော်(၂၀၂၀)
  2. ဌာနမှူး ဌာနတာဝန်ခံများ အစည်းအဝေး
  3. Prof. Wang-Keun Too and party from Korea visited UTM
  4. Exam Board for Supple Exam(2020)
  5. မဟာ ပထမနှစ် နှင့် ပေါင်းကူး ပထမနှစ် ကျောင်းသား/သူများအား ကြိုဆိုနှုတ်ဆက်ပွဲ
  6. တက္ကသိုလ် ၁၈နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပွဲ
  7. Strategic planning (2020) for UTM
  8. Closing ceremony of Outcome-Based Curriculum Development Workshop
  9. Outcome-based Curriculum Development Workshop Day III Evening Session
  10. Day III of Outcome-based Curriculum development workshop
  11. Outcome-based Curriculum Development Workshop Day II Works Time
  12. Outcome-based Curriculum Development Workshop Day II Programs
  13. Outcome-based Curriculum Development Workshop Group Tasks Day-1
  14. တိုင်းရင်းဆေးတက္ကသိုလ် တွင် Outcome-based Curriculum Development Workshop ကျင်းပ
  15. Myanmar-China TM exchange program အရ YUCM မှ Prof. Zhou Qing နှင့်အဖွဲ့ လာရောက်
  16. တရုတ် တိုင်းရင်းဆေးပညာနှင့် အပ်စိုက်ကုပညာ ဆရာဖြစ် မွမ်းမံသင်တန်း အမှတ်စဉ်(၃) ဖွင့်လှစ်
  17. အလုပ်သင် တာဝန်ခွဲဝေမှု ဆွေးနွေးပွဲ အခမ်းအနား ကျင်းပ
  18. တိုင်းရင်းဆေးတက္ကသိုလ် 2019ပညာသင်နှစ်အတွက် ပညာရေးအစည်းအဝေး(၅/၂၀၁၉)
  19. မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု တိုင်းရင်းဆေးကောင်စီဝင်လောင်းများ
  20. မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု တိုင်းရင်းဆေးကောင်စီဝင်လောင်းများ ရွေးကောက်ပွဲ ကို ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ (၁၆)ရက်၊စနေနေ့၊ ယနေ့ နံနက်(၉)နာရီတွင် တိုင်းရင်းဆေးတက္ကသိုလ်၌ စတင်ကျင်းပ

 

Visitors

Today 111

Yesterday 162

Week 273

Month 3709

All 124116

Currently are 4 guests and no members online

2025-2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.