Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာများ တိုင်းရင်းဆေးမှာ ဖြစ်ပေါ်နေပါပြီ။
============
တိုင်းရင်းဆေးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်း (၂၀၂၀-၂၀၂၁) ကို ၂၀၂၀ခုနှစ် ပထမသုံးလပတ်အတွင်း ထုတ်ဝေပါမည်။

စာမူများ ပေးပို့နိုင်ပါပြီ။

ကြော်ငြာများလည်း ထည့်သွင်းရန် စာရင်းပေးနိုင်ကြပါပြီ။
(နေရာကောင်းရရန် စောစောကြွပါဗျ)

ဆက်သွယ်ရန်
°°°°°°°°°°°°°
မော်ကွန်းထိန်းရုံးခန်း၊ တိုင်းရင်းဆေးတက္ကသိုလ်။
ဖုန်း - ၀၂၄၀၇၅၆၉၂

ရောဂါဗေဒဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်။
ဖုန်း - ၀၇၇၇၇၇၅၀၇၃

mail: drkmyo@gmail. com

သက်ပြည့်ပင်စင် အငြိမ်းစား ယူမည့် ဆရာကြီး ဆရာမကြီး(၂)ဦးကို နှုတ်ဆက်ပွဲကျင်းပ
၆၊ နိုဝင်ဘာ၊ ၂၀၁၉
=============
တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး) တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး သက်ပြည့်ပင်စင် အငြိမ်းစား ယူမည့် ဆရာကြီး ဆရာမကြီး(၂)ဦးအား နှုတ်ဆက်ပွဲကို ၂၀၁၉ နိုဝင်ဘာလ(၆)ရက် ယနေ့နံနက် ၁၁:၂၀ နာရီတွင် အခန်းအမှတ် (၁၀၇)၌ ကျင်းပပါသည်။

ရှေးဦးစွာ ခေတ္တပါမောက္ခချုပ် ပါမောက္ခ Dr. သိန်းဇော်လင်း က နှုတ်ဆက်အမှာစကား ပြောကြားခဲ့ပြီး
ဒုညွှန်ချုပ်အငြိမ်းစား ဦးမြင့်ဦး၊ တိုင်းဒေသကြီး ဦးစီးမှူး ဒေါ်ကြူကြူ၊ ဆေးရုံအုပ်ကြီး ဦးစန်းလွင်၊ တက္ကသိုလ်တာဝန်ရှိသူများကိုယ်စား ဆရာ ဦးဝင်းစိုး၊ ဆရာဦးသန်းဦး၊ Dr. မြသီတာဖြူတို့က နှုတ်ဆက်ဂါရဝပြုစကား ပြောကြားပြီး တိုင်းရင်းဆေး မိသားစုဝင် ဌာနတာဝန်ခံအသီးသီးက ဂါရဝပြု လက်ဆောင်ပစ္စည်းများ ပေးအပ်ကြပြီး အခန်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

၂၀၁၉ ခုနှစ်၊ အောက်တိုဘာ (၃၁)ရက်၊ ကြာသပတေးနေ့။

တိုင်းရင်းဆေးတက္ကသိုလ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
=====================================

မန္တလေးမြို့၊ ​အောင်​မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်ရှိ
တိုင်းရင်းဆေးတက္ကသိုလ်တွင် ယနေ့ (၃၁-၁၀-၂၀၁၉)ရက်၊ ညနေ ၄:၃၀ နာရီတွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပါမောက္ခချုပ် ရုံးခန်း၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ် (စီမံ) ဦးထွန်းမြင့်နှင့် တိုင်းရင်းဆေးတက္ကသိုလ်၏ လုပ်ငန်းညှိနှိုင်း အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ဤအခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသိန်းဇော်လင်းက ဆောင်ရွက်ပြီး လုပ်ငန်းများ၊ နောက်ထပ်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ သက်ဆိုင်ရာ ဌာနများမှ တင်ပြ လျှောက်ထားသည့် ရုံးသုံး ပစ္စည်းများ၊ အဆောက်အဦးသစ် ဆောက်လုပ်မည့် မြေနေရာကိစ္စများ၊ ဒီဇိုင်း ကိစ္စ များ စသည်ဖြင့် တင်ပြပြီး တက်ရောက်လာကြသူများက ဆွေးနွေးမေးမြန်းကြကာ အခမ်းအနားကို ညနေ ၆:၃၇ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၃၁ရက်၊ ကြာသပတေးနေ့။

တိုင်းရင်းဆေးတက္ကသိုလ်တွင် ဒါဘာ အစည်းအဝေးကျင်းပ
=====================================
တိုင်းရင်းဆေးတက္ကသိုလ် Theatre 2 ၌ လစဉ်ပြုလုပ်မြဲဖြစ်သော တိုင်းရင်းဆေးတက္ကသိုလ်၏ ဒါဘာအစည်းအဝေးကို ယနေ့ ၃၁-၁၀၂၀၁၉၊ ညနေ ၃း၀၀ နာရီအချိန်တွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ သိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးထွန်းမြင့်၊ မော်ကွန်းထိန်း ဦးထွန်းမောင်နှင့် ပါမောက္ခ ဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် ဝန်ထမ်းများအားလုံး တက်ရောက်ကြသည်။

အစည်းအဝေးတွင် ခေတ္တ ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသိန်းဇော်လင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ဒုတိယပါမောက္ခချုပ်(စီမံ)ဦးထွန်းမြင့်က စတင်ဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများက ၎င်းတို့၏ လိုအပ်ချက်များ၊ တက္ကသိုလ်၏ ပြုပြင်စရာများ၊ စည်းကမ်းထိန်းသိမ်းရေးများ၊ဆောင်ရွက်ရမည့် လုပ်ငန်းများအကြောင်းကို အပြန်အလှန် ဆွေးနွေးကြပြီး တင်ပြလာသည့် ကိစ္စ များအား ဖြေရှင်းပေးကာ အစည်းအဝေးကို ညနေ (၁၆:၃၈) နာရီတွင် ရုပ်သိမ်းခဲ့သည်။

 

တိုင်းရင်းဆေး မိသားစုများ၏
၄၂ ကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန် လှူဒါန်းမှု အစုစုကို မဲကျရာ အောင်ချမ်းသာအနောက်ကျောင်းသို့ ပို့ဆောင် လှူဒါန်း

စုစုပေါင်းတန်ဖိုး ၁၁၄သိန်းကျော် လှူဒါန်းနိုင်ခဲ့ပါသည်။

၂၀၁၉ခုနှစ်၊ အောက်တိုဘာ(၂၆)
နံနက် - ၉:၃၀ နာရီ

  1. ကထိန်အကြောင်း သိကောင်းစရာများ
  2. တိုင်းရင်းဆေး မိသားစုများ၏ ၄၂ ကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန် ရေစက်ချ လှူဒါန်းပွဲ
  3. တိုင်းရင်းဆေးတက္ကသိုလ်၊ ဌာနမှူး/ဌာနတာဝန်ခံများ အစည်းအဝေး
  4. စတုတ္ထနှစ် ​၊ ကျောင်းသား သူများ ကွင်းဆင်း​ဆေးကုသခြင်းနှင့် ပြည်သူ့ဘဝ​လေ့လာ​ရေးသု​တေသနစစ်တမ်း​ကောက်ယူခြင်း စာတမ်းများ ဖတ်ကြားခြင်း
  5. ၄၂ ကြိမ်မြောက် တိုင်းရင်းဆေး မိသားစုများ၏ စုပေါင်းမဟာ ဘုံကထိန်
  6. တိုင်းရင်းဆေးတက္ကသိုလ် 2019ပညာသင်နှစ်အတွက် ပညာရေးအစည်းအဝေး
  7. တိုင်းရင်းဆေးတက္ကသိုလ် အပတ်စဉ် (၁၅)ကျောင်းသားကျောင်းသူများ ၏ နှုတ်ဆက်ပွဲ အခမ်းအနား
  8. UTM First year BMTM (Bridge Course) Student's Acharya Puja for 2019@ PreWorldTeachersDay.
  9. UTM First year MMTM students' Acharya Puja for the year 2019
  10. 2019 ပညာသင်နှစ် UTM ဘွဲ့ကြိုကျောင်းသားကျောင်းသူများ ၏ အာစရိယပူဇော်ပွဲ။
  11. တိုင်းရင်းဆေး မိသားစု ၏ ၄၂ကြိမ်မြောက် ဘုံမဟာကထိန်ပွဲ ကျင်းပရေး အတွက် ဒုတိယအကြိမ် ညှိနှိုင်း အစည်းအဝေး
  12. တိုင်းရင်းဆေးတက္ကသိုလ် ၂၀၁၉ ပညာသင်နှစ် နောက်ဆုံးနှစ် ကျောင်းသား များအား နှုတ်ဆက်ပွဲ ကို၁၅ကြိမ်မြောက် အောင်မြင်စွာ ကျင်းပနိုင်ရန် တွေ့ဆုံမှာကြား
  13. တိုင်းရင်းဆေးတက္ကသိုလ်၊ ဌာနမှူး / ဌာနတာဝန်​ခံ များ အစည်းအ​ဝေး
  14. တိုင်းရင်း​ဆေး မိသားစု ၏ ၄၂ကြိမ်​​မြောက်​ ဘုံမဟာကထိန်​ပွဲ ကျင်းပ​ရေး ပထမညှိနှိုင်း အစည်းအ​ဝေး
  15. တိုင်းရင်းဆေးတက္ကသိုလ်တွင် နံရံကပ်စာစောင်ဖွင့်လှစ်ပွဲ၊ စာပေဟောပြောပွဲနှင့် စကားရည်လုပွဲများ ကျင်းပ
  16. ဂျပန်နိုင်ငံမှ Professor Konno နှင့် အဖွဲ့ တိုင်းရင်းဆေးတက္ကသိုလ်သို့ လာရောက်လေ့လာ
  17. တိုင်းရင်းဆေးတက္ကသိုလ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ဆေးနှင့် ဆေးနှီးနွယ် တက္ကသိုလ်များမှ တာဝန်ရှိသူများ လာရောက်လေ့လာ တွေ့ဆုံပွဲ ကျင်းပ
  18. မောရိယ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းမှ ဆေးဝါးစက်ရုံအတွင်း လေ့လာရင်း ဝတ်ဆင်နိုင်ရန်အတွက် ဝတ်စုံများ လှူဒါန်း
  19. တိုင်းရင်းဆေးတက္ကသိုလ်တွင် (၃/၂၀၁၉)ပညာရေးအစည်းအဝေး ကျင်းပ

 

Visitors

Today 24

Yesterday 95

Week 119

Month 1071

All 72221

Currently are 14 guests and no members online

2025-2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.