Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

တရုတ် တိုင်းရင်းဆေးပညာနှင့် အပ်စိုက်ကုပညာ ဆရာဖြစ် မွမ်းမံသင်တန်း အမှတ်စဉ်(၃) ဖွင့်လှစ်
=====================================

တရုတ်တိုင်းရင်းဆေးပညာနှင့် အပ်စိုက်ကုပညာ ဆရာဖြစ် မွမ်းမံသင်တန်း အမှတ်စဉ်(၃) 3rd T.O.T, TRAINING OF TRAINESS ON TRADITIONAL MEDICINE AND ACUPUNCTURE THERAPY ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၅ ရက်၊ နံနက် ၉ နာရီက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး)၊ အခန်းအမှတ် (၁၀၇) CALL ROOM တွင် ကျင်းပပြုလုပ်သည်။

ရှေးဉီးစွာ တိုင်းရင်းဆေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ သိန်းဇော်လင်းက အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်တက္ကသိုလ်မှ ကထိက DR WAI HNIN YI က T.O.T သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး YLICM မှ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)သို့ လှူဒါန်းသော ပစ္စည်းများအတွက် တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ်မှလည်းကောင်း၊ ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီးသို့ လှူဒါန်းသော ပစ္စည်းများအတွက် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံအုပ်ကြီး ဦးဆန်းလွင်က လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းများကို ပြန်လည်ပေးအပ်ကြသည်။

အဆိုပါသင်တန်းသို့ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ သင်တန်းသူ ၂၅ ဉီး တက်ရောက်ကြပြီး သင်တန်းဖွင့်ပွဲသို့ မြန်မာနိုင်ငံ တိုင်းရင်းဆေးပညာ အကြံပေးဥက္ကဌ ဒေါက်တာမိတ်၊ တိုင်းရင်းဆေးပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ငြိမ်း ဦးကျော်သိမ်းဌေး၊ တိုင်းရင်းဆေးတက္ကသိုလ် Professor Emeritus များ၊ တိုင်းရင်းဆေးပညာဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး၊ တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခ ဌာနမှူးများနှင့် ကထိက ဌာနမှူးများ၊ မော်ကွန်းထိန်း၊ FITCG ကူမင်းမှ တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း အတွင်းရေးမှူး ဒေါ်ခင်စောဉီးနှင့် တာဝန်ရှိသူများ၊ ဖတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။

အလုပ်သင် တာဝန်ခွဲဝေမှု ဆွေးနွေးပွဲ အခမ်းအနား ကျင်းပ
•••••••••••••••••••••••••••••
အလုပ်သင် တာဝန်ခွဲဝေမှု နှင့်ပတ်သက်သော ဆွေးနွေးပွဲ အခမ်းအနားကို တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး) တွင် ၂၀-၁၁-၂၀၁၉ ခုနှစ် ယနေ့ မွန်းလွဲ ၁၂:၂၀ နာရီတွင် စတင် ကျင်းပသည်။

အခန်းအနားကို ပါမောက္ခချုပ် နှင့် ဌာနမှူးများ၊ နောက်ဆုံးနှစ် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပါမောက္ခချုပ် ပါမောက္ခ Dr. သိန်းဇော်လင်းက အဖွင့်အမှာစကား ပြောကြားပြီး
မန္တလေး၊ ရန်ကုန်၊ နေပြည်တော် ကုတင်၁၀၀ သင်ကြားရေးဆေးရုံ အသီးသီး တွင် တာဝန်ခွဲဝေမှုနှင့် ပတ်သက်၍ ဆွေးနွေးအတည်ပြုခဲ့ကြပြီး ဆွေးနွေးပွဲကို ညနေ ( ၁၃:၂၅ ) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

တိုင်းရင်းဆေးတက္ကသိုလ်
2019ပညာသင်နှစ်အတွက် ပညာရေးအစည်းအဝေး(၅/၂၀၁၉) ကို ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ(၁၈)ရက်၊ ယနေ့ ညနေ ၁၅:၁၀နာရီတွင် စတင် ကျင်းပရာ
• ၂၀၂၀ခုနှစ်၊ တက္ကသိုလ်ဝင် ကိစ္စများ
• စာမေးပွဲကိစ္စများ
• အခြားအရေးကြီးသော ပညာရေးကိစ္စများကို
ဆွေးနွေးခဲ့ကြပြီး
ညနေ ( ၁၆:၃၇ ) နာရီ တွင် အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။

မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု တိုင်းရင်းဆေးကောင်စီဝင်လောင်းများ
၁- ပါမောက္ခ ဦးမောင်မောင်သက်
၂-ဦးဝင်းကို
၃-ဦးမြင့်အောင်
၄-ဦးမြင့်ဦး
၅-ပါမောက္ခဦးအောင်ကျော်မင်း
၆-ဦးသန်းအုန်း

U35
၇- ဦဟန်ဝင်းအောင်

တဆတ-
၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ (၁၆)ရက်၊စနေနေ့၊

မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု တိုင်းရင်းဆေးကောင်စီဝင်လောင်းများ ရွေးကောက်ပွဲ ကို ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ (၁၆)ရက်၊စနေနေ့၊ ယနေ့ နံနက်(၉)နာရီတွင် တိုင်းရင်းဆေးတက္ကသိုလ်၌ စတင်ကျင်းပရာ-

တိုင်းဒေသကြီးအတွင်းရှိ သက်တမ်းရှိတဆလက်မှတ်ကိုင်ဆောင်ထားသူ မည်သည့်တိုင်းရင်းဆေးဆရာမဆို မဲပေးခွင်ပြုခဲ့ကြောင်း သတင်းရရှိပါသည်။

ယနေ့ရွေးကောက်ပွဲတွင် ၃၅နှစ်အထက် ကိုယ်စားလှယ်လောင်(၁၇)ဦး နှင့် ၃၅ နှစ်အောက် ကိုယ်စားလှယ်လောင်း(၂)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မဲထည့်ခြင်းကို ယနေညနေ ၁၆:၀၀နာရီထိ ခွင့်ပြုမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

  1. တိုင်းရင်းဆေးတ္ကသိုလ်၊မန္တလေးရှိ အတန်းအသီးသီး၏ နှစ်ဆုံးစာမေးပွဲများကို 13.11.19မှစတင်ပြီး ကျင်းပ
  2. တိုင်းရင်းဆေးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်း (၂၀၂၀-၂၀၂၁) ကို ၂၀၂၀ခုနှစ် ပထမသုံးလပတ်အတွင်း ထုတ်ဝေပါမည်။
  3. သက်ပြည့်ပင်စင် အငြိမ်းစား ယူမည့် ဆရာကြီး ဆရာမကြီး(၂)ဦးကို နှုတ်ဆက်ပွဲကျင်းပ
  4. တိုင်းရင်းဆေးတက္ကသိုလ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
  5. တိုင်းရင်းဆေးတက္ကသိုလ်တွင် ဒါဘာ အစည်းအဝေးကျင်းပ
  6. တိုင်းရင်းဆေး မိသားစုများ၏ ၄၂ ကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန်
  7. ကထိန်အကြောင်း သိကောင်းစရာများ
  8. တိုင်းရင်းဆေး မိသားစုများ၏ ၄၂ ကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန် ရေစက်ချ လှူဒါန်းပွဲ
  9. တိုင်းရင်းဆေးတက္ကသိုလ်၊ ဌာနမှူး/ဌာနတာဝန်ခံများ အစည်းအဝေး
  10. စတုတ္ထနှစ် ​၊ ကျောင်းသား သူများ ကွင်းဆင်း​ဆေးကုသခြင်းနှင့် ပြည်သူ့ဘဝ​လေ့လာ​ရေးသု​တေသနစစ်တမ်း​ကောက်ယူခြင်း စာတမ်းများ ဖတ်ကြားခြင်း
  11. ၄၂ ကြိမ်မြောက် တိုင်းရင်းဆေး မိသားစုများ၏ စုပေါင်းမဟာ ဘုံကထိန်
  12. တိုင်းရင်းဆေးတက္ကသိုလ် 2019ပညာသင်နှစ်အတွက် ပညာရေးအစည်းအဝေး
  13. တိုင်းရင်းဆေးတက္ကသိုလ် အပတ်စဉ် (၁၅)ကျောင်းသားကျောင်းသူများ ၏ နှုတ်ဆက်ပွဲ အခမ်းအနား
  14. UTM First year BMTM (Bridge Course) Student's Acharya Puja for 2019@ PreWorldTeachersDay.
  15. UTM First year MMTM students' Acharya Puja for the year 2019
  16. 2019 ပညာသင်နှစ် UTM ဘွဲ့ကြိုကျောင်းသားကျောင်းသူများ ၏ အာစရိယပူဇော်ပွဲ။
  17. တိုင်းရင်းဆေး မိသားစု ၏ ၄၂ကြိမ်မြောက် ဘုံမဟာကထိန်ပွဲ ကျင်းပရေး အတွက် ဒုတိယအကြိမ် ညှိနှိုင်း အစည်းအဝေး
  18. တိုင်းရင်းဆေးတက္ကသိုလ် ၂၀၁၉ ပညာသင်နှစ် နောက်ဆုံးနှစ် ကျောင်းသား များအား နှုတ်ဆက်ပွဲ ကို၁၅ကြိမ်မြောက် အောင်မြင်စွာ ကျင်းပနိုင်ရန် တွေ့ဆုံမှာကြား
  19. တိုင်းရင်းဆေးတက္ကသိုလ်၊ ဌာနမှူး / ဌာနတာဝန်​ခံ များ အစည်းအ​ဝေး
  20. တိုင်းရင်း​ဆေး မိသားစု ၏ ၄၂ကြိမ်​​မြောက်​ ဘုံမဟာကထိန်​ပွဲ ကျင်းပ​ရေး ပထမညှိနှိုင်း အစည်းအ​ဝေး

 

Visitors

Today 120

Yesterday 162

Week 282

Month 3718

All 124125

Currently are 12 guests and no members online

2025-2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.