Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

တိုင်းရင်းဆေးတက်ကသိုလ်မှ ပါမောက္ခချုပ် ဦးဆောင်၍ (၇၃)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတက်ရောက်
=================================

၁၉-၇-၂၀၂၀၊ တနင်္ဂနွေနေ့
----------------------------------------

၁၉-၇-၂၀၂၀၊ တနင်္ဂနွေနေ့ နံနက်တွင် တိုင်းရင်းဆေးတက်ကသိုလ်မှ ခတ္တပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ဌာနမှူးနှင့် မော်ကွန်းထိန်း ဆရာများသည် (၇၃)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရာ မန္တလာသီရိအားကစားကွင်းသို့ လွမ်းသူ့ပန်းခွေချ ဦးညွှတ်အလေးပြုအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် တိုင်းရင်းဆေးတက်ကသိုလ် ခေတ္တပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသိန်းဇော်လင်းနှင့် တကျရောကျဆရာများက ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား လွမ်းဆွတ် တသ အောက်မေ့ခြင်းအားဖြင့် (၇၃)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား၌ လွမ်းသူ့ပန်းခွေဖြင့် ဦးညွှတ်အလေးပြုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

 

တိုင်းရင်းဆေးတက္ကသိုလ်တွင် မြန်မာနိုင်ငံ တက္ကသိုလ်များ၏ ပါမောက္ခချုပ်များ ကော်မတီက ဦးဆောင်ကျင်းပသော Zoom Meeting အခမ်းအနား တက်ရောက်
======================================

၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၅)ရက်၊ ဗုဒ္ဓဟူးနေ့
---------------------------------------------------------------

မန္တလေးမြို့၊ ​အောင်​မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်ရှိ
တိုင်းရင်းဆေးတက္ကသိုလ်၌ ယနေ့ (၁၅-၇-၂၀၂၀)ရက်၊ ဗုဒ္ဓဟူးနေ့၊ နေ့လည် ၂:၀၀ နာရီတွင် ပါမောက္ခချုပ်များ ကော်မတီက အပတ်စဥ် ဦးဆောင်ကျင်းပသော ပါမောက္ခ ‌ဒေါက်တာ အောင်ထွန်းသက်၏ "Professional Ethic for Online Education" ခေါင်းစဥ်ဖြင့် Zoom Meeting အခမ်းအနားကို အခန်းအမှတ် (၁၀၆)၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ်များအသီးသီးမှ ပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ဆရာ ဆရာမများနှင့် တိုင်းရင်းဆေးတက္ကသိုလ်မှ ခေတ္တပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)ဦးဝင်းစိုး၊ ပါမောက္ခဌာနမှူးများ၊ ဆရာ၊ဆရာမများ တက်ရောက်ခဲ့ကြသည်။

ဟောပြောပွဲအပြီးတွင် တက်ရောက်လာကြသော တက္ကသိုလ်များမှ ဆရာဆရာမများက ဆွေးနွေးမေးမြန်းကြကာ အခမ်းအနားကို မွန်းလွဲ ၃:၄၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

တိုင်းရင်းဆေးတက္ကသိုလ်၊မန္တလေး သို့
ညွန်ကြားရေးမှူးချုပ် လာရောက်ကြည့်ရှုစစ်ဆေးခြင်း
--------------------------------
၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ၊ ၇ရက်နေ့။မန္တလေးမြို့
---------------------------------------
အဆိုပါ အစည်းအဝေးကို တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး ၊ ခန်းမ (၂၀၂) တွင် နံနက် (၁၀:၀၀)၌ ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းရင်းဆေးတက္ကသိုလ်မှ ခေတ္တပါမောက္ခ ချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ဒုတိယညွန်ကြား ရေးမှူးချုပ်ဒေါက်တာတင်တင်မိုး၊ ဒုတိယပါမောက္ခချုပ်များ၊ Honorable Professors များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ဌာနမှူးဆရာ၊ဆရာမများတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းဆေးတက္ကသိုလ်ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းများ၏ အခြေအနေများ ၊ ပုံမှန်သင်တန်းနှင့် ဘွဲ့လွန်သင်တန်းတို့၏ သင်ကြားရေးဆိုင်ရာ အစီအစဉ်များအား တာဝန်ရှိသူများမှ တင်ပြခဲ့ကြရာ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန ပူးတွဲညွန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်မှ လမ်းညွန်မူပြုခဲ့ပါသည်။အဆိုပါအစည်းအဝေးကို ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွန်ကြားရေးမှူး ဒေါက်တာချောစုမောင်၊ မန္တလေးတိုင်းရင်းဆေးပညာဦးစီးမှူးဦးစန်းလွင်တို့တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

 

 

တိုင်းရင်းဆေးပညာရှင်များအဖွဲ့ TAG နှင့် ညွန်ကြားရေးမှူးချုပ်နှင့်တွေ့ဆုံခြင်း

၂၀၂၀ပြည့်နှစ်၊ ဇွန် လ၊ ၇ ရက်နေ့။ မန္တလေးမြို့။

တိုင်းရင်းဆေးပညာရှင်များ အဖွဲ့နှင့် ညွန်ကြားရေးမှူးချုပ် တွေ့ဆုံပွဲကို တိုင်းရင်းဆေးတက္ကသိုလ်၊ အစည်းအဝေးခန်းမ၌ မွန်းလွဲ (၁:၀၀)နာရီ အချိန် တွင်ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းရင်းဆေးပညာလောက ၌ကြုံတွေ့နေရသော အခက်အခဲများ၊ လိုအပ်ချက်များ ၊အကြံပြုချက်များကို တင်ပြဆွေးနွေးခဲ့ပြီး ညွန်ကြားရေးမှူးချုပ်မှ လိုအပ်ချက်များကို လမ်းညွန်ဆွေးနွေးခဲ့ပါသည်။ ၎င်းနောက် ကျောင်းများပုံမှန်သင်တန်းပြန်ဖွင့်ချိန်တွင် COVID-19နှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွန်ကြားချက်များ အတိအကျလိုက်နာရန်၊ မိမိတို့ကျောင်းသည် မြန်မာနိင်ငံတွင် တစ်ကျောင်းတည်းရှိပြီး တိုင်းဒေသကြီး/ပြည်နယ်များမှ အားလုံးစုပေါင်းလာကြမည်ဖြစ်၍ COVID-19 နှင့်ပတ်သက်၍ အလေးထားရန် ညွန်ကြားခဲ့ပါသည်။ ၎င်းနောက် တိုင်းရင်းဆေးတက္ကသိုလ်၏ တိုင်းရင်း​ဆေးပြတိုက်သို့ လှည့်လည်ကြည့်ရှုခဲ့ပါသည်။

 

  1. ဆေးဖက်ဝင်အပင်များ ကို ပရဆေးဥယျာဉ် ဌာနမှ ကွင်းဆင်းရှာဖွေစုဆောင်းခြင်း
  2. တိုင်းရင်းဆေးတက္ကသိုလ်၊မန္တလေး သို့ ညွန်ကြားရေးမှူးချုပ် လာရောက်ကြည့်ရှုစစ်ဆေးခြင်း
  3. တိုင်းရင်းဆေးတက္ကသိုလ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေနှစ် တည်ဆောက်ရေးလုပ်ငန်းများအချိန်မီပြီးစီးရေး အတွက် ကြည့်ရှုစစ်ဆေးခြင်း
  4. 2nd Institutional Review Board Meeting
  5. Online Teaching for Master Class First Year and Second Year
  6. တိုင်းရင်းဆေးတက္ကသိုလ် ၉၆ ပေ x ၅၀ ပေ RC ၆ ခန်းတွဲ ၂ ထပ် အမှုထမ်း ဝန်ထမ်းအိမ်ရာ အဆောက်အဦးတည်ဆောက်ရန် အတွက် ပန္နက်တင်မင်္ဂလာ အခမ်းအနား
  7. တိုင်းရင်းဆေးတက္ကသိုလ် စာကြည့်တိုက်၊ ပြတိုက်နှင့် သုတေသနလုပ်ငန်းများ အဆင့်မြင့်တင်ရန် အတွက် RC၄ထပ် အဆောက်အဦး ဆောက်လုပ်ရန် အတွက် ပန္နက်တင်မင်္ဂလာ အခမ်းအနား
  8. တိုင်းရင်းဆေးတက္ကသိုလ် House physicians များ ၏ ဘွဲ့ယူစာတမ်း ခေါင်းစဉ်ဆွေးနွေးပွဲ
  9. ကျောင်းသား/သူများအား ကိုဗစ်(၁၉)အကြောင်းပညာပေးဟောပြောခြင်း
  10. Day-2 of Protocol title selection board for MMTM First year students
  11. Day-1 of Protocol title selection board for MMTM First year student
  12. ၂၀၁၉-၂၀၂၀ပညာသင်နှစ် တိုင်းရင်းဆေးတက္ကသိုလ် ကျောင်းသားအားကစားပွဲတော် ပိတ်ပွဲ နှင့် ဆုချီးမြှင့်ပွဲအခမ်းအနား
  13. မြန်မာ့တိုင်းရင်းဆေးသမားတော်များနေ့ (တပေါင်းလပြည့်နေ့) အခမ်းအနား
  14. (၁၀)ကြိမ်မြောက်တိုင်းရင်းဆေးသုတေသန စာတမ်းဖတ်ပွဲ ပိတ်ပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနား
  15. သုတေသနစာတမ်းများကို MHRR Research registry ပြုလုပ်ကြဖို့ ညွှန်ကြားရေးမှုး Dr. မိုးကျော်မြင့်က ရှင်းလင်းတင်ပြ
  16. အရည်အသွေးမြှင့်ဖို့အတွက် ဒီလိုသုတေသနစာတမ်းဖတ်ပွဲတွေ လုပ်ရတာဖြစ်ပါတယ်
  17. (၁၀)ကြိမ်မြောက်တိုင်းရင်းဆေးသုတေသန စာတမ်းဖတ်ပွဲ ဒုတိယနေ့ ဒုတိယပိုင်း
  18. (၁၀)ကြိမ်မြောက်တိုင်းရင်းဆေးသုတေသန စာတမ်းဖတ်ပွဲ ဒုတိယနေ့ ပထမပိုင်း
  19. (၁၀)ကြိမ်မြောက်တိုင်းရင်းဆေးသုတေသန စာတမ်းဖတ်ပွဲ ညစာစားပွဲ အဖွင့်
  20. တိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် ပိုစတာများ ကြည့်ရှု အားပေးခြင်း နှင့် ညွှန်ကြားရေးမှူးချုပ် Dr. မိုးဆွေ နှင့် MRTV interview

 

Visitors

Today 87

Yesterday 116

Week 203

Month 2323

All 122730

Currently are 16 guests and no members online

2025-2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.