Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် “Professional Development for Educators” ခေါင်းစဥ်အား Zoom Application ဖြင့် သင်တန်းပို့ချ
=================================
အမျိုးသား မူဝါဒ ကော်မရှင် ပါမောက္ခချုပ်များကော်မတီ၏ ပညာရေး ဘာသာရပ်အဖွဲ့ခေါင်းဆောင် ဒေါက်တာ စောပြုံးနိုင်၊ ပါမောက္ခချုပ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်က ဦးစီး၍ “Professional Development for Educators” ခေါင်းစဥ်ဖြင့် Zoom Application ဖြင့် သင်တန်းပို့ချခြင်းကို ဩဂုတ်လ(၂၅)ရက်၊ မွန်းလွဲ ၁ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်ရှိ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)၊ အခန်းအမှတ်(၂၀၂)တွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ တဝန်းလုံးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်(၁၆၆)ခုမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ပါမောက္ခများ၊ တွဲဘက်ပါမောက္ခများ၊ ကထိကများ၊ နည်းပြများ၊ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူး၊ ကထိက၊ နည်းပြ ဆရာ၊ ဆရာမများအားလုံး တက်ရောက်ကြသည်။

အဆိုပါသင်တန်းတွင် သဘာပတိအဖြစ် ဒေါက်တာစောပြုံးနိုင်က ဆောင်ရွက်ပြီး အဖွင့်အမှာစကာအား ပါမောက္ခချုပ်များ ကော်မတီဥက္ကဌ ရန်ကုန်ဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ် ပါမောက္ခ ‌ဒေါက်တာဇော်ဝေစိုးက ပြောကြားသည်။ ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ Covid19 အတွက် သတ်မှတ်ချက်နှင့်အညီ Zoom Application ဖြင့် သင်တန်းအား ပို့ချပြီး တက်ရောက်လာကြသော ဆရာ၊ ဆရာမများနှင့် အပြန်အလှန် မေးမြန်းဆွေးနွေးကြသည်။

Zoom Application ဖြင့် သင်တန်းပို့ချခြင်းအား ၂၅-၈-၂၀၂၀ ရက်နေ့မှ ၁၁-၉-၂၀၂၀ ရက်နေ့အထိ အပတ်စဥ် အင်္ဂါနေ့နှင့် သောကြာနေ့များတွင် နေ့လည် ၁ နာရီမှ ၃ နာရီအထိ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် Library Solution, Data Center and Infrastructure for Higher Education (Online Event) ကျင်းပ
=========================================
Digital စာကြည့်တိုက် စီမံခန့်ခွဲမှု နည်းစနစ်နှင့် သက်ဆိုင်သော နည်းပညာများကို ကျွမ်းကျင်ပညာရှင်များက Online စနစ်ဖြင့် ဟောပြော ပို့ချဆွေးနွေးခြင်းကို ဩဂုတ်လ(၂၄)ရက်၊ နံနက် (၉း၃၀)နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်ရှိ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)၊ အခန်းအမှတ်(၂၀၂)တွင် ကျင်းပပြုလုပ်ရာ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)မှ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ ဆရာမများ စာကြည့်တိုက်မှူးနှင့် စာကြည့်တိုက်ဝန်ထမ်းများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဦးအောင်မြင့် ညွှန်ကြားရေးမှူးချုပ်၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်က အဖွင့် အမှာစကား ပြောကြားသည်။

ထို့နောက် Library and Archives Solutions PTE Ltd. (LAAS) ၏ ဦးဆောင်ညွှန်ကြားရေးမှူး Mr Lee Kee Siang၊ အထွေထွေမန်နေဂျာ Mr Sean Chong တို့က Knowledge Sharing on Library Solutions and Innovations ခေါင်းစဥ်ကို ဟောပြောခြင်း၊ Bibliotheca မှ ဦးဆောင်ညွှန်ကြားရေးမှူး Mr Jason Tan က Creating Better Library Experiences for Patron and Staff ခေါင်းစဥ်ဖြင့် ဟောပြောခြင်း၊ ဒေါ်မြဦး - ညွှန်ကြားရေးမှူး၊ အမျိုးသားစာကြည့်တိုက်၊ နေပြည်တော်က Union Catalog of Myanmar က Union Catalog of Myanmar ခေါင်းစဥ်ဖြင့် ဟောပြောခြင်း၊ Myanmar Software Integrated Solutions ကုမ္ပဏီ လိမိတက်မှ ဦးဆောင်ညွှန်ကြားရေးမှူး၊ ‌ဒေါက်တာမိမိငယ်က Integrated Library Solution Architecture ခေါင်းစဥ်ဖြင့် ဟောပြောခြင်း၊ ATG System ကုမ္ပဏီ လိမိတက်မှ နည်းပညာအဖွဲ့ ညွှန်ကြားရေးမှူး ဒေါက်တာသန္တာဖြူက Infrastructure for Library Solution ခေါင်းစဥ်ဖြင့် ဟောပြောခြင်း၊ Sales and Business Development မှာ ဌာနမှူး ဦးအုပ်စိုးကျော်ဝင်းက Data Center for Library Solution ခေါင်းစဥ်များဖြင့် ဟောပြောကြပြီး တက်ရောက်လာသူများနှင့် အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ကြကြောင်းသိရသည်။

ဌာနတွင်း အပတ်စဉ် ပြုလုပ်လျက်ရှိသော Journal Reading ကို ယနေ့ (၂၁-၈-၂၀၂၀) ရက်၊ သောကြာနေ့၌ တိုင်းရင်းဆေးတက္ကသိုလ် အကြောအရိုးအဆစ်ပညာဌာနတွင် ပြုလုပ်ခဲ့သည်။ အကြောအရိုးအဆစ်ပညာဌာနမှ ဒေါ်ဆုမွန်ခိုင် (လက်ထောက်ကထိက) က Department of Rehabilitation Medicine, Siriraj Hospital, Bangkok, Tailand တွင် ပြုလုပ်ထားသော သုတေသနစာတမ်း ' The Efficacy of Traditional Thai Massage in Decreasing Spasticity in Elderly Stroke Patients' အား ဖတ်ကြားပြီး တက်ရောက်လာကြသော ဒုတိယပါမောက္ခ/ဌာနမှူ း ဆရာမ ဒေါ်ခင်မျိုးမြင့် နှင့် ဆရာမများက အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

 

တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် Internal Protocol board တတိယနေ့ ဆက်လက်ကျင်းပ
-------
Fourth Internal Protocol Board for MMTM First year students တတိယနေ့ အစီအစဉ်များကို 21-8-2020 သောကြာနေ့ မနက်(၉)နာရီ တွင်
@Room-106, UTM ၌ ဆက်လက်ကျင်းပပါသည်။

အဆိုပါ boardကို 19-8-2020မှ 21-8-2020အထိ (၃)ရက်တိုင်တိုင် ကျင်းပခဲ့ကြောင်း သိရပါသည်။

ဌာနတွင်း အပတ်စဥ် ပြုလုပ်လျက်ရှိသော Journal Reading ကို ယနေ့ (၂၁-၈-၂၀၂၀)ရက်၊ သောကြာနေ့၌ တိုင်းရင်းဆေးတက္ကသိုလ်၊ အင်္ဂလိပ်စာဌာနတွင် ပြုလုပ်ခဲ့သည်။ အဆိုပါ Journal Reading ကို Ecaterina Pavel ရေးသားသော Teaching English for Medical Purposes ခေါင်းစဥ်ဖြင့် အင်္ဂလိပ်စာဌာနမှ ဒေါ်ဝါဝါထွန်း လက်ထောက်ကထိက speaker အဖြစ်ဖတ်ကြားပြီး ဌာနမှူး ဦးသန်းဦးက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ လက်ထောက်ကထိက ဆရာ ဆရာမများ တက်ရောက်ကာ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

 

 

  1. တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် Imternal Protocol board ဒုတိယနေ့ ဆက်လက်ကျင်းပ
  2. တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် Protocol board ကျင်းပ
  3. Training on Trainer Workshop On IPE Core Competencies ကျင်းပဆောင်ရွက်ခြင်း
  4. MMTM, Second Year, Case Presentation စာတမ်းဖတ်ကြားခြင်း
  5. တိုင်းရင်းဆေးမိသားစု၏ (၄၁)ကြိမ် မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း
  6. တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်လာရောက်ခြင်း
  7. တိုင်းရင်းဆေးတက္ကသိုလ် မန္တလေးသို့ Projector တစ်လုံးလှူဒါန်းခြင်း
  8. တိုင်းရင်းဆေးတက္ကသိုလ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းများ အချိန်မီ ပြီးစီးရေး 3rd party QC အဖွဲ့ဝင်များ၊ ကုမ္ပဏီတာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းပွဲ
  9. Day-2 of Third Internal Protocol Board for MMTM First year students ဆက်လက်ကျင်းပ
  10. တိုင်းရင်းဆေးတက္ကသိုလ်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ဦးဆောင်ကျင်းပသော Zoom Meeting အခမ်းအနား တက်ရောက်
  11. တိုင်းရင်းဆေးတက်ကသိုလ်မှ ပါမောက္ခချုပ် ဦးဆောင်၍ (၇၃)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတက်ရောက်
  12. IPE programme အတွက် အကြိုညှိနှိုင်း Zoom meeting
  13. တိုင်းရင်းဆေးတက္ကသိုလ်တွင် မြန်မာနိုင်ငံ တက္ကသိုလ်များ၏ ပါမောက္ခချုပ်များ ကော်မတီက ဦးဆောင်ကျင်းပသော Zoom Meeting အခမ်းအနား တက်ရောက်
  14. တိုင်းရင်းဆေးတက္ကသိုလ်၊မန္တလေး သို့ ညွန်ကြားရေးမှူးချုပ် လာရောက်ကြည့်ရှုစစ်ဆေးခြင်း
  15. တိုင်းရင်းဆေးပညာရှင်များအဖွဲ့ TAG နှင့် ညွန်ကြားရေးမှူးချုပ်တွေ့ဆုံခြင်း
  16. ဆေးဖက်ဝင်အပင်များ ကို ပရဆေးဥယျာဉ် ဌာနမှ ကွင်းဆင်းရှာဖွေစုဆောင်းခြင်း
  17. တိုင်းရင်းဆေးတက္ကသိုလ်၊မန္တလေး သို့ ညွန်ကြားရေးမှူးချုပ် လာရောက်ကြည့်ရှုစစ်ဆေးခြင်း
  18. တိုင်းရင်းဆေးတက္ကသိုလ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေနှစ် တည်ဆောက်ရေးလုပ်ငန်းများအချိန်မီပြီးစီးရေး အတွက် ကြည့်ရှုစစ်ဆေးခြင်း
  19. 2nd Institutional Review Board Meeting
  20. Online Teaching for Master Class First Year and Second Year

 

Visitors

Today 85

Yesterday 229

Week 622

Month 2742

All 123149

Currently are 26 guests and no members online

2025-2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.