Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး) အင်္ဂလိပ်စာဌာနတွင် သုတေသန စာတန်းဖတ်ပွဲနှင့် ဆွေးနွေးပွဲ ကျင်းပ
=================================

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်အရ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး) အင်္ဂလိပ်စာဌာနတွင်
ဌာနတွင်း အပတ်စဥ် ပြုလုပ်လျက်ရှိသော Journal Reading ကို ယနေ့ (၂-၉-၂၀၂၀)ရက်၊ ဗုဒ္ဓဟူးနေ့၌ တိုင်းရင်းဆေးတက္ကသိုလ်၊ အင်္ဂလိပ်စာဌာနတွင် ပြုလုပ်ခဲ့သည်။ အဆိုပါ Journal Reading ကို Mohammad Reza Ahmadi ရေးသားသော ''The Impact of Motivation on Reading Comprehension'' ခေါင်းစဥ်ဖြင့် အင်္ဂလိပ်စာဌာနမှ ဒေါ်တင်ပပဝင်း လက်ထောက်ကထိက speaker အဖြစ်ဖတ်ကြားပြီး ဌာနမှူး ဦးသန်းဦးက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ လက်ထောက်ကထိက ဆရာ ဆရာမများ တက်ရောက်ကာ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

 

 

Weekly internal(departmental) international journal reading

@LaboratoryOne, Western departments, UTM

@02-09-2020 Wednesday 10:00 AM

• Title = The role of Surfactant in lung disease and Host Defense against Pulmonary Infections

• Read by Dr. Thwe Thwe Khaing, Dept. of Physiology/Biochemistry

တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် “Professional Development for Educators” ခေါင်းစဥ်အား Zoom Application ဖြင့် သင်တန်းပို့ချ
=============================
၂၀၂၀-ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်၊ သောကြာနေ့

အမျိုးသား မူဝါဒ ကော်မရှင် ပါမောက္ခချုပ်များကော်မတီ၏ ပညာရေး ဘာသာရပ်အဖွဲ့ခေါင်းဆောင် ဒေါက်တာ စောပြုံးနိုင်၊ ပါမောက္ခချုပ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်က ဦးစီး၍ “Professional Development for Educators” ခေါင်းစဥ်ဖြင့် Zoom Application ဖြင့် သင်တန်းပို့ချခြင်းကို ဩဂုတ်လ(၂၆)ရက်၊ ဒုတိယနေ့အဖြစ် မွန်းလွဲ ၁ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်ရှိ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)၊ အခန်းအမှတ်(၂၀၂)တွင် ဆက်လက်၍ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ တဝန်းလုံးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်(၁၆၆)ခုမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ပါမောက္ခများ၊ တွဲဘက်ပါမောက္ခများ၊ ကထိကများ၊ နည်းပြများ၊ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူး၊ ကထိက၊ နည်းပြ ဆရာ၊ ဆရာမများအားလုံး တက်ရောက်ကြသည်။

အဆိုပါသင်တန်းတွင် သဘာပတိအဖြစ် ဒေါက်တာစောပြုံးနိုင်က ဆောင်ရွက်ပြီး အဖွင့်အမှာစကာအား ပါမောက္ခချုပ်များ ကော်မတီဥက္ကဌ ရန်ကုန်ဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ် ပါမောက္ခ ‌ဒေါက်တာဇော်ဝေစိုးက ပြောကြားသည်။ ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ Covid19 အတွက် သတ်မှတ်ချက်နှင့်အညီ Zoom Application ဖြင့် သင်တန်းအား ပို့ချပြီး တက်ရောက်လာကြသော ဆရာ၊ ဆရာမများနှင့် အပြန်အလှန် မေးမြန်းဆွေးနွေးကြမည်ဖြစ်သည်။

Zoom Application ဖြင့် သင်တန်းပို့ချခြင်းအား ၂၅-၈-၂၀၂၀ ရက်နေ့မှ ၁၁-၉-၂၀၂၀ ရက်နေ့အထိ အပတ်စဥ် အင်္ဂါနေ့နှင့် သောကြာနေ့များတွင် နေ့လည် ၁ နာရီမှ ၃ နာရီအထိ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ဆိတ်ကွယ်နေသော အသံများ အစီရင်ခံစာနှင့် (၃၇)ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ မြန်မာနိုင်ငံ လူ့အခွင့်အရေးကာလဖြတ်အလိုက် ဆန်းစစ်သုံးသပ်ခြင်းအကြောင်း အွန်လိုင်းမှ တစ်ဆင့် ရှင်းလင်း
=====================================
၂၀၂၀ ခုနှစ် ဩဂုတ် ၂၇

ကံမြန်မာအဖွဲ့အစည်း Civil Authortue Negotiate Organization-Can-Myanmar မှ ဆိတ်ကွယ်နေသော အသံများ အစီရင်ခံစာနှင့် (၃၇)ကြိမ်မြောက်ကမ္ဘာ့ကုလသမဂ္ဂ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကာလဖြတ်အလိုက် ဆန်းစစ်သုံးသပ်ခြင်း (UPR) သို့ ကျား၊ မ၊ အခြား စသည့် ဂျန်ဒါနှင့် ချစ်စိတ်တိမ်းညွှတ်မှု ကွဲပြားသူများ၏ လူ့အခွင့်အရေး အခြေအနေများကို တင်ပြထားရှိမှုများအကြောင်း Online မှတစ်ဆင့် ရှင်းလင်းပွဲကို ဩဂုတ်လ (၂၇)ရက် မွန်းလွဲ ၁ နာရီက မန္တလေး အောင်မြေသာစံမြို့နယ် အိုးဘိုရွှေကျင်ရပ်ကွက်ရှိ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး) အခန်းအမှတ်(၂၀၂) တွင်ကျင်းပပြုလုပ်ရာ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)မှ ပါမောက္ခ/ဌာနမှူး၊ ကထိက/ လက်ထောက်ကထိက ဆရာ/ ဆရာမများ တက်ရောက်ကြသည်။

Online မှ တစ်ဆင့် ရှင်းလင်းပွဲတွင့် C.A.N Myanmar မှ စီမံကိန်းညွှန်ကြားရေးမှူး ဦးကောင်းဇော်ထက်က အရပ်ဘက် မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တက်ရောက်လာသူများအား မိတ်ဆက်ပေးခြင်း၊ VOICES UNHEARO အကြောင်း မိတ်ဆက်ရှင်းလင်းခြင်း၊ ကမ္ဘာ့ကုလသမဂ္ဂ UPR သို့ မြန်မာနိုင်ငံအတွင်းရှိ လိင်ဝိသေသ/လိင်စိတ်ခံယူဖော်ပြမှု လက္ခဏာ ကွဲပြားသူများ၏ လူ့အခွင့်အရေး အခြေအနေများအကြောင်း တင်သွင်းသည့် စင်ပြိုင်အစီရင်ခံစာအ‌ကြောင်း မိတ်ဆက်ရှင်းလင်း တင်ပြပြီး တက်ရောက်လာသူများနှင့် အပြန်အလှန်ဆွေးနွေးမှုများ ပြုကြကြောင်း သိရသည်။

တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် မြန်မာနိုင်ငံ တက္ကသိုလ်များ၏ ပါမောက္ခချုပ်များ ကော်မတီက ဦးဆောင်ကျင်းပသော Zoom Presentation အခမ်းအနား တက်ရောက်
==================================

၂၀၂၀ ခုနှစ်၊ ဩဂုတ် (၂၆)ရက်၊ ဗုဒ္ဓဟူးနေ့။
---------------------------------------------------------

မန္တလေးမြို့၊ ​အောင်​မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်ရှိ
တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)၌ ယနေ့ (၂၆-၈-၂၀၂၀)ရက်၊ ဗုဒ္ဓဟူးနေ့၊ နေ့လည် ၂:၀၀ နာရီတွင် မြန်မာနိုင်ငံ တက္ကသိုလ်များ၏ ပါမောက္ခချုပ်များ ကော်မတီက ဦးဆောင်ကျင်းပသော ဒေါက်တာအောင်ထွန်းသက် ၏ "Change Thinking about Change" ခေါင်းစဥ်ဖြင့် ဟောပြောကာ ဆွေးနွေးသည့်ပုဂ္ဂိုလ်များအဖြစ် ဒေါက်တာ စောပြုံးနိုင်၊ ဒေါက်တာစီစီလှဘူး၊ ဒေါက်တာကြည်သွင်၊ ဒေါက်တာထွန်းအောင်၊ ဒေါက်တာဇော်ထွန်း တို့က ဆောင်ရွက်ကြသည့် Online Zoom Presentation အခမ်းအနားကို အခန်းအမှတ် (၂၀၂)၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ်၊ ကောလိပ် စုစုပေါင်း (၁၆၆) ခုမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ တွဲဘက်ပါမောက္ခများ၊ ကထိကများ၊ လက်ထောက်ကထိက၊ နည်းပြ/သရုပ်ပြ ဆရာ ဆရာမများနှင့် တိုင်းရင်းဆေးတက္ကသိုလ်မှ ဌာနအသီးသီးတွင်ရှိသော ပါမောက္ခဌာနမှူးများ၊ ဌာနတာဝန်ခံများအပါအဝင် ဆရာ၊ဆရာမများအားလုံး တက်ရောက်ခဲ့ကြသည်။

ဟောပြောပွဲအပြီးတွင် တက်ရောက်ကြသော တက္ကသိုလ်အသီးသီးမှ ဆရာဆရာမများက မေးမြန်း ဆွေးနွေးကြကာ အခမ်းအနားကို ညနေ ၄:၄၅ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

  1. တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် “Professional Development for Educators” ခေါင်းစဥ်အား Zoom Application ဖြင့် သင်တန်းပို့ချ
  2. တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် Library Solution, Data Center and Infrastructure for Higher Education (Online Event) ကျင်းပ
  3. တိုင်းရင်းဆေးတက္ကသိုလ် အကြောအရိုးအဆစ်ပညာဌာန Journal Reading
  4. တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် Internal Protocol board တတိယနေ့ ဆက်လက်ကျင်းပ
  5. တိုင်းရင်းဆေးတက္ကသိုလ်၊ အင်္ဂလိပ်စာဌာန Journal Reading
  6. တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် Imternal Protocol board ဒုတိယနေ့ ဆက်လက်ကျင်းပ
  7. တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် Protocol board ကျင်းပ
  8. Training on Trainer Workshop On IPE Core Competencies ကျင်းပဆောင်ရွက်ခြင်း
  9. MMTM, Second Year, Case Presentation စာတမ်းဖတ်ကြားခြင်း
  10. တိုင်းရင်းဆေးမိသားစု၏ (၄၁)ကြိမ် မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း
  11. တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်လာရောက်ခြင်း
  12. တိုင်းရင်းဆေးတက္ကသိုလ် မန္တလေးသို့ Projector တစ်လုံးလှူဒါန်းခြင်း
  13. တိုင်းရင်းဆေးတက္ကသိုလ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းများ အချိန်မီ ပြီးစီးရေး 3rd party QC အဖွဲ့ဝင်များ၊ ကုမ္ပဏီတာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းပွဲ
  14. Day-2 of Third Internal Protocol Board for MMTM First year students ဆက်လက်ကျင်းပ
  15. တိုင်းရင်းဆေးတက္ကသိုလ်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ဦးဆောင်ကျင်းပသော Zoom Meeting အခမ်းအနား တက်ရောက်
  16. တိုင်းရင်းဆေးတက်ကသိုလ်မှ ပါမောက္ခချုပ် ဦးဆောင်၍ (၇၃)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတက်ရောက်
  17. IPE programme အတွက် အကြိုညှိနှိုင်း Zoom meeting
  18. တိုင်းရင်းဆေးတက္ကသိုလ်တွင် မြန်မာနိုင်ငံ တက္ကသိုလ်များ၏ ပါမောက္ခချုပ်များ ကော်မတီက ဦးဆောင်ကျင်းပသော Zoom Meeting အခမ်းအနား တက်ရောက်
  19. တိုင်းရင်းဆေးတက္ကသိုလ်၊မန္တလေး သို့ ညွန်ကြားရေးမှူးချုပ် လာရောက်ကြည့်ရှုစစ်ဆေးခြင်း
  20. တိုင်းရင်းဆေးပညာရှင်များအဖွဲ့ TAG နှင့် ညွန်ကြားရေးမှူးချုပ်တွေ့ဆုံခြင်း

 

Visitors

Today 85

Yesterday 229

Week 622

Month 2742

All 123149

Currently are 25 guests and no members online

2025-2026 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.