Welcome to University of Traditional Medicine(UTM), Mandalay .This web site is launched on 11.11.2019.( ၁၃၈၁ တန်ဆောင်မုန်း လပြည့်နေ့ တွင်လွှင့်တင်သည်။)

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၅ရက်

တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် ကျင်းပပြုလုပ်မည့် ဒသမအကြိမ် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲကို QR code မှ တဆင့် ဝင်ရောက် လေ့လာနိုင်ခြင်း
-----------------------------------------------------------------
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ဒသမအကြိမ် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ ကို တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)မြို့တွင် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ (၂၆) ရက်နေ့နှင့် (၂၇) ရက်နေ့တို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲတွင် စာတမ်းစုစုပေါင်း(၂၁)စောင်နှင့် ပိုစတာ(၅) စောင်တို့ကို တင်သွင်း ဖတ်ကြားမည်ဖြစ်ပါသည်။

အဆိုပါ စာတမ်းဖတ်ပွဲနှင့် ပတ်သက်သော အကြောင်းအရာများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ Paperless website Link ဖြစ်သော https://event-mohs.gov.mm/?p=2957တွင် ထည့်သွင်းဖော်ပြထားမည် ဖြစ်ပါသဖြင့် စာတမ်းဖတ်ပွဲသို့ မတက်ရောက်နိုင်သည့် ပုဂ္ဂိုလ်များအနေဖြင့် အောက်ပါ QR code မှ တဆင့် ဝင်ရောက် လေ့လာနိုင်ကြောင်း သတင်းပေးဖော်ပြအပ်ပါသည်။

MoHS Paperless Workshop System Link:
https://event-mohs.gov.mm/?p=2957

၂၀၁၉-၂၀၂၀ ပညာသင်နှစ် တိုင်းရင်းဆေးတက္ကသိုလ် ကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲ အခမ်းအနား
၂၄-၂-၂၀၂၀ တနင်္လာနေ့ ညနေ ၃နာရီ

The 10th Traditional Medicine Research Congress ဒသမအကြိမ်၊ တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ အတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကျင်းပ
=============
ဖေဖေါ်ဝါရီလ (၂၆) ရက် နှင့် (၂၇)ရက်နေ့များတွင် တိုင်းရင်းဆေးတက္ကသိုလ်၌ ကျင်းပမည့် The 10th Traditional Medicine Research Congress ဒသမအကြိမ်၊ တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ အတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို တိုင်းရင်းဆေးတက္ကသိုလ် အခန်း(၁၀၆)၌ ယနေ့ နံနက် (၁၀)နာရီတွင် ကျင်းပသည်။

၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂)ရက်၊ စနေနေ့

မန္တလေးမြို့၊ တိုင်းရင်းဆေးတက္ကသိုလ် (၁၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပပြုလုပ်
=====================================

မန္တလေးမြို့၊ ​အောင်​မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်ရှိ
တိုင်းရင်းဆေးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ဖေဖော်ဝါရီလ (၂၂)ရက် နံနက် ၉ နာရီအချိန်က တိုင်းရင်းဆေးတက္ကသိုလ် (၁၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသိန်းဇော်လင်းက ဘွဲ့နှင်းသဘင်မိန့်ခွန်းကို မြွက်ကြားပြီး တိုင်းရင်းဆေးတက္ကသိုလ်၏ ပညာရေးအဖွဲ့ဝင်များက ဆုံးဖြတ်ထားသော မြန်မာ့တိုင်းရင်းဆေးပညာ မဟာဘွဲ့ (MMTM) ရရှိသူ (၁၈)ဦး၊ မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ (BMTM) ပုံမှန်သင်တန်း ရရှိသူ (၅၀)ဦး၊မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ (BMTM) ပေါင်းကူးသင်တန်း ရရှိသူ (၁၅)ဦးတို့အား တိုင်းရင်းဆေးတက္ကသိုလ် ပညာရေးအဖွဲ့ဝင်များ၊ စီမံခန့်ခွဲရေး အဖွဲ့ဝင်များနှင့်အတူ ခေတ္တ ပါမောက္ခချုပ်က ယင်းဘွဲ့အသီးသီးတို့ကို ပေးအပ်နှင်းခဲ့သည်။

ဤအခမ်းအနားသို့ တိုင်းရင်းဆေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များ၊ တိုင်းရင်းဆေးတက္ကသိုလ်၏ စီမံခန့်ခွဲရေးအဖွဲ့ဝင်များနှင့် ပညာရေးအဖွဲ့ဝင်များ၊ တိုင်းရင်းဆေးတက္ကသိုလ်မှ အငြိမ်းစား ပါမောက္ခချုပ်များ၊ ဆေးဘက်နှီးနွယ် တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် မော်ကွန်းထိန်းများ၊ Professor Emeritus များ၊ ဘွဲ့ရမောင်မယ်များနှင့် ၎င်းတို့၏ မိဘဆွေမျိုးများ၊ အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ဆက်လက်ပြီး မွန်းလွဲ (၁)နာရီတွင် တိုင်းရင်းဆေးကောင်စီ ဥက္ကဋ္ဌ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးဆွေနှင့် တိုင်းရင်းဆေးကောင်စီဝင်များက မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ (ပုံမှန်သင်တန်း) (BMTM) ရရှိသူ (၅၀)ဦးအား တိုင်းရင်းဆေးဆရာ မှတ်ပုံတင်လက်မှတ် (တဆ)များအား ပေးအပ် ချီးမြှင့်ခဲ့ကြသည်။

ဤအခမ်းအနားသို့ တိုင်းရင်းဆေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များ၊ တိုင်းရင်းဆေးတက္ကသိုလ်၏ စီမံခန့်ခွဲရေးအဖွဲ့ဝင်များနှင့် ပညာရေးအဖွဲ့ဝင်များ၊ ပုံမှန်သင်တန်း ဘွဲ့ရမောင်မယ်များနှင့် ၎င်းတို့၏ မိဘဆွေမျိုးများ၊ အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)မှ (၁၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ကာလအထိ မြန်မာ့တိုင်းရင်းဆေးပညာ မဟာဘွဲ့ ရရှိသူ (၇၇)ဦး၊ မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ ရရှိသူ (၁၆၄၈)ဦးတို့ကို မွေးထုတ် ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

  1. တိုင်းရင်းဆေး​တက္ကသိုလ် ၏ (၁၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခန်းအနား အစမ်းလေ့ကျင့်ခြင်း
  2. ဌာနမှူး/ဌာနတာဝန်ခံ အစည်းအဝေး နှင့် (၁၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကျင်းပရေး အစည်းအဝေး
  3. (၁၄)ကြိမ်မြောက်၊ ဘွဲ့နှင်းသဘင် ကျင်းပရေး အစည်းအဝေး
  4. တိုင်းရင်းဆေးတက္ကသိုလ်တွင် တိုင်းရင်းဆေးမိသားစု၏ ထမနဲထိုးပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနား ကျင်းပ
  5. မောင်မယ်သစ်လွင် ကြိုဆိုပွဲ နှင့် ကျောင်းသားပွဲတော်(၂၀၂၀)
  6. ဌာနမှူး ဌာနတာဝန်ခံများ အစည်းအဝေး
  7. Prof. Wang-Keun Too and party from Korea visited UTM
  8. Exam Board for Supple Exam(2020)
  9. မဟာ ပထမနှစ် နှင့် ပေါင်းကူး ပထမနှစ် ကျောင်းသား/သူများအား ကြိုဆိုနှုတ်ဆက်ပွဲ
  10. တက္ကသိုလ် ၁၈နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပွဲ
  11. Strategic planning (2020) for UTM
  12. Closing ceremony of Outcome-Based Curriculum Development Workshop
  13. Outcome-based Curriculum Development Workshop Day III Evening Session
  14. Day III of Outcome-based Curriculum development workshop
  15. Outcome-based Curriculum Development Workshop Day II Works Time
  16. Outcome-based Curriculum Development Workshop Day II Programs
  17. Outcome-based Curriculum Development Workshop Group Tasks Day-1
  18. တိုင်းရင်းဆေးတက္ကသိုလ် တွင် Outcome-based Curriculum Development Workshop ကျင်းပ
  19. Myanmar-China TM exchange program အရ YUCM မှ Prof. Zhou Qing နှင့်အဖွဲ့ လာရောက်
  20. တရုတ် တိုင်းရင်းဆေးပညာနှင့် အပ်စိုက်ကုပညာ ဆရာဖြစ် မွမ်းမံသင်တန်း အမှတ်စဉ်(၃) ဖွင့်လှစ်

 

Visitors

Today 25

Yesterday 71

Week 323

Month 1139

All 61657

Currently are 3 guests and no members online

2025 © University of Traditional Medicine Mandalay, Myanmar. All Rights Reserved. | Themes by Agethemes | CM by K Network Web Services.